Sunday, December 29, 2013

မြန်မာ့ဆေးဖက်ဝင် အကြောတစ်ထောင်ပင်

Item Name --------- Cart-Track plant (အကြောတစ်ထောင်ပင် ခေါ်ဘားကြောပင်ခေါ် ဆေးကျော်ကြီးပင်)
Category ------------ Raw Material
Botany Term -------- Plantago major Linn
Species Family ----- Plantaginaceae

အလွန်အေး၍ မြင့်မား သော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင် နှင့် အနီး တစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာဝ အလျောက် ပေါက်ရောက်၏ ။

အပင်

မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ် မျိုး ဖြစ်သည်။

အရွက်

အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွား စိပ်ယောင် ယောင် ရှိ၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ အရွက်ရိုးတံ အရွက် ရင်းကို ချိုး၍ ဆွဲကြည့်သော် ကြက်ပေါင်း စေးကဲ့သို့ လည်းကောင်း ၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင် ကလေးများ ဖြစ်ပေါ် လာသည်။


အပွင့်

ပွင့်ညှာတံ လုံးပြီး အုန်းလက်တံ ခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့် ထိ သေးငယ်သော အပွင့်များ စီတန်း လျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏ ။

အသီး

အစေ့များ အလွန်သေးငယ် ပြီး ချွဲကပ်စေးထန် ၏ ။

► အသုံးဝင်ပုံ

အရွက်၊ ပဉ္စငါးပါး ၊ အမြစ်။

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏ ၊ ဆီးရွှင်စေ၏ ၊ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း ၊ ၀မ်းတွင်း၌ ရစ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း တို့ကို ပျောက်ရန် အတွင်းဆေး ၊ အပြင်ဆေး အဖြစ် သုံးနိုင်သည်။ အားတိုးဆေး အဖြစ်လည်း များစွာ အသုံးပြု ရ၏။

► အရွက်အသုံးပြုပုံ

၁ ။ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တ၀ါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။
၂ ။ အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။
၃ ။ ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။
၎ ။ အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။
၅ ။ ၎င်း ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။
၆ ။ အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံ ခြင်း ဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။
၇ ။အရွက် ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက် ၏ ။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။
၈ ။ အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ၀မ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။

► ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။
၂ ။ အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။

► အမြစ်အသုံးပြုပုံ

၁ ။ နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo copy from google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။
source >>>http://myanmarherbal.blogspot.com/2013/12/blog-post_9342.html#more


မြန်မာ့ဆေးဖက်ဝင်အပင်များ facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။

Sunday, November 17, 2013

ဆေးဘက်ဝင် “ မဲဇလီဖူး ” လေးများအကြောင်း



ဗုဒ္ဓလက်ထက်တော်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ညဟာ ကြယ်တာရာအစုံအညီထွန်းလင်းတောက်ပကြတာကြောင့် “နက္ခတ်ပွဲသဘင်” များကျင်းပလေ့ရှိပြီး၊ ထိုညမှာ ဆေးပေါင်းခတဲ့ညအဖြစ် “မဲဇလီဖူး” ကို သုပ်စားလေ့ရှိကြပါတယ်။ ညသန်း ခေါင်ယံအချိန်မှာ မဲဇလီဖူးကို ခူးပြီးတော့သုပ်စားရင် ဆေးဘက်ပိုဝင်ပြီး ကျန်းမာအသက်ရှည်စေတယ်လို့  ရှေးလူကြီးတွေက ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ တန်ဆောင်းမုန်းလပြည့်နေ့ည (၁၂)နာရီ တိတိ အချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့သတ်မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကိုဖော်စပ်လေ့ရှိကြပါတယ်။မဲဇလီဖူးဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာရင်တော့ အညိုရောင်ပြောင်းသွားတတ်ပါတယ်။ အဖူးသာမက၊ အရွက် နှင့် အ၀ါရောင်အပွင့်လေးများကိုလဲ စားလို့ ရပါတယ်။ ကဲ….နံမည်ကြီး မဲဇလီဖူးက လူသားတို့ ကျန်းမာရေးအတွက် ဘယ်လို ဆေးဘက်ဝင်စေသလဲ? အောက်ပါအတိုင်း လေ့လာကြည့်လိုက်ကြရအောင်။

Friday, November 8, 2013

အံ့ဖွယ်ရုံးပတီသီး


မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။

ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက် ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

Saturday, October 5, 2013

ကိုယ်ဝန်ဆောင်တို့အတွက် နဂါးမောက်သီး


ကိုယ်ဝန်ဆောင် နေတဲ့ ကာလမှာ သစ်သီး တွေ စားတာ ဟာ မိခင် ကျန်းမာရေး အတွက် သာမက ကလေး ဖွံ့ဖြိုးမှု ကိုပါ အကူ အညီ ပေးပါတယ်။ အရောင်စုံ တဲ့ အသီးတွေ စားရင် အမျိုးစုံ တဲ့ အာဟာရ ဓာတ် တွေ ရရှိ နိုင်ပါတယ်။ ဒါကြောင့် အရောင် အသွေး လည်း စုံပြီး အာဟာရ ဖြစ်စေ တဲ့ နဂါး မောက်သီးနဲ့ ကိုယ်ဝန် ဆောင် မိခင်တွေ ရဲ့ ကျန်းမာရေး က ဘယ်လို ဆက်စပ် နေလဲ ဆိုတာ လေ့လာ ကြည့် ရအောင်။ နဂါးမောက်သီး ဟာ မွတ်ညက် နေတဲ့ အသားနဲ့ အစက် အပြော က်ေ လးတွေ ပါတဲ့ အသီး ဖြစ်ပြီး အရသာ က ကီဝီသီး နဲ့ ဆင်ပါ တယ်။ အနီရောင် ဖျော့ေ ဖျာ့ သို့မဟုတ် ပန်းရောင် အပြင် အခြား အရောင် တွေက လည်း တစ်မျိုးစီ အာဟာရ ဓာတ်တွေ ကြွယ် ဝ နေတဲ့ အတွက် ကိုယ်ဝန်ဆောင် မိခင်တွေကို အမျှင်ဓာတ် တွေ အပြည့်အဝ ပေးစွမ်း နိုင်ပါတယ်။

၁။ ဗီတာမင်ဓာတ်

နဂါးမောက် သီး မှာ အဓိက ဗီတာမင် အနေ နဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် ဘီ အုပ်စု ပါဝင် ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်ရော ကလေး မှာ ပါ ကျန်းမာ တဲ့ ကိုယ် ခံစွမ်း အား ရရှိဖို့ အတွက် ဗီတာမင်စီ ဟာ အရေးပါ ရုံ သာမက သံဓာတ် စုပ်ယူ တဲ့ နေရာ မှာ လည်း ကူညီ ပေးပါတယ်။

Wednesday, August 28, 2013

အသည်းရောဂါအတွက်ဆေးတစ်လက်


ယခုရေးမည့် ဆေးပင်အကြောင်းကား ဆရာကြီးသာဂဒိုး ရေးပြသော ဆေးပင်ဖြစ်သည်။ ထိုဆေးကြောင့် အနာရောဂါကင်းပျောက်ပုံ သာဓကဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်။

အသည်းရောဂါသည် ယခုအခါမှ ဖြစ်ပေါ်သည်မဟုတ်။ ရှေးအခါခေတ်မီဆေးဝါး မထွန်းကားမီ ကာလကတည်းက ဖြစ်ခဲ့ကြသည်။ အသည်းရောဂါဟူ၍ အမည်မတပ်ခဲ့ကြ။ ရှေးလူကြီးသူမတို့က အသားနက်ရောဂါဟူ၍ အမည်တပ်ခဲ့ကြပါသည်။

ဆေးပညာထွန်းကားလာသောအခါ ဆရာဝန်ကြီးများသည် စီပိုး၊ ဘီပိုကြောင့် အသည်းရောဂါဖြစ်သည်ဟူသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အသည်းရောဂါဖြစ်လျှင် သေဆုံးသည်က များသည်။ ဆရာဝန်များနှင့်စမ်းသပ်၍ အသည်းရောဂါ စီပိုးတွေ့သည်ဆိုလျှင် အသည်းရောဂါရှင်များ စိတ်အားငယ်ကြတော့သည်။

တာမခံ ဖားကန့်မှ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးကို မန္တလေးမြို့သို့ စာရေးသူ သွားစဉ် တွေ့ခဲ့သည်။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းတွင် တည်းခို၍ ဆေးခန်းပြနေသည်ကို တွေ့ရသည်။
ဒေါ်ခင်မိုးဦးသည် အသည်းခြောက်သောရောဂါကို ခံစားနေရသည်။ အသားဖြူသော အသားအရေမှာ မဖြူတော့ဘဲ မဲခြောက်ပြာနှမ်းနှမ်း ဖြစ်နေသည်။ အသည်းရောဂါထလာပြီး ရောဂါတိုးလျှင် ဆေးရုံကြီး အမြန်သွား၍ ကုသမှုခံယူရသည်။ တန်ဖိုးကြီးသော အသည်းဆေးကို အလျင်အမြန် ထိုးရသည်။

Wednesday, August 21, 2013

ကြွက်နို့အတွက်အန္တရာယ်မရှိတဲ့နည်းလမ်းကောင်းများ


အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။


ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲအိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီးအသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီးကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။

ပိုပိုဇော်(သဘာဝအားအင်)

Credit to Pai Soe  (facebooK)

Thursday, August 1, 2013

မင်းဂွတ်သီးအကြောင်း

မင်းကွတ်သီးသည် အပူပိုင်း ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည်။ ပူအိုက် စွတ်စိုသော ရာသီဥတုရှိသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် မင်းကွတ်ပင်များ ရှင်သန် ပေါက်ရောက်သည်။
ရှေးပဝေသဏီ ကတည်းကပင် အရှေ့တောင်အာရှ နိုင်ငံများတွင် မင်းကွတ်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြု ခဲ့ကြပေသည်။ ဝမ်းပျက် ဝမ်းလျှောရောဂါ အတွက် မင်းကွတ်သီး အခွံကို ရေတွင် တစ်ညစိမ်၍ ယင်းစိမ်ရည်အား သောက်သုံးခြင်းဖြင့် ပျောက်ကင်းသည်ဟု ယုံကြည်စွာ သုံးစွဲကြသည်။ တစ်ဖန် မင်းကွတ်သီး အခွံအား ခပ်ပါးပါးလှီး၍ နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင်ခပ်၍ သောက်ခြင်းဖြင့် ဆီးရောဂါနှင့် ဂနိုကျသည့် ရောဂါများအား သက်သာ ပျောက်ကင်းသည်ဟု လက်ခံကာ သုံးစွဲတတ်ကြသည်။

Wednesday, July 31, 2013

အသည်းရောင်အသားဝါ ဘီပိုး စီပိုးဝေဒနာရှင်များဝမ်းမြောက်ဖွယ်


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။
အခု သူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)


Credit to Myawady News

Tuesday, January 22, 2013

ဆေးလက်ဖက် ကြက်ဥပြုတ်

၂၂/၁/၂၀၁၃
ဆေးလက်ဖက် ကြက်ဥပြုတ် နှင့် ခရုဆီ
အစာပြေ လုပ်စားနိုင်ဖို့ ဆေးလက်ဖက် ကြက်ဥပြုတ်နှင့် ခရုဆီလေးပါ။ ဒီချက်နည်းလေးက တောင်ပိုင်းတရုတ်ပြည်နယ်က ချက်နည်းပါ။ အရင်ဆုံး ကြက်ဥကို အကျက်ပြုတ်ပြီမှ အခွံကို ခြေပြီ လက်ဖက်ခြောက်၊ တရုတ်အမွှေးအကြိုင်တွေနဲ့ ရောပြုတ်ရတာပါ။ လက်ဖက်ရည်နံ့လေးနဲ့ အရသာက ခရုဆီကြောင့် ချိုစိမ့်စိမ့်လေးပါ။ အပူ၊ အအေး နှစ်မျိုးလုံး စားလို့ကောင်းပါတယ်။ လုပ်ရလည်း လွယ်တာမို့၊ ခုပဲ လုပ်ကြည့်ရအောင်…

Reparation time: 15 mins၊ Cooking time: 1hr

ပါဝင်ပစ္စည်းများ

ကြက်ဥ – ၈-၁၀လုံး
Lipton tea လက်ဖက်ခြောက်ထုပ် – ၂ထုပ် (သို့) လက်ဖက်ရည်ခြောက်အမဲ – စားပွဲတင်ဇွန်း ၂ဇွန်း
Five-spices powder – စားပွဲတင်ဇွန်း တ၀က် (တရုတ်ဟင်းခတ် အမွှေးအကြိုင် City Martတွင် ၀ယ်ယူနိုင်သည်)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ဂျင်း – ၃ပြား
နတ်နတ်ပွင့် – ၂ခု
ကြက်သွန်မြိတ် – စည်းဝက် (ချည်းထားပါ)

ပြုလုပ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ကြက်ဥများ ထည့်ပြီ ကျက်သည်အထိ ၅-၈မိနစ်ခန့် တည်ထားပေးပါ။

၂။ ကြက်ဥများ ကျက်သွားလျှင် ခေတ္တအအေးခံပြီ ပုံတွင် ပါသည့်အတိုင်း ဇွန်းဖြင့် ခေါက်ကာ ကြက်ဥခွံများကို ခြေပေးပါ။

၃။ ထို့နည်းအတိုင်း ကျန်ကြက်ဥခွံများကို ခြေပေးပါ။ ပြီလျှင် ဒယ်အိုးထဲ (ကြက်ဥ၊ Lipton tea၊ တရုတ်ဟင်းခတ်၊ ပဲငံပြာရည်၊ သကြား၊ ဆား၊ ဂျင်း၊ နတ်နတ်ပွင့်၊ ကြက်သွန်မြိတ်) တို့ကို ထည့်ပေးပါ။

၎။ ပြီနောက် ဒယ်အိုးထဲ ရေ(၁လီတာ) ထည့်ပြီ မီးနည်းနည်းဖြင့် ၁နာရီတည်ထားပေးပါ။

မှတ်ချက် ။ ။ ၁နာရီတည်ထားပြီလျှင် အချိန်ရလျှင် ချက်ချင်း မဆယ်သေးပဲ၊ လက်ဖက်ခြောက်ရည်ထဲ စိမ်ထားပါက ပိုမိုကောင်းမွန်သည်။

၅။ ကြက်ဥများကို ခေတ္တအအေးခံပြီ အခွံခွာပေးပြီ ဓားဖြင့် ၄ခြမ်းခြမ်းပေးပါ။

၆။ ပြီလျှင် အပေါ်မှ ခရုဆီများ၊ ကြက်သွန်မြိတ်လေးများဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

ချက်နည်းအသးစိတ်ကို ဒီမှာကြည့်ပါ။

http://www.wutyeefoodhouse.com/?p=4901%2F

Thit Htoo Lwin blog's ၏ facebook စာမျက်နှာမှတဆင့်ပြန်လည်မျှဝေပါသည်
 

Wednesday, November 14, 2012

ကန့်ချုပ်ဖြူပင် ဆေးဘက်ဝင်

14/11/2012


ပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင် အပင်များ (ကန့်ချုပ်ဖြူပင်)


ယခုတစ်ပတ်တွင် ပတ်ဝန်းကျင်မှ ဆေးဖက်ဝင် အပင်များ အနက် များ စွာ စိတ်ဝင်စားဖွယ်
ကောင်းလှသည့် ကန့်ချုပ်ဖြူဟူသော အပင်နှင့် ပတ် သက်၍ ရေးသားတင်ပြလိုပေ၏။ ကန့်ချုပ်ဖြူပင်သည် ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီ၊ ကန့်ချုပ်ပြာ၊ ကန့်ချုပ် နက် ဟုပြောစမှတ်တွင်သည့် ကန့်ချုပ် အုပ်စုတွင်ပါဝင်လေ၏။ ၄င်းအပင်ကို ပါဠိအမည်ဖြင့်စိတ္တကဟု လည်းကောင်း၊ သက္ကတဘာသာဖြင့် စိတြက(Chitraka) ဟု

လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Ceylon Lead-word; White Flowered Lead-wort ဟု လည်းကောင်း ခေါ်ဆို ကြလေ၏။ ကန့်ချုပ်ဖြူပင်၏ ရုက္ခဗေဒအမည်မှာမူ Plumbago Zeylanica Linn ဖြစ်လေ၏။ ၄င်းသည် Plumbaginaceae မျိုးရင်းတွင် ပါဝင်ကြောင်း တွေ့ရလေ၏။ ကန့် ချုပ်ဖြူပင်သည် နှစ်ကြာခံသစ် ပျော့ပင်ဖြစ်၍ ၂ ပေမှ ၄ ပေအထိ မြင့်လေ့ရှိ၏။ အစင်းကြောင်း ကလေး များပါရှိ၏။ အမွေးမဲ့ကာ အရွက်ပါး၍ ရွက်လွှဲထွက်တတ်လေ၏။ အဖျား ချွန်ဘဲဥပုံဖြစ်၏။ ၂ လက်မမှ ၃ လက်မရှည်၍ အနားညီ၏။ ရွက်ညှာ သည် အောက်ခြေတွင် ပင်စည်ကို ကုပ်ထားကာ တိုတောင်း၏။ အပွင့်မှာ မူ ပွင့်ဖတ်လက်မ ဝက်ခန့်ရှည်၍ သေး သွယ်သောပြွန်ပုံရှိ၏။ ပွင့်ချပ်အဖြူ ရောင်ရှိ၍ သေးသွယ်ပြီး ပွင့်ချပ်အုံပြွန် မှာ ၁ လက်မခန့်ရှည်၏။ အဝိုက်များ အရင်းချွန်ဝမ်းဘဲဥပုံ သို့မဟုတ် ငှက် တောင်ပုံဖြစ်၍ ထိပ်ချွန်၏။

ကန့်ချုပ်ဖြူပင်သည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက်တတ် လေ၏။ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံ၊ မလေးကျွန်းဆွယ်၊ သီရိလင်္ကာ နိုင်ငံ၊ အာဖရိကနှင့် အာရှတိုက်အပူ ပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်းသိရှိရလေ၏။ ပေါက်ရောက် ရာတွင် အလေ့ ကျပေါက်ရောက်သော အပင်အဖြစ်လည်းကောင်း၊ ဥယျာဉ် ခြံတွင် စိုက်ပျိုးပင်အဖြစ်လည်းကောင်းတွေ့ရှိရ၏။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ တို့တွင်မူ ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုရန်အတွက် များစွာစိုက်ပျိုးကြ ကြောင်း တွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်သည် များစွာ ဆေးဖက်ဝင်လေ ရကား မြန်မာနိုင်ငံတွင် ပဉ္စငါးပါး (တစ်ပင်လုံး) အသုံးပြုကြ၏။ အချို့ နိုင်ငံများတွင်မူ အမြစ်၊ အရွက်နှင့် ပင်စည်ကို အသုံးပြုကြကြောင်း သိ ရ၏။ ကန့်ချုပ်ဖြူပင်နှင့် စပ်လျဉ်း၍ ဆေးဖက်အာနိသင်နှင့် အသုံးဝင်ပုံတို့ ကို ဆက်လက်ဖော်ပြလိုပေ၏။ ဆေးအာနိသင် ကန့်ချုပ်ဖြူအရွက်သည် ချို သောအရသာရှိ၏။ စဉ်းငယ်ပူ၏။ လေ၊ သလိပ်ကို ကြေစေတတ်၏။ နှုတ်ကို မြိန်စေ၏။ အစာကိုကြေစေ၏။ ကန့်ချုပ်ဖြူအရွက်ကို ဟင်းခတ်ရွက် အဖြစ် အသုံးပြုစားသောက်ကြ၏။ ကန့်ချုပ်ဖြူသည် အစာအိမ်နှင့် ပတ်သက်သော နှာစေး၊ ချောင်းဆိုး နှင့် ပိုးကြောင့်ဖြစ်သော ရောဂါများ ကို နိုင်နင်းသော အာနိသင်ရှိ၏။ ကန့်ချုပ်နက်မှာမူ လွန်စွာ ရှားပါးသော ဆေးပင်မျိုးဖြစ်လေ၏။ ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီနှင့် ကန့်ချုပ်နက်တို့ကိုမူ ဆေးအဖြစ် အသုံးပြုကြ၏။ ကန့်ချုပ် ဖြူအမြစ်၊ အရွက်နှင့် ပင်စည်တွင် ဓာတုဒြပ်ပေါင်းများအဖြစ် Plumbagin, fixed oil and volatile oil, minty, pungent and toxic တို့ ပါဝင်ကြောင်းတွေ့ရှိရလေ၏။ ကန့်ချုပ် ဖြူပင်ကို ဆေးဖက်၌ အောက်ပါ အတိုင်း အသုံးပြုကြောင်း ဖော်ပြလို ပေ၏။

ဝမ်းကိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်ပြုတ် ရည်နှင့်အတူ ထောပတ်ကို သောက် ခဲ့သော် ဝမ်းကိုက်ရောဂါ သက်သာ ပျောက်ကင်းစေ၏။ အဆစ်ရောင်ကိုက်ခြင်း ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပင် အနာစည်းဆေးပြုလုပ်၍ ရောဂါ ဖြစ်ရာ၌ ၁၅ မိနစ်ကြာအောင် စည်းထားပေးပါက အဆစ်ရောင်ခြင်း သက်သာပျောက်ကင်းစေ၏။

ခံတွင်းမကောင်း၊ နှုတ်မမြိန်ခြင်း

အဖျားပျောက်ကင်းပြီးစ ခံတွင်း မကောင်း၊ နှုတ်မမြိန်ခြင်းအတွက် ကန့်ချုပ်ဖြူအရွက်ကို ဟင်းချိုချက်၍အဖုပေါက်လာမှ ခွာပစ်သော် အနာ ဖေးများကွာသည်နှင့် တစ်ပြိုင်နက် အနာများလည်း သက်သာပျောက် ကင်းလေ၏။ နို့နှင့်တူသော ကန့်ချုပ် ဖြူပင်အစေးကို သုတ်လိမ်းပေးခြင်း ဖြင့် ဝဲခြောက်နှင့် ပြည်တည်နာများကို သက်သာပျောက်ကင်းစေနိုင်၏။ အရေပြားတွင် ဖြစ်သည့် အဖြူကွက်၊ အညိုကွက်စသည့် အကွက်များပေါ် တွင် ကန့်ချုပ်ဖြူ အမြစ်ခေါက် ကို ရေနှင့်သွေး လိမ်းလျှင် သက်သာစေ နိုင်၏။

လိပ်ခေါင်း၊ မြင်းသရိုက်ရောဂါ

ကန့်ချုပ်ဖြူအမြစ်ခေါက်မှုန့်ကို ပုန်းရည် သို့မဟုတ် ဒိန်ရည်နှင့် သောက်ပေးပါက လိပ်ခေါင်း၊ မြင်း သရိုက်ရောဂါ သက်သာ ပျောက်ကင်း စေနိုင်၏။

ချောင်းဆိုးခြင်း နှာရည်ယိုခြင်း

ကန့်ချုပ်ဖြူ အမြစ်ခေါက်မှုန့် ကိုရောင်ရမ်းခြင်းတို့ အတွက် အသုံးပြု သည်။ အပူလောင်နာများ၊ မြွေကိုက် ခြင်းများအတွက် ကန့်ချုပ်ဖြူ အရွက် သုံးလေးရွက်ကို အခြားဆေးဖက် များနှင့် ထောင်းထု၍ ၁၅ မိနစ်မျှ အုံစည်းပေးရသည်ဟု ဆေးဖက်ဝင် အပင်များ စာအုပ်၌ တွေ့ရလေ၏။ အိန္ဒိယအာယုဗ္ဗေဒ ဆေးကျမ်း အလိုအားဖြင့် ကန့်ချုပ်ဖြူနှင့် ပတ် သက်၍ အစာအိမ်နာကုဆေး၊ လေဆေး၊ သွေးညှိဆေး၊ ဝမ်းကိုက် ပျောက်ဆေး၊ အရောင်ကျဆေး၊ လိပ်ခေါင်း၊ လေရှူပြွန်ရောဂါ၊ လေသလိပ်ကြောင့် ဖြစ်သော ယားယံ နာ၊ အသည်းရောဂါ၊ ရေဖျဉ်း၊ သွေးအားနည်းရောဂါတို့တွင် အသုံး ပြုလေ့ရှိပါကြောင်း လေ့လာတင်ပြ လိုက်ရပေသတည်း။

မိုးကုတ်ဦးကျော်စိန် (ဖြူစင်မေတ္တာ)
HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :HEALTH DIGEST
Also Credit to Aye Chan Mon facebook page