Saturday, November 24, 2012

တီထွင်ရင်းအသက်ပေးရသူများ ၃

24/12/2012

တီထွင်ရင်းအသက်ပေးရသူများ-၃
*********************
တတိယမြောက်အဖြစ်ဖေါ်ပြပေးမယ့်သူကတော့ Horace Lawson Hunley ပဲဖြစ်ပါတယ်။
သူဟာရှေ့နေတစ်ယောက်ဖြစ်ပြီး၊   အမေရိကန်နိုင်ငံ  လူစီယားနားပြည်နယ်ရဲ့ ဥပဒေပြု
လွှတ်တော် အမတ်တစ်ယောက်လည်းဖြစ်ပါတယ်။

အဲဒီအချိန်က အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အချိန်ဖြစ်ပြီး ဟန်လေ
ဟာခွဲထွက်ရေးသမားများဘက်ပါသွားခဲ့ပါတယ်။ ဟန်လေဟာ အဲဒီအချိန်ကာလတွေမတိုင်ခင်
ထဲက ရေငုပ်သင်္ဘောများ တည်ဆောက်ဖို့စိတ်ဝင်စားခဲ့ပါတယ်။

ပြည်တွင်းစစ်တွေဖြစ်နေတဲ့ကာလများမှာတော့ ဟန်လေ ဟာ ခွဲထွက်ရေးမဟာမိတ်အဖွဲ့တွေ
အတွက် ရေငုပ်သင်္ဘောပုံစံ ၃ မျိုးကိုတည်ဆောက်ပေးခဲ့ပါတယ်။

ဟန်လေရဲ့ ပထမဆုံးရေငုပ်သင်္ဘောကို နယူးအော်လန် မှာတည်ဆောက်ခဲ့ပြီး မပြီးစီးသေးခင်
မှာပဲ ပြည်ထောင်စု အစိုးရတပ်တွေလက်ထဲ ၁၈၆၂ ခုနှစ်မှာ နယူးအော်လန်မြို့ကျသွားတဲ့အခါ နည်းဗျူဟာအရ နှစ်မြှုပ်ပစ်ခဲ့ရတဲ့အတွက် မစမ်းသပ်လိုက်ရပါဘူး။

ဒုတိယမြောက်ရေငုပ်သင်္ဘောကို ဆက်လက်တည်ဆောက်ပြီး အယ်ဘားမားပြည်နယ်မှာရှိတဲ့ ပင်လယ်အော်မှာစမ်းသပ်တဲ့အခါနစ်မြုပ်သွားခဲ့ရပါတယ်။

တတိယမြောက် ရေငုပ်သင်္ဘောကို ဆက်လက်တည်ဆောက်ပြီး အောက်တိုဘာလ ၁၅ ရက်၊
၁၈၆၃ ခုနှစ်မှာ စမ်းသပ်ခဲ့ပါတယ်။ ဒီနောက်ဆုံးစမ်းသပ်ခရီးကို ဟန်လေဟာ    သူကိုယ်တိုင်
လိုက်ပါဖို့ဆုံးဖြတ်ခဲ့ပြီး အဖွဲ့သား ၇ ယောက်နှင့်အတူ စမ်းသပ်မောင်းနှင်ရာမှာ မတော်တဆ
တစ်ခုကြောင့် နစ်မြုပ်ပြီး ဟန်လေ အပါအ၀င် အဖွဲ့သား ၇ ဦးလုံးသေဆုံးခဲ့ကြရပါကြောင်း။

*silver*

တီထွင်ရင်းအသက်ပေးရသူများ ၄ ကိုဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်ပါ
တယ်။

Friday, November 23, 2012

တီထွင်ရင်းအသက်ပေးခဲ့ရသူများ ၂

23/12/2012


တီထွင်မှုအတွက်အသက်ပေးရသူ နောက်တစ်ယောက်ကတော့ ပြင်သစ်နိုင်ငံက Franz Reichelt ပဲဖြစ်ပါ
တယ်။ သူကတော့ လေထီး တီထွင်တာပါ Franz Reichelt ဟာ သြစတီးယန်းမှာမွေးဖွားခဲ့ပြီး ပြင်သစ်နိုင်
ငံမှာ အခြေချနေထိုင်ကာ အပ်ချုပ်သမား အဖြစ်အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။

အပ်ချုပ်တယ်ဆိုပေမယ့် သူ့ဘ၀အချိန်တော်တော်များများကို လေထီးတီထွင်ဖို့ကြိုးစားရင်း ကုန်လွန်စေခဲ့
သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲအချိန်မတိုင်ခင်ကတော့ လေယာဉ်မှူးတွေဟာ လေယာဉ်သာမောင်း
ပေမယ့် လေထီးဆိုတာပါဖို့ဝေးလို့ ဘာမှန်းတောင်မသိကြပါဘူး။

၁၉၀၃ ခုနှစ် မှာတော့ Franz Reichelt ဟာ ပထမဆုံးလေထီးကိုတီထွင်ခဲ့ပြီး    လူရုပ်ပုံတူနဲ့စမ်းသပ်တာ
အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ နောက်ထပ်လေထီးကို ကိုယ်တိုင်စမ်းသပ်ဖို့ ၁၈၇
ပေ အမြင့်ရှိတဲ့ နာမည်ကျော် အီဖယ်မျှော်စင်ရဲ့ အောက်ဆင့်ကနေခုန်ချပြီး စမ်းသပ်ရာမှာတော့ လေထီး
မပွင့်ပဲ အသက်ဆုံးရှုံးခဲ့ရရှာပါတယ်။

သူ့တီထွင်မှုမအောင်မြင်ပေမယ့်လည်း သူ့ရဲ့တီထွင်မှုလမ်းစကို အခြေခံပြီးနောက်ပိုင်းလေထီးတွေကိုအ
ဆင်ပြေအောင်မြင်အောင်လုပ်ပေးခဲ့တယ်လို့ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ်တီထွင်မှုတွေရဲ့   ပေးဆပ်ရမှုကလဲ
မသေးလှပါဘူး။

တီထွင်ရင်းအသက်ပေးခဲ့ရသူများ ၃ ကိုဆက်လက်တင်ပြသွားပါမည်။

Thursday, November 22, 2012

သံပုရာသီးနှင့် လျှပ်စစ်ထုတ်မယ်

22/11/2012


သံပုရာသီးကနေ လျှပ်စစ်မီး ထုတ်ကြည့်ကြရအောင်

သံပုရာသီးကို မတူညီတဲ့ သတ္တု နှစ်မျိုးနဲ့ DC (Direct Current)

လျှပ်စစ်ထုတ်လို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီသတ္တုနှစ်မျိုးကတော့ သွပ် နဲ့ ကြေးနီတို့ဘဲဖြစ်ပါတယ်။ သံပုရာသီးကို အနည်းငယ်
အပေါက်ဖောက်ပြီး တဖက်ကနေ သွပ်ရည်စိမ်ထားတဲ့ သံမဏိ သွတ်ချောင်းနဲ့ တဖက်ကတော့ ကြေးနီပဲနိ ပြား ကို ပုံမှာပါတဲ့အတိုင်း ထည့်ရမှာဖြစ်ပြီး အဲ့ဒီသွပ် ချောင်းနဲ့ ပဲနိပြားဟာ လုံးဝ
ထိနေလို့မရပါဘူး။

သွပ် ချောင်းကို ဘက်ထရီရဲ့ အမ (-) မှာထားပြီး ပဲနိ ကြေးပြားကိုတော့ အဖို (+) မှာထားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုထားပြီး မီတာနဲ့ တိုင်းတာကြည့်တဲ့အခါ သံပုရာသီးတစ်လုံးမှာ မီတာမှာ ဝ.၉၀၆ ဗို့ အားပြနေတာတွေ့ရပါလိမ့်မယ်။ အရည်ရွှမ်းတဲ့ သံပုရာသီးဆိုပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗို့အားလောက်နဲ့တော့ မီလုံးတစ်လုံးလင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။


သံပုရာသီးနှစ်လုံးကို ပုံမှာပြထားတဲ့အတိုင်း တန်းဆက် ဆက်လိုက်ရင်တော့ ၁.၇၈၈ ဗို့အားရရှိလာမည်ဖြစ်ပါတယ်။

(ဓါတ်ခဲတစ်လုံးဗို့အား ၁.၅ ဗို့ဖြစ်ပါတယ်)ဒီလို
အားနဲ့လည်းမီးလုံး တစ်လုံး လင်းလာဖို့အတွက်တော့ မလုံလောက်သေးပါဘူး။

လေးလုံးဆက်လိုက်ရင်တော့ ၃.၅ ဗို့ရလာမယ်။ အဲ့ဒါဆိုရင်တော့ အလုပ်ဖြစ်လာပြီး (နှစ်တောင့်ထိုးဓါတ်မီး အားလောက်တော့ လင်းမှာပေါ့) ကဲ့ဒါဆိုရင် LED မီးလုံးနဲ့ ထွန်းမယ်ဆိုရင်တော့ ဗိုလ်အားကို လျှော့ချဖို့ ဆာ့ကစ် တစ်ခုပြုလုပ်ရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်တော့ ၂ ဗို့ ထက်ကျော်သွားရင် LED မီးလုံး ကျွမ်းသွားနိုင်လို့ ဖြစ်ပါတယ်။

ဒီ သီအိုရီကို အခြေခံပြီး ကိုယ်ဥာဏ်ရှိသလို မီးအားကို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။

ထူးထူးဆန်းဆန်း
facebook စာမျက်နှာမှပြန်လည်ဖေါ်ပြလိုက်ရပါသည်။

ကျိန်စာမိနေသော ပန်းချီကား

22/11/2012


ငိုနေသော ကလေး ( Crying baby ) အမည်ရ ပန်းချီကားဟာ ကျိန်စာ မိနေတဲ့ ပန်းချီကားလို့ ယနေ့တိုင် ရေပန်းစားလျက် ရှိပါတယ်။ အကြောင်း အရင်းကတော့ ယင်းပန်းချီကားကို အိမ်မှာဆောင်ထားသူတို့ အိမ်မီးလောင်တဲ့ ဖြစ်ရပ်နဲ့ ကြုံရလို့ ဖြစ်ပါတယ်။

ပန်းချီကား ဖန်တီးသူ သမိုင်း


စပိန်ပန်းချီဆရာ Bruno Amadio ဟာ ၁၉၁၁ ခုနှစ်ဖွားပြီး ၁၉၈၁ ခုနှစ်မှာ သေဆုံးပါတယ်။ သူဆွဲတဲ့ Crying Boy ပန်းချီကား စတင် လက်စွမ်းပြတာကတော့ သူသေပြီး လေးနှစ်အကြာမှာ ဖြစ်ပါတယ်။ Bragolin လို့ပဲ သူ့ကို လူသိများပါတယ်။

ပန်းချီကား ၂၇ ခု ရေးဆွဲပြီး ၁၉၆၀ နဲ့ ၁၉၇၀ ကြားမှာ ကမ္ဘာ အနှံ့ ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ ယင်း ရောင်းချရမှုထဲမှာ ငိုနေသော ကလေးငယ် ခေါင်းစဉ်နဲ့ ပန်းချီကား အတော်များများလည်း ပါပါတယ်။ တစ်ပုံနဲ့ တစ်ပုံ မတူပါဘူး။ အချို့ ပုံက မျက်ရည်ပါပေမယ့် အချို့ ပုံက ဝမ်းနည်းပူဆွေးနေတဲ့ ကလေးငယ်ပုံ ဖြစ်ပါတယ်။ မြင်တာနဲ့ မျက်ရည်ကျ မယ့် ကလေးငယ်လို့ သိရလောက်အောင် လက်စွမ်း အတော် ထက်တဲ့ ပန်းချီကား ဖြစ်ပါတယ်။

ပန်းချီကား ကျိန်စာ

ဒါကြောင့်လည်း ဈေးကြီးပေး ဝယ်ကြပြီး ဗြိတိန်မှာဆိုရင် ကော်ပီ ပေါင်း ၅သောင်းကျော် မက ရောင်းချ နိုင်ခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။

ပန်းချီမူရင်းပိုင်သူများရော၊ Print ထုတ်ထားတဲ့ ပန်းချီများရော ပိုင်ဆိုင်တဲ့ သူ တော်တော်များများရဲ့  အိမ်များ ဆက်တိုက် မီးလောင်ပါတော့တယ်။ အင်္ဂလန်မှာ အင်မတန် နာမည်ကြီးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိန် အတွင်းရှိ မြို့  တစ်ခုပြီးတစ်ခု ပန်းချီကား ပိုင်ဆိုင်သူ အိမ်များ မီးလောင် ပါ တော့တယ်။ ပိုပြီးတော့ ထူးဆန်းတာ တစ်ခုက အိမ်က မီးလောင်သွားပေ မယ့် ပန်းချီကားတွေကျတော့ မလောင်ပဲ ဒီတိုင်း ကျန်ရှိခဲ့ပါတယ်။ မီးတောက်မီးလျှံတွေထဲမှာ ငိုနေတဲ့ ကလေးငယ် ရုပ်ပုံ ဒီတိုင်း ကျန်ရှိနေခြင်းက ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အချို့ ဆို ဒီလိုထူးဆန်းတာကို သဘောကျလို့ မီးမစားပဲ ကျန်ခဲ့တဲ့ ပန်းချီကား ကို ဈေးကြီးပေးပြီးတောင် ဝယ်ပါသေးတယ်။ ယင်း တစ်ဆင့် ဝယ်သူရဲ့  အိမ်လည်း မီးလောင်ရပါတယ်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း အမေရိကန် Yorkshire မှာ ပန်းချီကား ချိတ်ဆွဲတဲ့ အိမ်တစ်လုံး မီးလောင်ရပြန်ပါတယ်။ အတော်ကြာပြီ ဖြစ်တဲ့ သဘာဝလွန် အရာဖြစ်တယ်လို့ ယုံကြည်လို့ ချိတ်ဆွဲပြီး ယခုလို ဖြစ်ရပ်နဲ့ ထပ်ကြုံရတာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ကတော့ ၁၉၈၅ ခုနှစ် လောက်ကတည်းက ရှိသမျှ ပန်းချီကားအားလုံးက သက်ဆိုင်ရာက မီးရှို့ ပေးခဲ့ပါတယ်။ သေချာ ထားပြီး ရှို့ ရင်တော့ လောင်ပါတယ်။ သို့ပေမယ့် ပန်းချီကားရှေ့ မှာ မီးမွေးပြီး ကပ်လျက် ထောင်ထားတော့ မီးမလောင်ဘူးဆိုတာကိုလည်း သက်သေ ပြထားပါတယ်။ လောင်ပေမယ့် ဘေးက အနားလောက်သာ လောင်ပြီး ငိုနေတဲ့ ကလေးကတော့ ဒီတိုင်းကျန်ပါတယ်။

ငိုနေသော ကလေးငယ် သမိုင်း

ယင်းပုံကို Bragolin က မီးဘေးဒုက္ခသည် ကလေးငယ်တစ်ဦးကို ကြည့်ပြီး ဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစု တစ်ခုလုံး အိမ်မီးလောင်တဲ့ အထဲ ပါသွားပြီး မိဘမဲ့ ကလေးငယ်အဖြစ် တစ်ဦးတည်းသာ ကျန်ရှိပါတယ်။ ယင်း ကျန်ရှိတဲ့ ကလေးငယ်ကို ပန်းချီဆရာ Bragolin ခေါ်ယူမွေးစားပြီး ယခုလို ပန်းချီရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းကတောင် ယင်း ကလေးဟာ အရာဝတ္ထုကို မတိုမထိပဲ မီးလောင်နိုင်စေတယ်လို့ ပတ်ဝန်းကျင်က ယုံတမ်းစကားပြော တားမြစ်ခဲ့ပါသေးတယ်။ ယင်း စကားကို မမူပဲ ခေါ်မွေးစားပါတယ်။ ပန်းချီ စတူဒီယို မီးလောင်တော့ ယင်းကလေးငယ်ဟာ ထွက်ပြေးပြီး ပျောက်ကွယ်သွားပါတယ်။ နောက် ၁၀ နှစ်ကြာတော့ ကား အက်ဆီးဒန့် တစ်ခုနဲ့ သေဆုံးနေတဲ့ ဒရိုင်ဘာ တစ်ဦးဟာ ထွက်ပြေးသွားတဲ့ မိဘမဲ့ ကလေးဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။

ဒီတော့ ပန်းချီကားနဲ့ သူ့ရဲ့  ဆက်စပ်မှုက ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ကားတိုက်မှုနဲ့ သေသွားတဲ့ ကလေးငယ်ရဲ့  အသက် ဝိဥာဏ် သို့မဟုတ် မီးလောင်မှုမှာ သေဆုံးသွားတဲ့ သူ့မိသားစုရဲ့  အသက်ဝိဥာဏ် ကျန်ရှိနေတယ်လို့ အစွဲနဲ့ ယုံကြည်ကြပြီး အားလုံး ကြောက်ရွံ့  ကြပါတယ်။

Supernatural ဆိုတာကို ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်း ရှိပါတယ်။ သို့ပေမယ့် ယင်းပန်းချီကား ကတော့ ယနေ့တိုင် Curse of the Crying Boy လို့ အမည်တွင်ခဲ့ပါတယ်။
--
Ref: The Sun
 
Mails From Freinds       မှပြန်လည်ဖော်ပြပါသည်။

 

တီထွင်ရင်း အသက်ပေးခဲ့ရသူများ

22/11/2012

အခုဖော်ပြပေးသွားမှာကတော့ စွန့်ဦးတီထွင်မှုတွေ
လုပ်ရင်း သူတို့ရဲ့တီထွင်မှအတွက်ပဲ အသက်ပေးခဲ့
ရတဲ့ ပုဂ္ဂိုလ်တွေအကြောင်းပဲဖြစ်ပါတယ်။
တစ်ခါထဲအပြီးမဖော်ပြပဲ အပိုင်းငယ်လေးများအနေ
ဖြင့်ခွဲပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုလိုလုပ်
ရတာအတွက်လည်း တောင်းပန်ပါကြောင်းပြောပါ
ရစေခင်ဗျား။


အခုကစလို့ တီထွင်ရင်းအသက်ပေးခဲ့ရသူများ အပိုင်း ၁ လို့စလိုက်ကြပါစို့။

တီထွင်ရင်း အသက်ပေးခဲ့ရသူများ (၁)

တီထွင်မှုတစ်ခုဆိုတာ လွယ်ကူလှတာတော့မဟုတ်ပါဘူး။ အခန့်မသင့်တဲ့အခါ တီထွင်သူတွေရဲ့ကိုယ်ပိုင်
အသက်တွေကိုတောင် ခြွေယူသွားတတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်မအောင်မြင်သည်ဖြစ်စေအောင်မြင်သည်ဖြစ်
စေသူတို့ရဲ့စွန့်ဦးတီထွင်မှုတွေကြောင့်ပဲ တိုးတက်လာကြရတာမဟုတ်ပါလား။

ပထမဦးဆုံး နံပါတ် (၁) ကတော့ ဟင်နရီစမိုလင်စကီး ပဲဖြစ်ပါတယ်၊ သူဟာ နော့သရော့ ကုမ္ပဏီကအင်
ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ အဲဒီအချိန်က နော့သရော့ ကုမ္ပဏီဟာ နှစ်မျိုးစပ်ယာဉ်   အထူးသဖြင့်
ကားပျံတွေကို ထုတ်လုပ်ရောင်းချဖို့အားသန်နေခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါနှင့်ပဲ ဟင်နရီစမိုလင်စကီး
ဟာ အဲဒီကားပျံတီထွင်မှုအတွက်ဦးဆောင်အင်ဂျင်နီယာတာဝန်ယူခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာတော့ နော့သရော့ ကုမ္ပဏီဟာ ပထမဆုံးကားပျံ ကိုတည်ဆောက်နိုင်ခဲ့ပါတယ်။   အဲဒါက
တော့ ဖို့ဒ် ကထုတ်တဲ့ Pinto မော်ဒယ်ကား နောက်ပိုင်းမှာ Cessna Skymaster လေယာဉ်နှင့်တွဲဖက်
ပေါင်းစပ်ပေးလိုက်တာပါပဲ။ Cessna Skymaster လေယာဉ်ရဲ့တောင်ပံအပါအ၀င်အစိတ်အပိုင်းတွေကို
ကားရဲ့နောက်မြီးမှာ ဖြုတ်နိုင်တပ်နိုင်အောင် လုပ်ထားတာပါ။

စမိုလင်စကီး ကတော့ယခုအစီအစဉ်အောင်မြင်သွားရင် နောက်နှစ်တွေမှာ ထုတ်လုပ်ရောင်းချသွားဖို့ကို
အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ၁၁ ရက်၊ ၁၉၇၃  ခုနှစ် မှာပထမဆုံး ကားပျံရဲ့ စမ်းသပ်
ပျံသန်းမှုကို စတင်ချိန်မှာ တော့ကားနောက်ပိုင်းမှာ တွဲထားတဲ့လေယာဉ်ဟာ ကျွတ်ထွက်သွားပြီး ကားပျံ
ကိုစတင်တီထွင်ခဲ့သူ ဟင်နရီစမိုလင်စကီး နှင့် လေယာဉ်မောင်းသူ ဟာရိုးဘလိတ် တို့ဟာ  ပျက်ကျပြီး
ကွယ်လွန်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့  အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုနှင့်အန္တရာယ်ကင်းရှင်းရေးဘုတ်   အဖွဲ့က Pinto ကားရဲ့ကိုယ်ထည်ပိုင်းဂဟေတွဲစပ်မှု ညံ့ဖျင်းလို့ဖြစ်ရတယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါကြောင်းတင်ပြ
လိုက်ရပါတယ်ခင်ဗျား။

နောက်ထပ်တီထွင်ရင်းအသက်စွန့်သွားရသူများကိုဆက်လက်တင်ပြပေးသွားဦးမှာဖြစ်ပါတယ်ခင်ဗျား။

 

Tuesday, November 20, 2012

မြွေလော နဂါးလော

19/11/2012


တရုပ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Dean Qiongxiu ဟာ ရှားရှားပါးပါးမြွေတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။
စတွေ့ပုံကတော့ အဲဒီအကောင်ဟာ သူမရဲ့အိမ်ကြမ်းပြင်ပေါ်မှာ တွားသွားနေတုန်းပေါ့တွေ့တွေ့ချင်း
Dean Qiongxiu လည်း တော်တော်အံ့သြသွားပြီး ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ကို မှင်တက်သွား
ခဲ့ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း အဲသတ္တ၀ါဟာ မြွေလို့ပြောရအောင်လည်း သူ့မှာခြေထောက်လိုလို
လက်သည်းလိုလိုတွေပါနေလို့ပါပဲ။
အဲဒါနဲ့အမျိုးသမီးလည်း ကြောက်ကြောက်နဲ့ပဲရိုက်သတ်လိုက်ပါတယ်တဲ့။ ပြီးတော့အဲဒီ   သတ္တ၀ါအ
သေကောင်ကို ပုလင်းထဲထည့် အရက်နဲ့စိမ်ထားလိုက်ပါတယ်။ နောက်တော့သူမဟာ     နန်ကင်းအ
နောက်ပိုင်းမှာတည်ရှိတဲ့ Life Sciences Department at China ဌာန (သက်ရှိဇီဝသိပ္ပံ) ကို  သုတေ
သနလုပ်ဖို့ပို့ဆောင်လိုက်ပါတယ်လို့ကြားသိရပါကြောင်း။
 

Ref: Most amazing things in the world

Saturday, November 17, 2012

မုန်တိုင်းသတင်း

17/11/2012




၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာတော့မည့် 98B

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 98B သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် HIGH သို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRL data များအရ မုန်တိုင်း
ဖြစ်လာတော့မည့် 98B သည် လပွတ္တာမြို့ အနောက်ဘက် ၃၉ဝ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၃၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်၊ Kolkata မြို့တောင်ဘက် မိုင် ၄၄ဝ ခန့်နှင့် သြရိသပြည်နယ်(Odisha) Bhubaneswar မြို့ အရှေ့တောင်ဘက် ၃၄၅ မိုင်ခန့်တွင် တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်မည်ဟု ခန့်မှန်းထားပါသည်။ 98B ၏ ဗဟိုတွင် လေတိုက်နှုန်း ၃ဝ နော်တီကယ်မိုင် (တစ်နာရီ ၃၄.၅၂ မိုင်) နှုန်းရှိနိုင်ပြီး၊ ဖိအား 1000 hPa သို့ ကျဆင်းလျှက်ရှိကြောင်း တွေ့ရှိရပြီ လွန်ခဲ့သည် ၆ နာရီအတွင်း အနောက်မြေက်ဘက်သို့ တစ်နာရီ ၆ မိုင်ခွဲနှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။

98B 17 Nov 2012 1200Z
Location: 16.2 88.9
Winds: 30 knots
Central Pressure: 1000 hPa
 
News of Myanmar စာမျက်နှာမှတဆင့်တင်ပြလိုက်ရပါသည်။

အင်တာနက်ကွန်ယက်ထဲကို ရိုးရိုးမီးသီးတစ်လုံးပါချိတ်ဆက်နိုင်ပြီ

17/11/2012
တီထွင်သူ Zach Supalla နှင့် Spark socket ကိုတွေ့ရစဉ်
          ယနေ့သုံးစွဲနေကြသော အင်တာနက်ကွန်ယက်ထဲကို မီးထွန်းရုံသက်သက်ပဲအလုပ်လုပ်တဲ့လျှပ်စစ်
မီးသီးတစ်လုံးကိုပါ ထည့်သွင်းအသုံးပြုနိုင်ပြီဆို စာဖတ်သူမျက်လုံးပြူးသွားမယ်ထင်ပါတယ်။  ဟုတ်ပါတယ်
တစ်ကယ်ကိုထည့်သွင်းချိတ်ဆက်နိုင်ပါပြီ ဒါတင်မကသေးပါဘူး သင့်ရဲ့ smart phone, tablet ဒါမှမဟုတ်
ပန်းသီးကထုတ်တဲ့ Ipad စတာတွေနဲ့လည်း Control လုပ်နိုင်ပါသေးတယ်။ အသုံးပြုနိုင်တဲ့ Platform  က
လည်းစုံလင်ပါတယ်။ i OS, Android အပြင် window system တွေနဲ့ပါအလုပ်လုပ်ပါသေးတယ်။  အဓိက
တော့ Internet connection တစ်ခုခုသင့်မှာရှိနေဖို့ပါပဲ။
         ဒီပစ္စည်းကတော့ Spark ကုမ္ပဏီကထုတ်လုပ်တဲ့ Spark socket ဆိုတဲ့ မီးသီးခေါင်း   တစ်မျိုးဖြစ်ပါ
တယ်။ Spark Devices ကုမ္ပဏီထူထောင်သူ Zach Supalla က    "  ဒီပစ္စည်းလေး      တီထွင်ဖြစ်တာက
ကျွန်တော့အဖေကြောင့်ပဲဗျ၊ အဖေကနားလေးတော့ ဖုန်းကိုသူက မက်ဆေ့ခ်ျ ပို့တာနဲ့ပဲအဓိကသုံးရသလို
ဖြစ်နေတာကိုး၊ ပြဿနာက မက်ဆေ့ခ်ျပြန်ဝင်လာရင် ဖုန်းကမြည်တဲ့ အသံကိုသူကမကြားရတော့  အဆင်
မပြေဘူးပေါ့၊ အဲဒါနဲ့ဒီ Spark socket ကိုစတင်လုပ်ဖြစ်တာ " လို့ဆိုပါတယ်။
         အခုတော့ Zach Supalla ရဲ့အဖေတစ်ယောက်အဆင်ပြေသွားပါပြီ Spark socket နဲ့တပ်ဆင်ထား
တဲ့ အက်ဒီဆင်အစပျိုးတီထွင်ခဲ့တဲ့ ရိုးရိုးမီးသီးတစ်လုံးက မက်ဆေ့ခ်ျ ၀င်လာတိုင်း    အချက်ပေးနေပြီလေ။
ဒီတစ်ခုထဲတောင်မဟုတ်ပါဘူး မီးတွေကိုအဲဒီ Spark socket နဲ့တပ်ဆင်ထားမယ်ဆိုရင်   အိမ်မှာလူမရှိပေ
မယ့်လည်း အဝေးကနေ Internet နဲ့အပိတ်အဖွင့်လုပ်နိုင်ပါသေးတယ်။ နောက်ထပ်ကတော့ မီးအားအတိုး
အလျှော့ အလင်းအမှိန် ထိန်းတာတွေ ဘယ်အချိန်ဖွင့်လို့ ဘယ်အချိန်ပိတ်မယ်ဆိုတာတွေကိုလည်း   သင့်
လက်ကိုင်ဖုန်းပေါ်ကနေ ထိုင်ရာမထထိန်ကျောင်းနိုင်ပါသေးသတဲ့။
         လောလောဆယ်တော့ Spark socket တစ်လုံးရဲ့ရောင်းဈေးကတော့ ဒေါ်လာ ၆၀ ဖြစ်ပြီး၊ Kicksta-
rter တစ်စုံဆိုရင်တော့ ၂၅၀ ဒေါ်လာကျသင့်မယ်လို့ဆိုပါတယ်။ နောက်ပိုင်းထုတ်လုပ်မှု   နည်းပညာတွေ
ထပ်မံကောင်းမွန်လာတာနဲ့အမျှ ဒိထက်ပိုပြီးဈေးသက်သာလာမယ်လို့သိရပါတယ်ခင်ဗျား။

ref:  http://www.wired.com


မြန်မာ့ရေပြင်သို့ရောက်ရှိနေသော အမေရိကန်စစ်သင်္ဘောတစ်စီး

17/11/2011

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် (သို့မဟုတ်) တရားမဝင် ရောက်ရှိနေခြင်း
Saturday, November 17, 2012

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ ယင်းနှင့်အပြိုင်
အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို မြန်မာ့ရေပြင်ပိုင်နက်တွင် တွေ့မြင်ရသည့် သတင်းတစ်ရပ်လည်း ငါးဖမ်းစက်လှေများ သတင်းရပ်ကွက်တွင် ထွက်ပေါ်လာခဲ့ပါသည်။သတင်း၏ အဆိုအရ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီခန့်တွင် အမေရိကန်အလံလွင့်ထူထားပြီး ရေယာဉ်ကိုယ်ထည်တွင် အင်္ဂလိပ်ဂဏန်း 6 ဟုရေးသားထားသည့် ရဟတ်ယာဉ်များ တင်ဆောင်ထားသော စစ်ရေယာဉ်တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက်မိုင်ရေမိုင် ၈၀ ခန့်နေရာ၌ တွေ့ရှိရသည်ဟု ဆိုပါသည်။အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်လုံခြုံရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသော်လည်း တရားဝင်အကြောင်းကြား ညှိနိုင်းဝင်လာခြင်းလား သို့မဟုတ် Base Line ပြဿနာ အခြေခံရှိ၍ ပိုင်စိုးပိုင်နက်ဝင်လာခြင်းလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို အနီးတစ်ဝိုက်တွင် တွေ့ရှိရ၍ တရားဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထားသည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ အနာဂါတ်ခရီးအတွက် ကောင်းသောလာခြင်း ဖြစ်ပါစေဟု ဆန္ဒပြု ဖော်ပြအပ်ပါသည်။
 
မောင်ဝါဆို
Myanmar Navy စာမျက်နှာမှမူရင်းအတိုင်းကူးယူတင်ပြထားခြင်သာဖြစ်ပါသည်။

မှတ်ချက်-----အထက်ပါ Myanmar Navy စာမျက်နှာသည် တပ်မတော်ရေ၏
တရားဝင်စာမျက်နှာမဟုတ်ကြောင်းလည်းသိရပါသည်။

"ဗုဒ္ဓဘာသာဝင်များ သိထားသင့်တဲ့ ဗုဒ္ဓ၀င်များ"

17/11/2012



ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ
၁) တဏှင်္ကရာ ဘုရားရှင်
၂) မေဓင်္ဂရာ ဘုရားရှင်
...
၃) သရဏှင်္ဂရာ ဘုရားရှင်
၎) ဒီပင်္ကရာ ဘုရားရှင်
၅) ကောဏ္ဍည ဘုရားရှင်
၆) မင်္ဂလ ဘုရားရှင်
၇) သုမန ဘုရားရှင်

၈) ရေ၀တ ဘုရားရှင်
၉) သောဘိတ ဘုရားရှင်
၁၀) အနောမဒဿီ ဘုရားရှင်
၁၁) ပဒုမ ဘုရားရှင်
၁၂) နာရဒ ဘုရားရှင်
၁၃) ပဒုမုတ္တရ ဘုရားရှင်
၁၄) သုမေဓာ ဘုရားရှင်
၁၅) သုဇာတာ ဘုရားရှင်
၁၆) ပိယဒဿီ ဘုရားရှင်
၁၇) အတ္ထဒဿီ ဘုရားရှင်
၁၈) ဓမ္မဒဿီဘုရားရှင်
၁၉) သိဒ္ဓတ္ထ ဘုရားရှင်
၂၀) တိဿ ဘုရားရှင်
၂၁) ဖုဿ ဘုရားရှင်
၂၂) ၀ိပဿီ ဘုရားရှင်
၂၃) သိခီ ဘုရားရှင်
၂၄) ဝေဿဘူ ဘုရားရှင်
၂၅) ကကုသန် ဘုရားရှင်
၂၆) ကောဏဂုံ ဘုရားရှင်
၂၇) ကဿပ ဘုရားရှင်
၂၈) ဂေါတမ ဘုရားရှင်

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
•••••••••••••••••••••••••••••••••••••
 ဆက်ဖတ်ရန် အောက်ကလင့်ကိုနှိပ်ပါ
ဓမ္မ အလင်းတန်း: "ဗုဒ္ဓဘာသာဝင်များ သိထားသင့်တဲ့ ဗုဒ္ဓ၀င်များ"

အိုဘားမားခရီးစဉ် လုံခြုံရေး အတွက် လုံခြုံရေး အင်အား တစ်သောင်း အသုံးပြု

17/12/2012

လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေထဲမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအပြင်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြီးတန်းရဲအရာရှိတစ်ဦး ဖြစ်တဲ့  ရဲမှုးကြီးဝင်းနိုင်ထွန်းက RFA ကိုအခုလို အတည်ပြုပြောကြားပါတယ်။
လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန် သမ္မတ မစ္စတာ အိုဘားမားခရီးစဉ် အဆင်ပြေချောမွေ့စေရေး အတွက် အမျိုးသားလုံခြုံရေး မှုဝါဒကို ကိုင်တွယ်ထားတဲ့  သမ္မတရုံး ဝန်ကြီး တစ်ချို့လည်း ရန်ကုန်မြို့မှာ အခြေစိုက်ပြီး ကွပ်ကဲဖို့ရှိတယ်လို့ သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ဒီကနေ့ ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဖို့ ရှိတဲ့ အပြင်၊ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ဆက်လက်ပြီး သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် ခန်းမဆောင်မှာ အသင်းအဖွဲ့အသီးသီးက လူ တစ်ထောင်ကျော်ကို မိန့်ခွန်းပြောဖို့ ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း အမေရိကန် သမ္မတအိုဘားမားနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို သတင်းယူနိုင်ဖို့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ပြည်တွင်းသတင်းဂျာနယ်နဲ့နိုင်ငံခြား သတင်းအေဂျင်စီ (၃၃)ခုရဲ့ သတင်းစာရင်းပေးထားတယ်လို့ သိရပါတယ်။
RFA & Richard Aung

အဆိုတော် ဂျေဆင်မာရက်ဇ် မြန်မာပြည်မှာ လာဆိုဦးမယ်

17/11/2012

Jason Mraz Myanmar

          နာမည်ကြီး အဆိုတော် Jason Mraz တစ်ယောက် ရှေ့လာမည့် ဒီဇင်ဘာလမှာမြန်မာပြည်ကိုလာ
ဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ ဒါဟာ Jason Mraz လို ဂရမ်မီဆုရ အဆိုတော်လည်းဖြစ် သီချင်းရေး
သူလည်းဖြစ်တဲ့ နိုင်ငံတစ်ကာအဆိုတော် တစ်ဦးအနေနှင့်တော့ မြန်မာပြည်လာပြီးဖျော်ဖြေရေး  လုပ်တယ်
ဆိုတာ ပထမဆုံးဖြစ်လာပါလိမ့်မယ်။
          ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူ့ရင်ပြင် မှာ free show လုပ်သွား  မယ်လို့
သိရပါတယ်။ အဲဒီဖျော်ဖြေပွဲကြီးမှာ မြန်မာနိုင်ငံကအဆိုတော်တွေလည်း ပါဝင်အားဖြည့်ပေး   သွားမယ်လို့
သိရှိရပြီး နာမည်ကြီး MTV ရဲ့အစီအစဉ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပညာပေး အတွက်    ခုလိုဖျော်
ဖြေပွဲကျင်းပတာလို့သိရပါတယ်။
          အဲဒီနေ့အစီအစဉ်တွေကို နိုင်ငံပိုင်ရုပ်မြင်သံကြားဌာန MRTV ကနေတိုက်ရိုက်လွှင့်ထုတ်  သွားမှာ
ဖြစ်ပြီး MTV ရဲ့လွှင့်ထုတ်မှုအစီအစဉ်တွေကတော့ ၂၀၁၃ ခုနှစ်မှာမှထုတ်လွှင့်သွားမယ်လို့လဲသိရပါတယ်
"ကျွန်တော်အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေမိပါတယ်၊  မြန်မာနိုင်ငံမှာပြုလုပ်မယ့်ပွဲမှာ မတူခြား    နားတဲ့
ဖျော်ဖြေတင်ဆက်မှုမျိုး ပေးဆပ်နိုင်မယ်လို့လဲယုံကြည်နေပါတယ်"လို့ Jason Mraz ကပြောကြားသွားပါ
ကြောင်း။

ref : http://www.huffingtonpost.com/2012/11/16/jason-mraz-myanmar-singer-appearance-burma_n_2143385.html

Thursday, November 15, 2012

ရှားပါးပုံလေး

15/11/2012

အမေရိကန် ဒုတိယသမ္မတ နစ်(က)ဆင် နှင့် ဇနီး တဲ့..
ကြည့်ကြပါဦး.. မြန်မာဝတ်စုံကို လေးလေးစားစားဝတ်ပြီး သီဟာသနပလ္လင်ရှေ့မှာ သမ္မတဒေါက်တာဘဦး နဲ့ 1953 တုန်းကပေါ့...






This is the rare photo of Second President Nickson and his Mrs.;
The couple wore our Myanmar's customs with our President Dr. Ba Oo in 1953


Patricia Lun Lun  facebook စာမျက်နှာမှ ကူးယူဖေါ်ပြပါတယ်။

နွမ်းပါးဆင်းရဲတဲ့ကလေးတွေဆေးကုဖို့လှူချင်တယ်ဆိုရင်

15/11/2012

နွမ်းပါသောကလေးငယ်မျာ ဆေးကုသခြင်အတွက် ... ဓမ္နမိတ်ဆွေ များ ပါဝင် ကုသိုလ် ယူလိုပါလျှင် ဓမ္မနဒီ ပရဟိတ အကျိုးဆောင်များ အဖွဲ
((Myat Su Khaing... 0211220099068... Kanbawza Bank
ကမာရွတ် ကို ငွေ လွဲ လှူဒန် လို့ ရပါတယ်))
01 - 511022 မ ဟန သို့  ဆက်သွယ်နိုင်ပါတယ် ...

ဆရာမဒေါ်အေးအေးသိန်း
ပုဇွန်တောင် အထက -၂  မဟာဗန္ဒုလ လမ်းနှင့်လမ်း (၅၀)ထောင့် - ကြေးမုံ့သတင်းစာတိုက်အနီး - 
ဖုံး - ၀၁ ၇၀၉၈၂၉  သို့ လညိး  10 am မှ 2 pm အတွင်း ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ရှင့်  ။
နွမ်းပါသောကလေးငယ်မျာ ဆေးကုသခြင်အတွက် ... ဓမ္နမိတ်ဆွေ များ ပါဝင် ကုသိုလ် ယူလိုပါလျှင် ဓမ္မနဒီ ပရဟိတ အကျိုးဆောင်များ အဖွဲ
((Myat Su Khaing... 0211220099068... Kanba
wza Bank
ကမာရွတ် ကို ငွေ လွဲ လှူဒန် လို့ ရပါတယ်))
01 - 511022 မ ဟန သို့  ဆက်သွယ်နိုင်ပါတယ် ...

ဆရာမဒေါ်အေးအေးသိန်း
ပုဇွန်တောင် အထက -၂ မဟာဗန္ဒုလ လမ်းနှင့်လမ်း (၅၀)ထောင့် - ကြေးမုံ့သတင်းစာတိုက်အနီး -
ဖုံး - ၀၁ ၇၀၉၈၂၉ သို့ လညိး 10 am မှ 2 pm အတွင်း ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
 
Sabishii Hana ၏ စာမျက်နှာမှ မူရင်းအတိုင်းဖေါ်ပြလိုက်ရပါသည်။
 

ဖုံးနံပါတ်လှလို့ ၂၅ သိန်းပေးသတဲ့

15/11/2012

WCDMA နံပါတ် 443666666 ကို ၂၅ သိန်းကျပ်ဖြင့် မန္တလေးမြို့၌

အမြင့်ဆုံးလေလံတင်ရောင်းချနိုင် ခဲ့သည်။

အဆိုပါဈေးနှုန်းသည် မြန်မာ့ဆက်သွယ်ရေးသို့ ပုံမှန်ပေးသွင်းငွေ

ပါဝင်သေးခြင်းမရှိကြောင်းသိရသည်

( လေလံပွဲမပြီးဆုံးသေးပါ)

Copy and Credit to- Internet Journal

အဆိုတော်ကိုခင်မောင်တိုး၏ဈာပနဓါတ်ပုံ

15/11/2012

ကိုတိုး နောက်ဆုံးခရီးး ( Photo from-Nang Mon Kham )

ကိုတိုး နောက်ဆုံးခရီးး ( Photo from-Nang Mon Kham )

Credit to News of Myanmar

လေလံပြန်လည်မှတ်ပုံတင်ယာဉ်များအားလုံး နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ အပ်နှံကာ အစားထိုးယာဉ်တင်သွင်းခွင့်ပြု

15/11/2012

လေလံ ပြန်လည်မှတ်ပုံတင်ယာဉ်များအားလုံး မည့်သည့်ယာဉ်အမျိုးအစားမဆို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်အပ်နှံနိုင်ကာ အစားထိုးယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယာဉ်အိုယာဉ်ဟောင်းများအပ်နှံကာ အစားထိုးယာဉ် တင်သွင်းခွင့်ပြုရာ၌ 'ဗ'အက္ခရာတန်းယာဉ်ဟောင်းများအထိ အပ်နှံခွင့်ပြုထားသည်။
ယင်းနောက်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှစကာ လေလံပြန်လည်မှတ်ပုံတင်ထားသောယာဉ်များထဲမှ Mazada အုပ်စုဝင်ကားများအား အမျိုးအစားအလိုက် အပ်နှံခွင့်ပြုခဲ့ရာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် Mazada အမျိုးအစားကားများအားလုံးကို အပ်နှံ ဖျက်သိမ်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ ကျန်ရှိနေသည့် လေလံ ပြန်လည် မှတ်ပုံတင်ယာဉ်အမျိုးအစားများအားလုံးကို အပ်နှံကာ အစားထိုးယာဉ် တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
အပ်နှံရာတွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပ်နှံနိုင်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

Credit to http://news-eleven.com

နှစ်ပေါင်း ၇၀ ကျော်ပန်းဆက်လာသူ

15/11/2012
15/11/2012

နှစ်ပေါင်း ၇၀ ကျော် ပန်း ဆက်သလာသူ

ပုံမှာ မြင်တွေ့နေရတဲ့ (ပန်းစီးကိုင်ထားသော) အသက်ကြီး အမျိုးသား တစ်ဦးဟာ နှစ်ပေါင်း ၇၀ လုံးလုံး ချစ်ဇနီးအတွက် ပန်းစီးကို တနင်္လာနေ့ တိုင်း ဝယယ်ပြန်လာပေးတတ်သူ ဖြစ်ပါတယ်။

အသက် ၈၉ နှစ်ရှိပြီ ဖြစ်ပြီး အိမ်ထောင်ကျပြီး နှစ်ပေါင်း ၇၀ လုံးလုံး သူ့ ဇနီးအတွက် ပန်းစီးဝယ်ပေးပါတယ်။ ဇနီးဖြစ်သူဟာ ကျန်းမာရေးချူချာပြီး ဘယ်မှ မသွားနိုင်ပါဘူး။ မယူခင်က မိဘများ တားမြစ်ပေးမယ့် လက်ထက် ဖြစ်ခဲ့ကြပါတယ်။

လက်ထက်ပြီးလည်း ချစ်သူအပေါ် သစ္စာရှိပြီး ရုံးကပြန်တဲ့ တနင်္လာနေ့တိုင်း ပန်းစီး ဝယ်ပြန်လာပေးတတ်ပါတယ်။ ၁၀ စုနှစ် ၇ ခုကျော်လွန်ပေမယ့် ယခုချိန်ထိ သူ့ရဲ့  တာဝန်ကို မလစ်ဟင်းသေးပါဘူး။ သူ့ရဲ့  ချစ်သူအပေါ် တန်ဖိုးထား၊ မြတ်နိုးတတ်တဲ့ စိတ်ဓာတ်ကြောင့် အင်္ဂလန်နိုင်ငံ၊ Cambridgeshire ပြည်နယ်မှာ လူသိများ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။
--
Ref:masefacts

Mails from Friends မှ ကူးယူဖေါ်ပြပါသည်။
နှစ်ပေါင်း ၇၀ ကျော် ပန်း ဆက်သလာသူ

ပုံမှာ မြင်တွေ့နေရတဲ့ (ပန်းစီးကိုင်ထားသော) အသက်ကြီး အမျိုးသား တစ်ဦးဟာ နှစ်ပေါင်း ၇၀ လုံးလုံး ချစ်ဇနီးအတွက် ပန်းစီးကို တနင်္လာနေ့ တိုင်း ဝယယ်ပြန်လာပေးတတ်သူ ဖြစ်ပါတယ်။


အသက် ၈၉ နှစ်ရှိပြီ ဖြစ်ပြီး အိမ်ထောင်ကျပြီး နှစ်ပေါင်း ၇၀ လုံးလုံး သူ့ ဇနီးအတွက် ပန်းစီးဝယ်ပေးပါတယ်။ ဇနီးဖြစ်သူဟာ ကျန်းမာရေးချူချာပြီး ဘယ်မှ မသွားနိုင်ပါဘူး။ မယူခင်က မိဘများ တားမြစ်ပေးမယ့် လက်ထက် ဖြစ်ခဲ့ကြပါတယ်။

လက်ထက်ပြီးလည်း ချစ်သူအပေါ် သစ္စာရှိပြီး ရုံးကပြန်တဲ့ တနင်္လာနေ့တိုင်း ပန်းစီး ဝယ်ပြန်လာပေးတတ်ပါတယ်။ ၁၀ စုနှစ် ၇ ခုကျော်လွန်ပေမယ့် ယခုချိန်ထိ သူ့ရဲ့  တာဝန်ကို မလစ်ဟင်းသေးပါဘူး။ သူ့ရဲ့  ချစ်သူအပေါ် တန်ဖိုးထား၊ မြတ်နိုးတတ်တဲ့ စိတ်ဓာတ်ကြောင့် အင်္ဂလန်နိုင်ငံ၊ Cambridgeshire ပြည်နယ်မှာ လူသိများ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။

--
Ref:masefacts

Mails from Friends မှ ကူးယူဖေါ်ပြပါသည်။

15/11/2012
လူကြည့်အများဆုံး Top 10 Youtube Video များ
--------------------------------------------------

1. Justin Bieber - Baby ft. Ludacris
Views - 799,363,712
Link - http://www.youtube.com/watch?v=kffacxfA7G4

Justin Bieber ရဲ့ Baby သီချင်းက Justin Bieber လို့ဖြစ်လာဖို့ လမ်းအစဖြူးလိုက်တဲ့ Video လည်းဖြစ်ပါတယ်။
လူကြည့်အများဆုံးဖြစ်သလို...Dislike အများဆုံး Video တစ်ခုလည်းဖြစ်နေပါတယ်။
=====

2. PSY - Gangnam Style
Views - 719,425,096
Link - https://www.youtube.com/watch?v=9bZkp7q19f0

2012 July 15 မှစထွက်ခဲ့သော်လည်း Youtube တွင် ဒုတိယလူကြည့်အများဆုံး Video တစ်ခုလည်းဖြစ်ပါတယ်။
ဒီ Video ကတော့ အခုဆိုရင် Youtube တွင် Like အများဆုံး ဖြင့် Guinness စံချိန်ကို ဆွတ်ခူးထားတာဖြစ်ပါတယ်။
=====

3. Eminem - Love The Way You Lie ft. Rihanna
Views - 620,348,946
Link - https://www.youtube.com/watch?v=uelHwf8o7_U

လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားခဲ့သော Eminem နှင့် Rihanna တို့ရဲ့ ပူးတွဲဖန်တီးမှု Video ဖြစ်ပါတယ်။
=====

4. Jennifer Lopez - On The Floor ft. Pitbull
Views - 513,985,895
Link - https://www.youtube.com/watch?v=t4H_Zoh7G5A

နှစ်တစ်ဝက်တည်းနှင့်တင် 500 Million View ကိုရရှိခဲ့သော Video တစ်ခုဖြစ်ပါတယ်။
=====

5. LMFAO - Party Rock Anthem ft. Lauren Bennett, GoonRock
Views - 499,765,628
Link - https://www.youtube.com/watch?v=KQ6zr6kCPj8

LMFAO လို့လူသိများကျော်ကြားလာတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းကလည်း နားထောင်ရင်းနဲ့ စွဲစေသလို၊ ရိုက်ထားတဲ့ Video ကလည်း အပျော်အပြက်လေးနှင့်မို့ လူကြိုက်များတဲ့ Video ဖြစ်လာပါတယ်။
=====

6. Waka Waka (This Time for Africa)
Views - 499,529,620
Link - https://www.youtube.com/watch?v=pRpeEdMmmQ0

World Cup သမိုင်းတစ်လျှောက်တွင် အရောင်းရဆုံး Theme Song ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသော Shakira ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ယခုအချိန်ထိ ခွေချပ်ပေါင်း 4 Million ရောင်းချပြီးဖြစ်ပါတယ်။
=====

7. Lady Gaga - Bad Romance
Views - 495,436,973
Link - https://www.youtube.com/watch?v=qrO4YZeyl0I

Bad Romance လို့ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ပါပဲ။ Lady Gaga အစွမ်းပြထားတဲ့ Video တစ်ခုဖြစ်ပါတယ်။
=====

8. Charlie bit my finger - again !
Views - 495,115,186
Link - https://www.youtube.com/watch?v=_OBlgSz8sSM

ဒီ Video ကတော့ Top 10 list ထဲတွင် Music Video မဟုတ်ပဲ လူကြည့်အများဆုံး Video တစ်ခုအဖြစ်ပါဝင်လာတာဖြစ်ပါတယ်။
ချစ်စရာကောင်းသော ကလေးနှစ်ယောက်၏ မျက်နှာထားနှင့် ပြောသံဆိုသံများကြောင့် ကြည့်ရသူများအနေနှင့် သဘောခွေ့ နှစ်ခြိုက်မိတာတော့အမှန်ပေ။
=====

9. Michel Teló - Ai Se Eu Te Pego - Oficial (Assim você me mata)
Views - 457,047,405
Link - https://www.youtube.com/watch?v=hcm55lU9knw

Spain Music Video တစ်ခုအဖြစ် Youtube Chart တွင် ပါဝင်လာသော Video တစ်ခုဖြစ်ပါတယ်။
=====

10. Don Omar - Danza Kuduro ft. Lucenzo
Views - 403,249,929
Link - https://www.youtube.com/watch?v=7zp1TbLFPp8

နောက်ထပ် Spain Music Video တစ်ခုဖြစ်သလို...Youtube တွင် လူကြည့်များသော Video တစ်ခုလည်းဖြစ်ပါတယ်။
=====

Info Tech For Myanmar (IT4M) မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။

အဆိုတော်ခင်မောင်တိုးကွယ်လွန်သွားပြီဟု သတင်းရရှိ

15/11/2011

စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြုပြောကြားခဲ့ပါသည်။
ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သော ခင်မောင်တိုးသည် စစ်ကိုင်းတိုင်း မော်လိုက်မြို့ ဇာတိ ဖြစ်ပြီး ၁၉၅၀
ပြည့်နှစ် ဧပြီလ ၁ ရက်နေ့က ဖခင် အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင် ဒေါ်ခင်လှတို့မှ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ မွေးချင်းသုံးဦး ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။

၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဂီတလမ်းကြောင်း ဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယ နှစ်တွင် ကျောင်းထွက်ပြီး ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပါသည်။

" RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ ဒုတိယ နှစ်မှာ အဆောင် နေတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးက ထလာပြီး ဂီတလုပ်တဲ့ အချိန်က ပိုများလာတယ်။ စတီရီယို သီချင်းတွေ ပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာ ကိုယ့်ပုံစံတစ်ခု မွေးဖွားဖို့ အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့" ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။

၁၉၇၃ခုနှစ်ကာလတွင် "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် “ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်” တေးစီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီးမှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့ပါသည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိမ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်ပါသည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်ပါသည်။

"ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။ ကျွန်တော်မှတ်မိနေတာက သွင်းတဲ့ စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။

၁၉၇၉ ခုနှစ်တွင်မူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆ၀ီ"ဟု ပြောင်းလဲလိုက်ပြီး 'လိစ္ဆ၀ီ' တီးဝိုင်းတွင် ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နှင့်အတူ ဂီတဖန်တီးမှုများ လုပ်ဆောင်ခဲ့ပါသည်။ ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် "၀ိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "၀ိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် "လိစ္ဆ၀ီ" တီးဝိုင်းအဖွဲ့ အမည်ကို "မဇ္ဇျိမလှိုင်း" ဟု ထပ်မံ အမည်ပြောင်းလဲခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့ပါသည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။

၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀၀၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။ "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။

" ကျွန်တော့် အမြင်က ဂီတကြောင့် လူတွေဟာ လောက အမြင်မှန်နဲ့ နီးစပ်တယ်လို့ ထင်တယ်။ ကျွန်တော်ဘ၀ ဖြတ်သန်းချင်တဲ့ ပုံစံက မြတ်စွာဘုရား ဟောကြားသလို လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့် ကြားထဲမှာ သံသရာ ဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက သံသရာ တစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘ၀အတွက် အင်မတန်သင့်တော်ပါ တယ်" ဟု ခင်မောင်တိုးက Eleven Media Group သို့ ပြောကြားခဲ့ဖူးပါသည်။

ခင်မောင်တိုးသည် ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီ အချိန်ကပင် ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ရှိခဲ့ပါသည်။

အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိခဲ့သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

(Eleven Media Group Website မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။) (via Zaw Mintun Zawmintun)

အကျဉ်းသား ၄၅၂ ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြု

15/11/2011

နိုင်ငံတော်သမ္မတသည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်နေ့)တွင် နိုင်ငံခြားသား အကျဉ်းသားများအပါအဝင် စုစုပေါင်း အကျဉ်းသား (၄၅၂) ဦးအား လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

နေပြည်တော် နိုဝင်ဘာ ၁၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
 
ref: မှူးဇော် (နိုင်ငံတော်သမ္မတရုံး) facebook မှ

လက်တော့(ပ်)Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ ....



အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူး ဆို ရင်တော့ သေချာ သလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမ လဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။

ကြာသပတေးဂြိုလ်ထက် ၄ ဆ မှ ၇ ဆ အထိကြီးမားသောဂြိုလ်သစ်တစ်လုံးတွေရှိ

15/11/2012
CFBDSIR2149

          နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကမ္ဘာကနေ အလင်းနှစ် ၁၃၀ နှစ်အကွာအဝေးမှာ ကြာသပတေးဂြိုလ်
ထက် ၄ ဆကနေ ၇ ဆအထိကြီးမာတဲ့ ဂြိုလ်တစ်လုံးကို တွေ့ရှိခဲ့ပြီး CFBDSIR2149  လို့မှတ်သားထားပါ
တယ်။
           ယင်းကိုအလွန်အားကောင်းတဲ့ အနီအောက်ရောင်ခြည်သုံး နက္ခတ်ကြည့်မှန်ပြောင်းနှင့်မှမြင်နိုင်မှာ
ဖြစ်ပါတယ်။ ယင်းဂြိုလ်၏သက်တမ်းမှာ နှစ်သန်းပေါင်း ၅၀ မှ ၁၂၀ အတွင်းရှိမယ်လို့    သိရပြီး အပူချိန်မှာ
၄၀၀ ဒီဂရီ ဆဲလ်စီးယပ် (၇၅၂ Degree Fahrenheit) ရှိတယ်လို့သိရပါတယ်။
           
           ယင်းဂြိုလ်ရဲ့နောက်ထပ်ထူးခြားချက်ကတော့ ကမ္ဘာအပါအ၀င် နေစကြာဝဠာအတွင်းက   အခြား
ဂြိုလ်တွေလို မိခင်နေကိုလှည့်ပတ်နေခြင်း မဟုတ်ပဲသီးခြားလွတ်လပ်စွာမျောလွင့်နေခြင်းပဲဖြစ်ပါတယ်။ယ
ခုလို သီးခြားရပ်တည်နေတဲ့ ကြာသပတေးလိုအရွယ်အစားပမာဏရှိတဲ့ ဂြိုလ်တွေကုနဂါးငွေ့တန်းအလယ်
နားလောက်မှာ ၁၀ လုံးတွေ့ရှိပြီးသားဖြစ်ပြီး ယခုတွေ့ရှိထားသောဂြိုလ်ရဲ့တည်နေရာနဲ့လားရာ   အသေး
စိတ်သိရှိဖို့အတွက်လေ့လာမှုတွေထပ်မံလုပ်ဆောင်သွားမယ်လို့သိရှိရပါကြောင်း တင်ပြလိုက်ရပါတယ်။

အကျယ်တ၀င့်လေ့လာချင်ရင်တော့ အောက်ကလင့်ကို သွားရောက်လေ့လာနိုင်ပါတယ်ဗျား

ထူးခြားသော ဦးချိုပါရှိသည့် ဒိုင်နိုဆောမျိုးစိတ်သစ်တစ်မျိုးတွေ့ရှိ

15/11/201
Xenoceratops အသစ်တွေ့သောဒိုင်နိုဆော

Triceratops ဒိုင်နိုဆော

         

     အသစ်ရှာဖွေတွေ့ရှိသော ဒိုင်နိုဆော   မျိုးစိတ်သစ်မှာ လွန်ခဲ့သောနှစ်   သန်းပေါင်း ၇၈  သန်းခန့်က 

ကနေဒါနိုင်ငံတွင် လှည့်လည်   ကျက်စားခဲ့သည်ဟု ယူဆရပြီး၊ မြောက်အမေရိက  တိုက်တွင် ရှာဖွေတွေ့

ရှိခဲ့သမျှ ကြီးမား၍  ဦးချိုပါ  တွားသွားတတ်သော ဒိုင်နိုဆောမျိုးစိတ် များထဲတွင်  အကြီးမား    ဆုံးအဖြစ် 

စံချိန်တင်ခဲ့ပါသည်။

Wednesday, November 14, 2012

ကန့်ချုပ်ဖြူပင် ဆေးဘက်ဝင်

14/11/2012


ပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင် အပင်များ (ကန့်ချုပ်ဖြူပင်)


ယခုတစ်ပတ်တွင် ပတ်ဝန်းကျင်မှ ဆေးဖက်ဝင် အပင်များ အနက် များ စွာ စိတ်ဝင်စားဖွယ်
ကောင်းလှသည့် ကန့်ချုပ်ဖြူဟူသော အပင်နှင့် ပတ် သက်၍ ရေးသားတင်ပြလိုပေ၏။ ကန့်ချုပ်ဖြူပင်သည် ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီ၊ ကန့်ချုပ်ပြာ၊ ကန့်ချုပ် နက် ဟုပြောစမှတ်တွင်သည့် ကန့်ချုပ် အုပ်စုတွင်ပါဝင်လေ၏။ ၄င်းအပင်ကို ပါဠိအမည်ဖြင့်စိတ္တကဟု လည်းကောင်း၊ သက္ကတဘာသာဖြင့် စိတြက(Chitraka) ဟု

လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Ceylon Lead-word; White Flowered Lead-wort ဟု လည်းကောင်း ခေါ်ဆို ကြလေ၏။ ကန့်ချုပ်ဖြူပင်၏ ရုက္ခဗေဒအမည်မှာမူ Plumbago Zeylanica Linn ဖြစ်လေ၏။ ၄င်းသည် Plumbaginaceae မျိုးရင်းတွင် ပါဝင်ကြောင်း တွေ့ရလေ၏။ ကန့် ချုပ်ဖြူပင်သည် နှစ်ကြာခံသစ် ပျော့ပင်ဖြစ်၍ ၂ ပေမှ ၄ ပေအထိ မြင့်လေ့ရှိ၏။ အစင်းကြောင်း ကလေး များပါရှိ၏။ အမွေးမဲ့ကာ အရွက်ပါး၍ ရွက်လွှဲထွက်တတ်လေ၏။ အဖျား ချွန်ဘဲဥပုံဖြစ်၏။ ၂ လက်မမှ ၃ လက်မရှည်၍ အနားညီ၏။ ရွက်ညှာ သည် အောက်ခြေတွင် ပင်စည်ကို ကုပ်ထားကာ တိုတောင်း၏။ အပွင့်မှာ မူ ပွင့်ဖတ်လက်မ ဝက်ခန့်ရှည်၍ သေး သွယ်သောပြွန်ပုံရှိ၏။ ပွင့်ချပ်အဖြူ ရောင်ရှိ၍ သေးသွယ်ပြီး ပွင့်ချပ်အုံပြွန် မှာ ၁ လက်မခန့်ရှည်၏။ အဝိုက်များ အရင်းချွန်ဝမ်းဘဲဥပုံ သို့မဟုတ် ငှက် တောင်ပုံဖြစ်၍ ထိပ်ချွန်၏။

ကန့်ချုပ်ဖြူပင်သည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်တတ် လေ၏။ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံ၊ မလေးကျွန်းဆွယ်၊ သီရိလင်္ကာ နိုင်ငံ၊ အာဖရိကနှင့် အာရှတိုက်အပူ ပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်းသိရှိရလေ၏။ ပေါက်ရောက် ရာတွင် အလေ့ ကျပေါက်ရောက်သော အပင်အဖြစ်လည်းကောင်း၊ ဥယျာဉ် ခြံတွင် စိုက်ပျိုးပင်အဖြစ်လည်းကောင်းတွေ့ရှိရ၏။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ တို့တွင်မူ ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုရန်အတွက် များစွာစိုက်ပျိုးကြ ကြောင်း တွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်သည် များစွာ ဆေးဖက်ဝင်လေ ရကား မြန်မာနိုင်ငံတွင် ပဉ္စငါးပါး (တစ်ပင်လုံး) အသုံးပြုကြ၏။ အချို့ နိုင်ငံများတွင်မူ အမြစ်၊ အရွက်နှင့် ပင်စည်ကို အသုံးပြုကြကြောင်း သိ ရ၏။ ကန့်ချုပ်ဖြူပင်နှင့် စပ်လျဉ်း၍ ဆေးဖက်အာနိသင်နှင့် အသုံးဝင်ပုံတို့ ကို ဆက်လက်ဖော်ပြလိုပေ၏။ ဆေးအာနိသင် ကန့်ချုပ်ဖြူအရွက်သည် ချို သောအရသာရှိ၏။ စဉ်းငယ်ပူ၏။ လေ၊ သလိပ်ကို ကြေစေတတ်၏။ နှုတ်ကို မြိန်စေ၏။ အစာကိုကြေစေ၏။ ကန့်ချုပ်ဖြူအရွက်ကို ဟင်းခတ်ရွက် အဖြစ် အသုံးပြုစားသောက်ကြ၏။ ကန့်ချုပ်ဖြူသည် အစာအိမ်နှင့် ပတ်သက်သော နှာစေး၊ ချောင်းဆိုး နှင့် ပိုးကြောင့်ဖြစ်သော ရောဂါများ ကို နိုင်နင်းသော အာနိသင်ရှိ၏။ ကန့်ချုပ်နက်မှာမူ လွန်စွာ ရှားပါးသော ဆေးပင်မျိုးဖြစ်လေ၏။ ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီနှင့် ကန့်ချုပ်နက်တို့ကိုမူ ဆေးအဖြစ် အသုံးပြုကြ၏။ ကန့်ချုပ် ဖြူအမြစ်၊ အရွက်နှင့် ပင်စည်တွင် ဓာတုဒြပ်ပေါင်းများအဖြစ် Plumbagin, fixed oil and volatile oil, minty, pungent and toxic တို့ ပါဝင်ကြောင်းတွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်ကို ဆေးဖက်၌ အောက်ပါ အတိုင်း အသုံးပြုကြောင်း ဖော်ပြလို ပေ၏။

ဝမ်းကိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်ပြုတ် ရည်နှင့်အတူ ထောပတ်ကို သောက် ခဲ့သော် ဝမ်းကိုက်ရောဂါ သက်သာ ပျောက်ကင်းစေ၏။ အဆစ်ရောင်ကိုက်ခြင်း ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပင် အနာစည်းဆေးပြုလုပ်၍ ရောဂါ ဖြစ်ရာ၌ ၁၅ မိနစ်ကြာအောင် စည်းထားပေးပါက အဆစ်ရောင်ခြင်း သက်သာပျောက်ကင်းစေ၏။

ခံတွင်းမကောင်း၊ နှုတ်မမြိန်ခြင်း

အဖျားပျောက်ကင်းပြီးစ ခံတွင်း မကောင်း၊ နှုတ်မမြိန်ခြင်းအတွက် ကန့်ချုပ်ဖြူအရွက်ကို ဟင်းချိုချက်၍အဖုပေါက်လာမှ ခွာပစ်သော် အနာ ဖေးများကွာသည်နှင့် တစ်ပြိုင်နက် အနာများလည်း သက်သာပျောက် ကင်းလေ၏။ နို့နှင့်တူသော ကန့်ချုပ် ဖြူပင်အစေးကို သုတ်လိမ်းပေးခြင်း ဖြင့် ဝဲခြောက်နှင့် ပြည်တည်နာများကို သက်သာပျောက်ကင်းစေနိုင်၏။ အရေပြားတွင် ဖြစ်သည့် အဖြူကွက်၊ အညိုကွက်စသည့် အကွက်များပေါ် တွင် ကန့်ချုပ်ဖြူ အမြစ်ခေါက် ကို ရေနှင့်သွေး လိမ်းလျှင် သက်သာစေ နိုင်၏။

လိပ်ခေါင်း၊ မြင်းသရိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပုန်းရည် သို့မဟုတ် ဒိန်ရည်နှင့် သောက်ပေးပါက လိပ်ခေါင်း၊ မြင်း သရိုက်ရောဂါ သက်သာ ပျောက်ကင်း စေနိုင်၏။

ချောင်းဆိုးခြင်း နှာရည်ယိုခြင်း

ကန့်ချုပ်ဖြူ အမြစ်ခေါက်မှုန့် ကိုရောင်ရမ်းခြင်းတို့ အတွက် အသုံးပြု သည်။ အပူလောင်နာများ၊ မြွေကိုက် ခြင်းများအတွက် ကန့်ချုပ်ဖြူ အရွက် သုံးလေးရွက်ကို အခြားဆေးဖက် များနှင့် ထောင်းထု၍ ၁၅ မိနစ်မျှ အုံစည်းပေးရသည်ဟု ဆေးဖက်ဝင် အပင်များ စာအုပ်၌ တွေ့ရလေ၏။ အိန္ဒိယအာယုဗ္ဗေဒ ဆေးကျမ်း အလိုအားဖြင့် ကန့်ချုပ်ဖြူနှင့် ပတ် သက်၍ အစာအိမ်နာကုဆေး၊ လေဆေး၊ သွေးညှိဆေး၊ ဝမ်းကိုက် ပျောက်ဆေး၊ အရောင်ကျဆေး၊ လိပ်ခေါင်း၊ လေရှူပြွန်ရောဂါ၊ လေသလိပ်ကြောင့် ဖြစ်သော ယားယံ နာ၊ အသည်းရောဂါ၊ ရေဖျဉ်း၊ သွေးအားနည်းရောဂါတို့တွင် အသုံး ပြုလေ့ရှိပါကြောင်း လေ့လာတင်ပြ လိုက်ရပေသတည်း။

မိုးကုတ်ဦးကျော်စိန် (ဖြူစင်မေတ္တာ)
HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :HEALTH DIGEST
Also Credit to Aye Chan Mon facebook page

ပြည်သူ့လွှတ်တော် အင်တာနက် website စမ်းသပ်လွှင့်တင်

14/11/2012

ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုဒ် စမ်းသပ်လွှင့်တင်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာသော နိုင်ငံရေးပွင့်လင်းမှုနှင့်အတူ အစိုးရဌာနအသီးသီးမှ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်များလွှတ်တင်ပြီး ၄င်းတို့၏ လုပ်ဆောင်ချက်များ သတင်းများကို ပြည်သူများ သိရှိစေရန်နှင့် လိုအပ်ပါက အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ သမ္မတရုံး၊ ၀န်ကြီးဌာနအချို့နှင့် ဦးစီးဌာနများမှ ၀က်ဘ်ဆိုဒ်များလွှတ်တင်လျက်ရှိရာ ယခုအချိန်တွင် နိုင်ငံ၏ ထိပ်တန်းအာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်သူ့လွှတ်တော်မှ ၄င်းတို့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ကို စမ်းသပ်လွှင့်တင်လိုက်ပြီဖြစ်သည်။ ကဏ္ဍများအနေဖြင့် အဖွင့်စာမျက်နှာ၊ သတင်းနှင့် ပြန်ကြားရေး၊ အစည်းအဝေးများ၊ ကိုယ်စားလှယ်များ၊ ကော်မတီ/ကော်မရှင်များ၊ ဥပဒေဆိုင်ရာများပါဝင်ပြီး Features များအနေဖြင့် အစည်းအဝေးများကို ရက်အလိုက်ရှာဖွေနိုင်သည့် ပြက္ခဒိန် ပါဝင်ပြီး အီးမေးလ်ပေးပို့နိုင်ခြင်း Law Database, Audio Database များကို ထည့်သွင်းပေးထားကြောင်းသိရှိရသည်။ ယခုလို ပွင့်လင်းမြင်သာမှုရှိသော အပြုအမူမျိုးကို ကြိုဆိုရမည့်အပြင် ပြည်သူများနှင့် တိုက်ရိုက်အလွယ်တကူ ဆက်သွယ
်နိုင်အောင် ပြုလုပ်ပေးထားခြင်းကို လှိုက်လှဲစွာ ၀မ်းမြောက်ဝမ်းသာဖြစ်မိပြီး အင်တာနက်သုံးစွဲ သူပြည်သူများက ထောက်ခံအားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

News by: People Development for Knowledge
Photo by: www.pyithuhluttaw.gov.mm

Tuesday, November 13, 2012

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ) ရဲ့ စင်္ကာပူတရားပွဲ ဖိတ်ကြားလွှာ

တရားပွဲ ဖိတ်ကြားလွှာ

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ) ကို ဓမ္မဒေါင်းလုပ်မိသားစုများမှ စင်္ကာပူသို့ တရားဟောကြွရောက်ရန် ပင့်ဆောင်ခဲ့ပါသည်။ ဆရာတော် အရှင်ဆန္ဒာဓိက ၏ တရားပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တရားပွဲ ပထမနေ့
-------------------
နေ့ရက်။ ၁၅ ဒီဇင်ဘာလ ၂၀၁၂ စနေနေ့
အချိန်။ ညနေ ၇နာရီမှ ၈း၃၀ နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm
http://www.myaseintaung.net/live/




တရားပွဲ ဒုတိယနေ့
--------------------

နေ့ရက်။ ၁၆ ဒီဇင်ဘာလ ၂၀၁၂ တနင်္ဂနွေနေ့
အချိန်။ ညနေ ၇နာရီမှ ၈း၃၀ နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm
http://www.myaseintaung.net/live/


ဆက်သွယ်ရန်။ ။ ဦးကျော်လွင် (၉၇၃၆၅၀၃၄)၊ ကိုဇော်မိုးစံ (၉၁၇၁၄၃၅၀)၊ ဦးအောင်နိုင် (၉၂၂၇၇၄၉၁)၊ ဦးဝင်းဘို (၈၄၅၇၂၉၃၁)၊ ဒေါ်ဆွေဆွေကြိုင် (၉၇၃၆၃၅၅၄)

http://dhammadownload.com/dhammadownload-news.htm 
တရားပွဲ ဖိတ်ကြားလွှာ
 
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ) ကို ဓမ္မဒေါင်းလုပ်မိသားစုများမှ စင်္ကာပူသို့ တရားဟောကြွရောက်ရန် ပင့်ဆောင်ခဲ့ပါသည်။ ဆရာတော် အရှင်ဆန္ဒာဓိက ၏ တရားပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
 
တရားပွဲ ပထမနေ့
-------------------
နေ့ရက်။ ၁၅ ဒီဇင်ဘာလ ၂၀၁၂ စနေနေ့
အချိန်။ ညနေ ၇နာရီမှ ၈း၃၀ နာရီထိ
နေရာ။  Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
 
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm 
http://www.myaseintaung.net/live/ 

 


တရားပွဲ ဒုတိယနေ့
--------------------

နေ့ရက်။ ၁၆ ဒီဇင်ဘာလ ၂၀၁၂ တနင်္ဂနွေနေ့
အချိန်။ ညနေ ၇နာရီမှ ၈း၃၀ နာရီထိ
နေရာ။  Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
 
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm 
http://www.myaseintaung.net/live/ 

 
ဆက်သွယ်ရန်။ ။  ဦးကျော်လွင် (၉၇၃၆၅၀၃၄)၊ ကိုဇော်မိုးစံ (၉၁၇၁၄၃၅၀)၊ ဦးအောင်နိုင် (၉၂၂၇၇၄၉၁)၊  ဦးဝင်းဘို (၈၄၅၇၂၉၃၁)၊ ဒေါ်ဆွေဆွေကြိုင် (၉၇၃၆၃၅၅၄)

http://dhammadownload.com/dhammadownload-news.htm


Dhammadownload Web Master 
မှတဆင့်ပြန်လည်မျှဝေလိုက်ပါသည်။

ရွက်ယောင်ရေနဂါး Leafy seadragon

13/11/2011

Leafy seadragon

ဒေါ်စုရဲ့အိန္ဒိယခရီး

13/11/2012

အိန္ဒိယနိုင်ငံရဲ့ အာဏာရပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ ဥက္ကဌ မစ္စစ် ဆိုနီယာ ဂန္ဒီရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၂ က အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီး စတင်ထွက်ခွာပါတယ်။ ရန်ကုန်လေဆိပ်(ပုံ)ကနေ ထွက်ခွာသွားခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်ကနေတဆင့် သွားရောက်တာဖြစ်လို့ မနက်ဖြန် မနက်ပိုင်းကျမှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

BBC Burmese

လိမ်ပုံဆန်းဆန်း ထောင်ကိုမြန်း

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ယုံကြည်အောင်ပြောဆိုလိမ်လည်သူအား ဖမ်းဆီးရမိ
Monday, November 12, 2012

၂၆.၁ဝ.၂ဝ၁၂ ရက်နေ့ ၁၁ဝဝ အချိန်ခန့်တွင် တရားလို ကြည်း ၄ဝ၈၇ဝ ဗိုလ်ကြီး ကျော်နိုင်လင်း ခလရ(၂၇၃)၊ တာဆိုင်း၊ မိုးမောက်မြို့နယ်
နေသူသည် ဗန်းမော်မြို့နယ်ထဲ၌ရှိနေစဉ် ၎င်းကိုင်ဆောင်ထားသော CDMA ဖုန်းအမှတ် ဝ၉၄၉၅၈၆၉၃ဝ သို့ ဝ၉၄၃၁၃၄၁ဝ၄ ဖုန်းဖြင့် အမျိုးသားတစ်ဦးမှ ဆက်သွယ်ခဲ့ပြီး ၎င်းသည် ဆက်သွယ်ရေး
ဝန်ကြီးဌာနမှ ဒုဗိုလ်မှူးကြီး သန်းထွဋ်ဖြစ်ကြောင်းပြောကြားပြီး ရုပ်ရှင်စာနယ်ဇင်း အဖွဲ့ရှေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်
ကိုယ်တိုင်မှ ဖုန်းအလုံး (၇)သိန်းထဲမှ (၅)လုံးအား ရွေးချယ်ပြီး ကံထူးရှင် ရွေးချယ်မည့်အကြောင်း နှင့် ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သည့်အပြင် ဖုန်း (၅)လုံးထဲမှ တရားလို၏
ဖုန်းနံပါတ်မှာ ပထမဆု ရရှိကြောင်း။ ဆုငွေ သိန်းပေါင်း (၂၇ဝဝိ/-)ကို
ပြည်တွင်း အခွန်မှာ အပြီးထုတ်ယူရမည်ဖြစ်ကြောင်း၊ အဆိုပါငွေမှာ နိုင်ငံတော်ဘဏ္ဌာ ထဲမှ ပေးတာဖြစ်၍ တိုက်ဆောက် ဆောက်၊
ကား စီးစီး ထာဝရ အခွန်ကင်းလွတ်ခွင့် ရရှိဖို့အတွက် အခွန်ငွေ (၁၇၅ဝဝဝဝိ/) ပေးသွင်းရမည်ဖြစ်သဖြင့် အလုံမြို့နယ်၊ ကမ္ဘောဇဘဏ်သို့ ဦးသော်ထက်၊ ၁၄/မအန(နိုင်)၁၆၂၇၇၁ အမည်ဖြင့် လွဲအပ်ပေးရန် အကြောင်းကြား လာသဖြင့် တရားလိုသည် ချက်ချင်းပင် ဗန်းမော်
ကမ္ဘောဇဘဏ်မှ အလုံ ကမ္ဘောဇဘဏ်သို့ ငွေ (၁၇၅ဝဝဝဝိ/-)ကို လွဲအပ်ခဲ့ပြီး စိတ်ထဲတွင် မသင်္ကာသဖြင့် ဗန်းမော်အခွန်ရုံးသို့ သွားရောက်စုံစမ်းခဲ့ရာ မဖြစ်နိုင်ကြောင်းနှင့် လိမ်လည်၍ငွေတောင်းခံခြင်း
သာဖြစ်နိုင်ကြောင်း သိရှိရသည့် အတွက် ဗန်းမော် ကမ္ဘောဇဘဏ်မှ အလုံကမ္ဘောဇဘဏ်သို့ မထုတ်ပေးရန် အကြောင်းကြားခဲ့ပြီး ၎င်းငွေ လာရောက်ထုတ်ယူ သူ ဦးသော်ထက်အား အလုံရဲစခန်းမှူး ရဲအုပ် တင်မျိုးထွန်း နှင့်အဖွဲ့မှ ဖမ်းဆီး၍ဗန်းမော် ရဲစခန်းသို့ လွဲအပ်ခဲ့ရာ ဗန်းမော်ရဲစခန်းမှ (ပ)၁၈၅/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၄ဝ၆/၄၂ဝဖြင့်အရေးယူ
ထားရှိပါသည်။

REF : Myanmar Police Force 

နှုတ်ခမ်းမွှေးနဲ့မုတ်ဆိတ်ပြိုင်ပွဲတဲ့ဗျာ





13/11/2012

ယခုဖေါ်ပြလိုက်တဲ့ပုံကတော့ အမေရိကန်နိုင်ငံက နှုတ်ခမ်းမွှေးနှင့်မုတ်ဆိတ်ပိုင်ရှင်များအသင်းရဲ့ Las Vegas မှာ ကျင်းပတဲ့ Free Style မုတ်ဆိတ်ပြိုင်ပွဲမှာ ပထမဆုရတဲ့ ဂျာမဏီက Hans-Peter Weis of Pforzheim ရဲ့ပုံပဲဖြစ်ပါတယ်ခင်ဗျာ။ စိတ်ဝင်စားလို့ကြည့်ချင်သေးရင်တော့ အောက်ကလင့်ကိုသွားကြည့်နိုင်ပါ
ကြောင်း။
http://bit.ly/W3OZsw

REF: Telegraph

Monday, November 12, 2012

ခုပဲတစ်ခါ လှုပ်ပြန်သဗျာ

12/11/2012

အခုည ၁၂း၄၅ မိနစ်မှာ မနက်ကလှုပ်ခဲ့တဲ့နေရာဝန်းကျင်မှာပဲ ၅.၆ အားနဲ့ထပ်မံလှုပ်သွားပါတယ်။ ကန့်ဘလူမြို့အရှေ့ဘက် နဲ့ သပိတ်ကျင်းမြို့မြောက်ဘက်တည့်တည့်ပါ။
12/11/2012

အခုည ၁၂း၄၅ မိနစ်မှာ မနက်ကလှုပ်ခဲ့တဲ့နေရာဝန်းကျင်မှာပဲ ၅.၆ အားနဲ့ထပ်မံလှုပ်သွားပါတယ်။ ကန့်ဘလူမြို့အရှေ့ဘက် နဲ့ သပိတ်ကျင်းမြို့မြောက်ဘက်တည့်တည့်ပါ။

အင်္ဂလိပ်ကားတွေ စာတန်းထိုးနှင့်ကြည့်ဖို့

နောက်ဆုံးထွက် English Movie ပေါင်းစုံကို Online မှတစ်ဆင့် Subtitle နှင့် Stream ကြည့်နိုင်မယ့် Website များ...

1. http://www.tubeplus.me/browse/movies/
2. http://www.movie2k.to/tvshows_featured.php
3. http://movie25.com/

Subtitle နဲ့ပါကြည့်ချင်တဲ့သူများအဖို့ Subtitle များကို အောက်က website မှာ Download ပြုလုပ်နိုင်ပါတယ်။ Download လုပ်ပြီးတာနဲ့ အဲ့ဒီ subtitle file name ကို ကိုယ့်ရဲ့ video file name နဲ့အတူတူ နာမည်ပေးပြီး folder တစ်ခုထဲမှာသာပေါင်းထည့်လိုက်ပါ။ ပြီးတာနဲ့ Video File ကိုစဖွင့်လိုက်တာနဲ့ Subtitle နဲ့ပါတက်လာပါလိမ့်မယ်...။

Subtitle Download Site:
http://subscene.com/

ကျေးဇူးတင်ပါတယ်...
IT4M မှ ပြန်လည်မျှဝေပါတယ်

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ


ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

မြေငလျင်အတွက်အဆင်သင့်ဖြစ်ကြပြီလား

ပြီးခဲ့သည့် နှစ်လခန့်က 7Day News ဂျာနယ် အတွဲ(၁၁) အမှတ်(၂၇)တွင် ကမ္ဘာပေါ်တွင်အကြီးဆုံးမြေငလျင်ပြတ်ရွေ့ကြောများတွင် တစ်ခုအပါအ၀င်ဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကြော၊ မြေငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့သော အထူးသတင်းပေးပို့ချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

{{{ မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား }}}

အားမာန်ရေးသား၍ ထွန်းခိုင်ပံ့ပိုးသည်

မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံတိုင်အောင်၊ တောင်ပိုင်းတစ်လျှောက် မြစ်ဝကျွန်းပေါ်ဒေသအားဖြတ်၍ ကပ္ပလီပင်လယ်အထိ ရှည်လျားလှသော စစ်ကိုင်းပြတ်ရွေ့ကြော (စစ်ကိုင်းငလျင်ကြော)ကို စတင်ဖော်ထုတ် တွေ့ရှိလိုက်ပြီးနောက် ဒေါက်တာဝင်းဆွေအဖို့ ခံစားချက်နှစ်မျိုး ဖြစ်ပေါ်လာသည်။

ယင်းမှာ လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့ရသော သုတေသနအောင်မြင်မှုအတွက် ပီတိနှင့် ငလျင်ကြောပေါ်တွင် ထိုင်နေသည့် မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှု။
“လုပ်ငန်းအောင်မြင်မှုအနေနဲ့ စိတ်ထဲမှာ ပီတိဖြစ်တယ်။

ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ

၁၁/၁၁/၂၀၁၂
 ငလျင်မလှုပ်မီ ဆောင်ရွက်ရန်

- အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ သို့မဟုတ် တိုင် တံခါး ဘောင်အောက်စသော လုံခြုံသော နေရာများကို သိအောင် လုပ်ထားရန်
- ယင်းနေရာများအောက်သို့ အမြန်ဝင်၍ အကာအကွယ်ယူ၊ဆွဲကိုင်ရန် လေ့ကျင့်ထားရန်
- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲပျက်စီးနိုင်သော နေ ရာများကို သိထားရန်
- အိမ်ပြင်ပတွင် သစ်ပင်များ၊ တံတားများ၊ အဆောက်အအုံများ၊ ဓာတ်တိုင်များစသော ပြိုကျပျက်စီးနိုင်သောအရာများနှင့် ဝေးသော ကွက်လပ်၊ ကွင်းများကို သိအောင် လုပ်ထားရန်
- ထွက်ပြေးရန်နှင့် အရံထွက်လမ်း ကြောင်းများကို သိထားရန်
- ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးတို့ကို အပေါ်ဖြတ်တောက်နိုင်အောင် လေ့ကျင့်လုပ်ကိုင်ထားရန်
- ရှေးဦးသူနာပြုစုနည်းများကို လေ့လာထားရန်မိမိနေအိမ်ကို လုံခြုံအောင် ဆောက်ရွက်ရန်
- နံရံတွင် ကပ်ထားသော လေး လံသည့် ဗီရို၊ သေတ္တာစသည့် ပရိဘောဂများကို ယိုင်လဲပြီး မပြို လဲစေရန်၊ နံရံနှင့် တွဲကပ်ထားရန်။
- ကြီးမားလေးလံသော ပစ္စည်း နှင့် ကွဲတတ်သော ပစ္စည်းများကို အမြင့်တွင်မထားဘဲ၊ အနိမ့်တွင် သာထားရန်
- လောင်ကျွမ်းတတ်သော အရည် များကို အိမ်အပြင်ဝေးရာတွင် လုံ ခြုံစွာထားရန် (ငလျင်ကြောင့် မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းများ ဖြစ်တတ်သည်)
- ပန်းချီကား၊ မှန်များစသော လေး လံကွဲရှတတ်သောအရာများကို အိပ်ရာ၊ ထိုင်ခုံရှည်စသော လူ လဲလျောင်းရာနေရာနှင့် ဝေးဝေး ထားရန်
- မီးလုံး၊ မီးဆိုင်းများကို ငလျင်လှုပ်လျှင် ပြုတ်မကျစေရန် ခိုင်ခံ့စွာထားရန် ငလျင်လှုပ်စဉ် လုပ်ဆောင်ရန်များ
- အေးဆေးတည်ငြိမ်စွာ နေရန်၊ အဆောက်အအုံထဲတွင်ဖြစ်က အထဲတွင်သာ နေရန်၊ ပြင်ပတွင် ဖြစ်က ပြင်ပတွင်သာ နေရန်(ထိ ခိုက်မှုအများစုသည် ငလျင်လှုပ် စဉ် အဆောက်အအုံတွင်းမှ ထွက် ပြေးခြင်း၊ အတွင်းသို့ပြေးဝင်ခြင်း တို့ကြောင့် အဖြစ်များသည်)
- ပြတင်းပေါက်၊ တံခါး၊ ဘီရိုအမြင့် များ၊ ကွဲနိုင်၊ ပြုတ်ကျနိုင်သော ပစ္စည်းများနှင့် ဝေးဝေးနေရန်
- ခိုင်ခံ့သည့် စားပွဲခုံ၊ တံခါးဘောင် အောက်၊ အတွင်းနံရံစသည့်တို့ အောက်တွင် ၀ပ်နေရန်၊ အကာအ ကွယ်ယူရန်
- အဆောက်အအုံအတွင်းမှ ထွက် ခွာမည်ဆိုပါက အလောတကြီး ထွက်ပြေးခြင်းမပြုဘဲ စနစ်တကျ ထွက်ခွာပါ။ ဓာတ်လှေကားများကို အသုံးမပြုပါရန်
- အဆောက်အအုံပြင်ပတွင် ဖြစ် ပါက သစ်ပင်များ၊ ဆိုင်းဘုတ်များ၊ အဆောက်အအုံများ၊ ဓာတ်ကြိုးများ နှင့်ဝေးသော ကွင်းပြင်၊ ကွက်လပ်နေရာများသို့ သွားနေပါ။ ငလျင်လှုပ်ပြီးသည်အထိ ခေါင်းငုံ့၍ကာ ကွယ်ထားရန်
- ကားအတွင်းဖြစ်ပါက စက်ရပ်ပြီး ငလျင်လှုပ်ပြီးသည်အထိ ကားအတွင်းနေရန်၊ အဆောက်အအုံများ၊ ခုံးကျော်တံတားများ၊ ဓာတ် တိုင်များနှင့် မြေပြိုမှုဖြစ်နိုင်သော နေရာများအနီးရှိလမ်းကိုရှောင်ရန်၊ လမ်းပျက်စီးမှုများကို သတိပြုရန်။
မှတ်ချက်-အာရှသဘာဝဘေး အန္တရာယ်လျော့ပါးရေးကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ပူးပေါင်းထုတ်ဝေသော ငလျင်များနှင့်နေထိုင်ခြင်း စာ အုပ်ပါ အချက်အလက်များကို မှီငြမ်းသည်။

7Day News Journal မှ မူရင်းအတိုင်းပြန်လည်မျှဝေပါသည်။

ငလျင်ဘယ်မှာလှုပ်လဲကြည့်မယ်

၁၁/၁၁/၂၁၀၁၂

အခုပေးထားတဲ့လင့်ကလေးက ၀ါသနာရှင်တွေအတွက်အထူးသင့်တော်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့အဲလင့်ကိုဖွင့်ထားရင်တောက်လျှောက်ငလျင်သတင်းတွေကိုLive 
ပြပေးနေလို့ပါ ပြောနေကြာပါတယ်နော် လက်တွေ့စမ်းကြည့်ကြပါလို့။

ဒါကတော့ ကမ္ဘာလုံးဆိုင်ရာ ငလျင်လှုပ်တဲ့နေရာပြတဲ့မြေပုံပါ
အောက်မှာလင့်ပေးလိုက်ပါတယ်။
http://www.iris.edu/dms/seismon.htm
ဒီနေ့လှုပ်သွားတဲ့ငလျင်တွေပါ အဲလင့်ကပဲဆွဲချထားတာပါ

မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မလွန်ကဲကြရန် ဦးထွန်းလွင်ပြော

၁၁/၁၁/၂၀၁၂

မြေငလျင်နောက်ဆက်တွဲသတင်း (၇) -

မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မပိုကြရန်နှင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အကြံပြု

(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.
၆)ရှိ ပြင်းန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။

မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။

မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်

အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများ အနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။

Ref: 7Day News Journal