Monday, September 7, 2015

တစ်လသာ ခန့်အပ်မည့် မဲရုံလုံခြုံရေးအတွက် အရပ်သားအထူးရဲဝတ်စုံ ကွဲပြားမှု အနည်းငယ်သာရှိ

၂၀၁၅ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံလုံခြုံရေးအတွက် အရပ်သားများထဲမှ အထူးခန့်အပ်ထားသည့် အထူးရဲများအတွက် ၀တ်စုံများသည် လက်ရှိ ရဲဝတ်စုံ ပုံစံတူများဖြစ်သော်လည်း လက်မောင်းတွင် အရောင်နှင့်စာသား ကွဲခြားထားကြောင်း သိရသည်။
အထူးရဲအဖြစ် တာဝန်ထမ်းဆောင်မည့် သူများအတွက် ၀တ်စုံများကို ချုပ်လုပ်နေလျက်ရှိပြီး လက်မောင်းတစ်ဖက် တစ်ချက်ရှိ အမှတ်တံဆိပ်ပေါ်တွင် အဖြူရောင် အောက်ခံကာ အနက်ရောင် စာသားဖြင့် "SPECIAL POLICE"ဟု ရေးသားထားသည်။

တာချီလိတ်ခရိုင် အတွင်း၌ တာချီလိတ်မြို့နယ်တွင် မဲရုံ(၅၂)ရုံအတွက် (၅၂)ဦး၊ မိုင်းဖြတ်မြို့နယ်တွင် မဲရုံ(၄၂)ရုံအတွက် (၄၂)ဦး နှင့် မိုင်းယောင်းမြို့နယ်တွင် မဲရုံ(၆၅)ရုံအတွက် (၆၅)ဦးဖြစ်ပြီး နောက်ထပ် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် မဲရုံ(၆)ရုံအတွက် (၆)ဦးကို ခန့်အပ်သွားမှာဖြစ်ရာ စုစုပေါင်း တာချီလိတ်ခရိုင် အတွင်း မဲရုံ(၁၆၅)ရုံ နှင့် အထူးရဲ(၁၆၅)ဦးရှိမှာ ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ရွေးကောက်ပွဲကာလအတွင်း မဲရုံများ လုံခြုံရေးအတွက် အရပ်သားများကို အထူးရဲအဖြစ် ယခင်က သုံးလခန့်ထားရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါမှာ တစ်လသာ ခန့်အပ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်အရ သိရသည်။

ရွေးကောက်ပွဲလုံခြုံရေးအတွက် အရပ်သားအထူးရဲများအနေဖြင့် သက်ဝင်လှုပ်ရှားမှုကို အောက်တိုဘာလ (၁၅) ရက်မှ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ ခန့်ထားမည် ဖြစ်ကြောင်း နှင့် အရပ်သား အထူးရဲများကို လစာအဖြစ် ကျပ်တစ်သိန်းခွဲပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အထူးရဲများ ခန့်အပ်ထားရှိမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် အထူးရဲ (၅,၀၀၀)ကျော်၊ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခုအတွက် အထူးရဲ (၈ဝဝ)ကျော်၊ ဧရာဝတီတိုင်း အတွက် အထူးရဲ (၅၇၀၀)ကျော်၊ မန္တလေးတိုင်းဒေသကြီးအတွက် အထူးရဲ (၅၄၀၀)ကျော် ရှမ်းပြည်နယ်အတွက် အထူးရဲ (၃၀၀၀)ကျော် နှင့် ကချင်ပြည်နယ်အတွက် အထူးရဲ (၈၀၀)ကျော် ရှိကြောင်း သိရသည်။

သတင်း။  ။ ကိုဇောင်း

တာချီလိတ်​သတင်း ဌာန စာမျက်နှာမှ ကူးယူဖော်ပြပါသည်။


Thursday, February 19, 2015

DNA စစ်ဆေးချက်အရ ကချင်ဆရာမနှစ်ဦးကို သတ်သူသည် ကျေးရွာအတွင်းမှ လူငယ်တစ်ဦး ဖြစ်နေဟုဆို


မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် ကျောင်းဆရာမ နှစ်ဦးဖြစ်သော မရမ်နုဂျာ (၁၉နှစ်) နှင့် မေခါင်ဆန် (၂၁နှစ်)တို့နှစ်ဦးမှာ ဇန်န၀ါရီလ ၂၀ရက်နေ့တွင် ၎င်းတို့နေထိုင်ရာ အိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြရပြီး DNA စစ်ဆေးချက်အရ ကချင် ဆရာမနှစ်ဦးကို သတ်သူမှာ ကျေးရွာ အတွင်းမှ လူငယ်တစ်ဦး ဖြစ်နေကြောင်း သိရသည်။

အဆိုပါ လူသတ်မှု အတွက် တပ်မတော်မှ သံသယရှိသူ သုံးဆယ်ဦးနှင့် အဆိုပါ ကျေးရွာမှ သံသယရှိသူ ဆယ်ဦးတို့၏ ဆံပင်နမူနာများ ရယူပြီး DNAကို စစ်ဆေးခဲ့ရာ ဆရာမများနေသော အိမ်အနီးတွင် နေထိုင်သူ မာတီးဆိုသူ၏ DNAနှင့် သေဆုံးသူ ဆရာမများထံတွင် တွေ့ရသော လူသတ်သမား၏ DNAမှာ တူညီနေသည်ကို တွေ့ရကြောင်း၊ လူသတ်မှုဖြစ်ပြီး နောက်နေ့ မနက်တွင် သူငယ်ချင်း တစ်ဦးက ဆရာမများ အိမ်သို့သွားရန် မာတီးကို ၀င်ခေါ်ခဲ့ရာ မာတီးက လိုက်လာပြီးမှ ဗိုက်နာသည်ဟုဆိုကာ ကျန်ခဲ့ကြောင်းနှင့် ဆရာမများ အသတ်ခံရသည်ကိုတွေ့ပြီး မာတီးထံ သွားပြောရာ မာတီးက တုန်လှုပ်မှု မရှိဟု စစ်ဆေး ရရှိထားကြောင်းလည်း သက်ဆိုင်ရာ တာတာဝန်ရှိသူများ ထံမှ သိရသည်။

ထို့အပြင် မာတီး၏ မိဘနှစ်ဦးက အခင်းဖြစ်သည့်နေ့တွင် မာတီးအိမ်တွင် မရှိဟု ထွက်ဆို သော်လည်း ထိုအိမ်သို့ ရောက်ရှိနေသည့် ဧည့်သည်နှစ်ဦးက မာတီးသည် အခင်းဖြစ်သည့်နေ့က အိမ်တွင်ရှိကြောင်း ထွက်ဆိုခဲ့သည်။ ယခုအခါ မာတီးသည် တိမ်းရှောင်နေပြီး ရွာခံတို့က မာတီးသည် KIA တပ်ရင်း ၃၆ တွင် သွားရောက်ခိုလှုံနေသည်ဟု ပြောဆိုနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးခဲ့သူ ဆရာမနှစ်ဦး၏ နေအိမ်မှာ ဘုရားကျောင်းဝင်း အတွင်း တည်ရှိပြီး ညနက်ချိန်တွင် အော်သံများကြောင့် အနီးရှိအိမ်မှ ဒေါ်နော်ဂျာမိုင်က သွားရောက်တံခါး ခေါက်သော်လည်း ပြန်ထူးခြင်း မရှိပဲ မနက် ဆရာမများ ကျောင်းသို့ ရောက်မလာသဖြင့် ကျောင်းသားများက အိမ်သို့သွားကြည့်မှ သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍လည်း အင်တာနက် စာမျက်နှာများနှင့် မီဒီယာများတွင် ရွာသို့ဖြတ်သွားသော တပ်မတော် စစ်ကြောင်းက တပ်မတော်သားများက သတ်ဖြတ်သကဲ့သို့ ရေးသားဖော်ပြမှုများ ရှိခဲ့ကြောင်း သိရသည်။

သို့သော် ကျေးရွာလူကြီးများနှင့် ဘုရားကျောင်းသင်းအုပ် ဆရာတို့ကမူ တပ်မတော် စစ်ကြောင်းများ ရွာအတွင်း ဖြတ်သွားပြီးနောက်မှ ဖြစ်သဖြင့် တပ်မတော်မှ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ ထိုရွာသည် ဇန်န၀ါရီလ ၁၄ ရက်က တပ်မတော် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် နေရာ ဖြစ်ပြီး မူးယစ်ဂိုဏ်းသားများ၊ ကိုးကန့်သောင်းကျန်းသူများ အခြေချ နေထိုင်သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် မူဆယ်မြို့ကို စိုးမိုးထားသော ပွိုင့် ၄၅၆၁ တောင်ကြောပေါ်သို့ KIA အင်အား ၈၀ ၀င်ရောက်လာသဖြင့် ၀ိုင်းပတ် ပိတ်ဆို့ရန် ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှ သိရသည်။

ဖိုးသူတော်(www.phothutaw.com) မှကူးယူဖော်ပြပါသည်

Sunday, February 15, 2015

လောက်ကိုင်မြို့တွင်း နယ်မြေရှင်းလင်းရာ လူ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ထမ်မံ သိမ်းဆည်းရမိ




နေပြည်တော် ဖေဖော်ဝါရီ ၁၅
လောက်ကိုင်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် စစ်ကြောင်း များ က နယ်မြေ ရှင်းလင်းခြင်း များ ဆောင်ရွက် လျက်ရှိ ရာ လောက်ကိုင်မြို့ အတွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းမှစ၍ ည(၇)နာရီထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအား သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဖေဖော်ဝါရီ( ၁၄)ရက် ည(၇)နာရီနောက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင် သောင်းကျန်း သူများက လောက်ကိုင်မြို့ အား မြို့ပြင်ပမှ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်နယ်မြေအား တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းချေမှုန်းခဲ့ရ သည့်အပြင် လောက်ကိုင်မြို့တွင်းတွင်လည်း ဆက်လက် ရှင်းလင်းခြင်း များ ဆောင်ရွက် ခဲ့ရာ သောင်းကျန်းသူများထံမှ လက်နက်ငယ်(၂)လက်၊ ခဲယမ်း မျိုးစုံ၊ လမ်းလျှောက် စကားပြောစက်(၈)လုံး၊ Laptop Computer (၄)လုံး၊ မူးယစ်ဆေးဝါးများနှင့် သောင်းကျန်းသူ အလောင်း(၅)လောင်းတို့အား ထပ်မံသိမ်းဆည်းရမိသည်။
တပ်မတော်စစ်ကြောင်းများက လောက်ကိုင်မြို့အတွင်း နယ်မြေရှင်းလင်းခြင်း များ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်မှ ယနေ့ထိ ကိုးကန့် တိမ်းရှောင်သောင်းကျန်း သူများထံမှ လက်နက်ငယ်မျိုးစုံ အလက်(၁၀၀)၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ လမ်းလျှောက်စကားပြောစက်(၈)လုံး၊ Laptop Computer (၄)လုံး၊ မူးယစ်ဆေးဝါး များနှင့် သောင်းကျန်းသူ အလောင်း(၁၈)လောင်းတို့အား ရရှိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရ (၈)ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ကိုးကန့်တိမ်းရှောင်သောင်းကျန်းသူထံမှ ဖမ်းဆီးရမိခဲ့သော အပြင်းအထန် ဒဏ်ရာရရှိသူ (၈)ဦးအား တပ်မတော်က ဆေးကုသမှုများဆောင်ရွက်ပေးစဉ် ရရှိဒဏ်ရာ များကြောင့် သေဆုံးသွားခဲ့ကြောင်းနှင့် လောက်ကိုင်နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လောက်ကိုင်မြို့နှင့် ဆက်စပ်ဒေသများတွင် နယ်မြေ ရှင်းလင်းခြင်းများကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar ဖေ့ဘုတ်စာမျက်နှာမှကူးယူဖော်ပြပါသည်။

Monday, December 30, 2013

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော် သမ္မတရုံး

(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)

၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ခ)သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။

၃။ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။

၎။ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


မူရင်း - http://www.moi.gov.mm/announcement/30/12/2013/id-1759

ဆံတော်များထွက်ပေါ်လာသည့်ဗုဒ္ဓရုပ်ပွားတော်

မရမ်းကုန်းမြို့နယ်အမှတ်(၂)ရပ်ကွက် ရှိပေါ်တော်မှုဘုရား၌ဗုဒ္ဓရုပ်ပွားတော်၌ဆံတော်များကွန့်မြူးနေသည့် ဆံတော်ပွင့်ရုပ်ပွားတော်တစ်ဆူ အပူဇော်ခံထား၍အမြန်ဆုံးလာရောက်ဖူးမျှော်နိုင်ရန်တင်ပေးလိုက်ပါသည်။

ဗုဒ္ဓရုပ်ပွားတော်၏မူရင်းကြွချီလာရာဒေသမှာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်မှဟုသိ
ရှိရပြီး မနက်ဖြန်နေ့လည်ပိုင်းအချိန်ထိ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂ ) ရပ်ကွက် ၊ပေါ်တော်မူ
ဘုရားတွင် အပူဇော်ခံထားရှိသွားမည်ဟု ထပ်မံသိရှိရပါသည်။

ပထမတင်ပေးထားသောပုံများမှာဖုန်းဖြင့်ရိုက်ထားသောကြောင့်သိပ်မထင်ရှားသဖြင့် ၊ နောက်ထပ် ဓါတ်ပုံကင်မရာဖြင့်သွားရောက်ရိုက်ကူးကာ အများကြည်ညိုဖူးမြော်နိုင်ရန် တင်ပေးလိုက်ပါသည်ခင်ဗျား။





ဓါတ်ပုံနှင့်မှတ်တမ်းယူပေးသော Soe Aung နှင့် Pyae Phyo Khaing တို့အားအထူးကျေးဇူးတင်ရှိပါသည်။

Friday, December 13, 2013

လှောင်အိမ်ထဲမှာ နှစ် ၄၀ ကျော်ကြာနေရသူ


ဟုတ်ကဲ့ယခုတစ်ခေါက်တင်ပြပေးသွားမှာကတော့ ပုံမှာမြင်ရတဲ့အတိုင်း လှောင်အိမ်ထဲမှာ နှစ် ၄၀ကျော်ကြာအောင် ထည့်ထားခြင်းခံရတဲ့ တရုတ်အမျိုးသား Peng Weiqing ပဲဖြစ်ပါတယ်။

 သူ့ကိုလှောင်အိမ်ထဲထည့်ထားသူကတော့ အခြားသူမဟုတ်ပါဘူး သူ့မိခင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ သူတို့
မိသားစုဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်စီရင်စု Zhengzhou မြို့မှာနေထိုင်ပါတယ်။

Peng Weiqing ဟာယခုဆိုလျှင် အသက် ၄၈ နှစ်ရှိနေပါပြီ။ သူ့အသက် ၆ နှစ်သားတုန်းက ပြင်းထန်တဲ့
အဖျားရောဂါတစ်ခုကြောင့် သူဟာ ဦးနှောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အဲလိုဦးနှောက်ထိခိုက်ပျက်စီးခဲ့
တဲ့အတွက်.... Peng Weiqing ဟာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမရှိပဲ ကလေးအဆင့်မှာပဲရပ်တန့်
နေခဲ့တယ်လို့ဆိုပါတယ်။

Tuesday, December 10, 2013

ဝင်ငွေရလမ်းပြနိုင်ပါက အိမ်ခြံမြေများအ တွက် ရောင်းဝယ်ခွန်ပေးရန်မလို

အိမ်ခြံမြေများ ရောင်းဝယ်မှုပြုလုပ်ရာတွင် ၀င်ငွေရလမ်းဖော် ပြ၀ယ်ယူပါက လက်ရှိသတ်မှတ်ထားရှိသည့် ရောင်းဝယ်ခွန်ကိ ပေးဆောင်ရန်မလိုဟု မန္တလေးတိုင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်မင်းက ပြောသည်။

“အိမ်ခြံမြေအပြင် တခြားဘာကိုပဲဝယ်ဝယ် ၀င်ငွေရလမ်းဖော် ပြနိုင်ရင် မြို့သုံးမြို့မှာ အခွန်ငွေ ခုနစ်ရာခိုင် နှုန်း ပေးဆောင်ရုံနဲ့ ၀ယ်ယူလို့ရပါတယ်။ ဒါကြောင့် အခြေပြုပစ္စည်းတစ်ခုခုကို ၀ယ်ယူမယ်ဆိုရင် ၀င်ငွေ ရလမ်းကို သေချာဖော်ပြဖို့ လိုပါတယ်။ ဥပမာ ပြည်ပမှာ အလုပ်လုပ်လာတဲ့သူအနေနဲ့ ရရှိခဲ့တဲ့ငွေကို ဌာန မှာလာပြီး ငွေကြေးကို ပေါက်ဈေးအတိုင်း လဲလှယ်မှုပြုတာမျိုးဆိုရင်လဲ ၀င်ငွေရလမ်း ဖော်ပြပြီးဖြစ်ပါ တယ်”ဟု ဦးကျော်မင်းက ပြောသည်။

အခွန်ငွေများ ကောက်ခံရာတွင် နိုင်ငံတော်စီမံ ချက်များဖြစ်သော ကား၊ ဆိုင်ကယ်၊ လေယာဉ်၊ အိမ်ခြံမြေ များအဖြစ် ယခင်သတ်မှတ်ထာြး ပီး ၎င်းတို့ကို အခွန်ငွေ ၁၅ ရာခိုင်နှုန်းဖြင့် ရောင်းဝယ်ခြင်း ပြုလုပ်ခွင့် ပြု ထားခဲ့သည်။

ယခုအခါ အိမ်ခြံမြေရောင်းဝယ်ခြင်းကို ထိုစီမံချက်ထဲတွင် ထည့်သွင်းခြင်း မပြုလုပ်တော့ဘဲ ၀င်ငွေအခွန် ဥပဒေအတိုင်း အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ခြင်း စတင်လုပ်ဆောင်စေခဲ့သဖြင့် အိမ်ခြံမြေ ၀ယ်ယူလို သည့်သူများအတွက်ဝင်ငွေရလမ်း သေချာစွာပြသလျှင် သတ်မှတ်ထားရှိသော အခွန်ငွေများကို ပေး ဆောင်ရန် မလိုအပ်ပေ။

Saturday, December 7, 2013

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခ အတိုင်း ခေါ်ဆိုနိုင်ပြီ


၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခ အတိုင်း ခေါ်ဆိုနိုင်ပြီ

07-12-2013

၁၅၀၀ တန်ဖုန်းကဒ်ဖြင့်  အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ ဖစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရို က်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ေ ကြာင်းနဲ့ယင်း code များမှာ

Singapore –010065, Malaysia — 010060, Thailand — 010066, Brunei — 0100673, Indonesia — 010062, Laos –0100856, Vietnam — 010084, Cambodia — 0100855, Philippines — 010063, တို့ဖြစ်ပါတယ်။

ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။

ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Saturday, November 30, 2013

တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ

နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာမိန်းကလေးတွေ အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့် အရောင်းစားခံနေရပါတယ်။ ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့ သောက်ရေအိုးလိုဖြစ်နေတယ်။ ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်ကစော်ကားနဲ့ အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးကစော်ကား၊ ဒီလူမျိုးကစော်ကား၊ အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာစရာဖြစ်နေပါတယ်။ ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်လည်းတော့မသိ၊ အခုတစ်ခါလာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာမိန်းကလေးတွေကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာနေတယ်ဆိုတာကို သတင်းပို့ထားပါတယ်။ အဲဒီသတင်းလေးကို အားလုံးအတွက်မျှဝေလိုက်ပါတယ်။ သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

(ဦးဇင်းဘုရား တပည့်တော် ဒကာမဒေါ်........ပါ။ တစ်ခုလောက်ကူညီပါဘုရား။ တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း(၄)ခန်းကိုငှားပြီး ကိုရီးယားနိုင်ငံသားတစ်ယောက်က မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာစားနေပါတယ်ဘုရား။ နေ့ဘက်တွင် မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာအိုကေ အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။ ဦးဇင်းမပြန်မှီတပည့်တော်ကို တစ်ရက်လောက်ပေးတွေ့တော်မူပါဘုရား။)

Wednesday, November 27, 2013

လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိမှု ဗုဒ္ဓမွေးဖွားရက်ကို ပြောင်းသွားစေနိုင်

ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။

နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။

ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။

“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ





ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်။


copy from BBC Burmese

Friday, November 22, 2013

လူစိတ်မရှိတဲ့ရန်ကုန်ပြည်သူ့ဆေးရုံကဆရာဝန်တွေအကြောင်း


လူစိတ်မရှိတဲ့ရန်ကုန်ပြည်သူ့်ဆေးရုံကဆရာဝန်တွေအကြောင်သိအောင်shareပေးကြပါ။
********************************************************************
သို့၊

သမ္မတကြီး ဦးသိန်းစိန်၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊

ရက်စွဲ၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်၊

အကြောင်းအရာ။ ။ လူနာအား တာဝန်ယူမှု မရှိသော ဦးနှောက်အာရုံကြောဆေးရုံမှ တာဝန်ကျ ဆရာဝန်များ ဆေးရုံအုပ်ကြီးနှင့် လက်ထောက် ဆေးရုံအုပ်ကြီးတို့အား အရေးယူပေးရန် တိုင်ကြားခြင်း

သမ္မတကြီးထံ ရိုသေလေးစားစွာဖြင့် အသက်ရှင်ခွင့်ကို ငြင်းပယ်ခံရခြင်း အကြောင်း တင်ပြအပ်ပါသည်။

ကနဦးကြိုတင် တင်ပြလိုသည်မှာ ကျွန်တော်များ အနေဖြင့် နစ်နာသူ လူနာရှင်၏ ဆွေမျိုးသားခြင်းများ မဟုတ်ပါ၊ ရပ်ကွက်အတွင်း အတူနေရာမှ ကလေး၏ အခြေအနေ မိဘများ၏ အခက်အခဲကို သိရှိသဖြင့် ကူညီပေးနေသူများ ဖြစ်ပါသည်။

ဖြစ်စဉ် မှာ
သန်လျင်မြို့နယ်၊ ဗိုလ်ချူပ်ကျေးရွာ၊ အေးသာယာရပ်ကွက်၊ တော်ဝင်ခြံ ၁၄ လမ်း၊ အမှတ် (I 15) နေ အသက် ၂၂ အရွယ်ရှိ မောင် မျိုးမြတ်လွင် (ခ) သူရ သည် လွန်ခဲ့သော ၈ လပိုင်း ၃ ရက်နေ့က သူ့သူငယ်ချင်း၂ ယောက်နဲ့အတူအလုပ်မှအပြန်
ရန်ကုန်မြို့ သာကေတ အနော်မာကျောက်တိုင် မှတ်တိုင်နား၌ လမ်းလျှောက်နေစဉ် အနောက်ဖက်မှ ကားဝင်တိုက်ခံခဲ့ရပါသည်။ တိုက်သော ကားကိုလည်း မမှတ်မိလိုက်ပါ။ ရန်ကုန်မြို့ရှိ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကု ဌါနတွင် ၃.၈.၂၀၁၃ မှ ၂၇.၈.၂၀၁၃ နေ့အထိ ကုသခဲ့ပြီးနောက် လူနာမှာ သတိမရပဲဖြစ်နေသဖြင့် ဆေးရုံမှ ဆရာဝန်များက ဆင်းခိုင်းခဲ့သဖြင့် လူနာကို အိမ်ပြန်ခေါ်လာခဲ့ရပါသည်။

ထိုသို့ ဆေးရုံတက်နေစဉ် အတောအတွင်း ကုန်ကျစရိတ်မရှိသဖြင့် လက်ရှိနေသော အိမ်လေးကိုပင် ပေါင်ပြီး သိန်း ၂၀ ခန့် အကုန်ခံပြီး ဆေးကုသခဲ့ခြင်း ဖြစ်ပါသည်။

အိမ်ပြန်ရောက်သော်လည်း လူနာမှာ သတိလည်းမရ နောက်ကျောရှိ အနာကြီးမှာလည်း ပိုမိုဆိုးရွားလာသဖြင့် ဖြစ်ရပ်မှန် သတင်းအား ၁၁ လပိုင်း ၁၈ ရက်နေ့တွင် Facebook မှတဆင့် ဓါတ်ပုံများနှင့်အတူ တင်ပေးခဲ့ပါသည်။ ထိုသို့ သတင်းတင်ပေးပြီးနောက် အွန်လိုင်းစေတနာရှင်များမှ သိရှိသွားကာ ဝေဒနာရှင် မျိုးမြတ်လွင် (ခ) သူရအား ကုသပေးရန်အတွက် ငွေလှူဒါန်းခဲ့ပါသည်။ ယနေ့အထိ အလှူငွေ ကျပ် ခြောက်သိန်းကိုးသောင်းကျပ်တိတိ လက်ခံရရှိခဲ့ပါသည်။ ထို့အပြင်စေတနာရှင် ဦးမျိုးမြင့် နှင့် ဦးမျိုးညီ တို့က လူနာအား ဆေးရုံတင်ပေးမည် ဆိုပါက ကုန်ကျငွေ အားလုံးအား ကုန်ကျခံပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းလာခဲ့ပါသည်။

ထိုအခြေအနေမှ ဝေဒနာသည်မိသားစု၏ မမျှော်လင့်နိုင်သော အခွင့်အရေး တစ်ခုဖြစ်သလို ဝေဒနာသည် မျိုးမြတ်လွင်(ခ)သူရ ပြန်လည် အသက်ရှင်ကျန်းမာလာနိုင်မည့် အခွင့်ကောင်းအဖြစ် အားလုံးက ရှုမြင်ခဲ့ကြပါသည်။

ကိုအခွင့်အရေးကို အမိအရ ဆုတ်ကိုင်နိုင်ရန် အတွက် ကျွန်တော်တို့ ကူညီပေးသူများနှင့် ဝေဒနာရှင်မိသားစုဝင်များသည် ယနေ့ (၂၀.၁၁.၂၀၁၃) ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လူနာအား အခမဲ့ လူနာတင်ယာဉ် လှူဒါန်းသော ရွှေဒါန ပရိတအဖွဲ့၏ လူနာတင်ယာဉ်ဖြင့် ယခင် တက်ရောက်ခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌါန သို့ သွားရောက်ခဲ့ပါသည်။

တာဝန်ကျ ဆရာဝန်မက ယခင် ကုသခဲ့သော ဆေးမှတ်တမ်းများကို ကြည့်ရှုပြီးနောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးနိုင်ခြင်းမရှိကြောင်း လူနာကို အိမ်သို့ ပြန်သယ်သွားရန် ညွန်ကြားခဲ့ပါသည်။

ကျွန်တော်တို့က ယခု သတိမေ့နေပြီး ကျော၌ အနာကြီးပေါက်နေသော လူနာမှာ မဖြစ်မနေ ကုသမှု ခံယူရမည့် လူနာ ဖြစ်သည့်အပြင် စေတနာရှင်များ၏ အလှူငွေဖြင့် ကောင်းမွန်သော ဆေးဝါးများ ကျွမ်းကျင်သော ဆရာဝန်များဖြင့် ကုသနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း အများသိစေရန် အွန်လိုင်း တင်ပြထားသော လူနာတစ်ဦးလည်း ဖြစ်ကြောင်း ပြောပြသောအခါ “ဒါဆိုရင်တော့ ကျွန်မတို့ ခိုင်မာအောင်လုပ်မှရမယ်” ဟု ပြောပြီးနောက် ထိုဆေးရုံ၏ အကြီးအကဲ ဖြစ်သော ဒေါက်တာကြည်လှိုင် အားသွားရောက်တိုင်ပင်ပြီးနောက် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၀ါးတန်းလမ်းရှိ ကံကော် ပုဂ္ဂလိက ဆေးခန်းတွင် ဦးနှောက်ဓါတ်မှန်သွားရိုက်ပါဟု ညွန်ကြားလာပါသည်။

အဆိုပါ ညွန်ကြားချက်လေးအတွက် ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် သတိမေ့ပြီး ကျောတွင် အနာကြီးပေါက်နေသော လူနာမှာ ဆေးရုံ ၀ရံတာတွင် ပက်လက်အနေအထားဖြင့် ၄ နာရီကြာအောင် စောင့်နေခဲ့ရပြီး “ဆေးရုံတင်တဲ့ လူနာမဟုတ်သည့်အတွက် ကုသပေးရန်မလို” ဟုလည်း ပြောကြားခြင်း ခံခဲ့ရပါသည်။

Monday, November 18, 2013

ထိုင်းဘုရင် မင်းမြတ် မကျန်းမမာ ဖြစ်နေစဉ် အိမ်မက်တွင် မွန်ပြည်နယ် ၀င်းစိန် ဆရာတော်ကြီး မှ ကြွချီ ဆေးကုသ ပေးရာ ရောဂါ ပျောက်ကင်း


မွန်ပြည်နယ် မုဒုံမြို့ ဝင်းစိန် တောရကျောင်း၌ သီတင်းသုံးနေသည့် ဝင်းစိန် ဆရာတော်ကြီးမှ ထိုင်းဘုရင် မင်းမြတ်အား ကြွရောက် ဆေးကုသ ပေးခဲ့သည်ကို အိပ်မက် မြင်မက်၍ ထိုင်းဘုရင်၏ ရောဂါများ ပျောက်ကင်း ကျန်းမာ ရွှင်လန်းခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက ဝင်းစိန် ဆရာတော်ကြီးနှင့် ပင့်သံဃာအပါး ၁၆ဝအား ကထိန် သင်္ကန်း တစ်စုံစီနှင့် ရဟန်း၊ ကိုရင်၊ သီလရှင်၊ ယောဂီအပါး ၁ဝဝဝ အတွက် ဆွမ်းဒါနနှင့် လူပုဂ္ဂိုလ်များအား စတုဒိသာများ ကျွေးမွေး ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ကိုယ်စားလှယ် အဖွဲ့များသည် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က လေကြောင်းလိုင်းဖြင့် လည်းကောင်း၊ မြဝတီဘက်မှ မော်တော်ယာဉ်များ ဖြင့်လည်းကောင်း ရောက်ရှိခဲ့သည်။ အဆိုပါပွဲသို့ ထိုင်းနိုင် ငံသား ၂ဝဝ ကျော်နှင့် မွန်ပြည်နယ်အတွင်း ရှိ ပြည်သူ ၃ဝဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဝင်းစိန်ဆရာ တော်ကြီးအား ကထိန်သင်္ကန်းကပ် လှူပူဇော်ခဲ့သည့် အပြင် ထိုင်းဘုရင်၏ နန်းသုံးပစ္စည်းများ၊ ဘုရား ဌာပနာသည့် ကျောက်မျက်ရတနာ များနှင့် နန်းတွင်းသုံး ပစ္စည်းအမျိုး ၅ဝ၊ ဘတ်ငွေ ၂၅ သိန်း၊ ပင့်သံဃာ အပါး ၁၆ဝအား ဘတ်ငွေ ၂ဝဝ နှင့် သင်္ကန်း တစ်စုံစီကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 Myawady News မှမူရင်းအတိုင်းကူးယူမျှဝေပါသည်။

Thursday, November 14, 2013

ခုတစ်လောနာမည်ကြီးနေတဲ့မေမြတ်မွန်ရဲ့အကြောင်း

မေမြတ်မွန်ရဲ့ video လေးတွေ ကိုကြည့်ပြီး ပြောဆိုနေလိုက်ကြတာ... သူ.ရဲ့ နောက်ခံအကြောင်းကို က သနားစရာလေးပါ။ သူချစ်တဲ့ ယောင်္ကျားက ထားခဲ့တယ် သူ.သားလေးကိုပါ ပေးလိုက်၇တယ် လို.ကြားတယ် ( သူပြောထားတာကတော့ သားလေးက အဘိုးအဘွားနဲ့နေတယ်တဲ့)။
သူ အခု အလုပ်လုပ်နေတာ သူ.သားလေးနဲ့ ပြန်ဆုံဖို. ၊ အတူတူပြန်နေရဖို.ပါတဲ့။
သူ.ဘ၀မှာ အကြိမ်ကြိမ် ရှုံးခဲ့၇တယ်တဲ့ ။

သူက ဘွဲ.ရတစ်ယောက်ပါ။ ကိုယ့်အထင်ပြောရရင် သူက တော်တော်လေးကို စိတ်ဒဏ်ရာ ပြင်းထန်တယ်လို.ထင်တယ် ။ တကယ်လို.သူသာ ပုံမှန်ဆိုရင် ဒီလို sexy ၀တ်စားပြီး ။ အင်္ဂလိပ်လည်း တော်တော်ကောင်းတယ်လို.ပြောလို.၇တယ်..အွန်လိုင်းပေါ်မှာ တက်ပြီး တချို.တွေ ပြောသလို မြူဆွယ်စရာတောင်မလိုပါဘူး။ သူရုပ်ရည်မျိုးဆို အော်ဇီတွေ ကြိုက်မှကြိုက်။ သူပြောတာတော့ သူက သန်.ရှင်းရေး အလုပ်လုပ်တယ်ပြောတယ်ခုတော့ သူ အလုပ်က ပြန်လာတဲ့ အချိန်တွေ။

Tuesday, November 12, 2013

အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား RFA သို့ မိန့်ကြားသွားတဲ့ ရွှေည၀ါဆရာတော်


အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အခု ဂျပန်မှာ ရောက်တော့်အင်တာနက်စာမျက်နှာတွေအပေါ်မှာ ဘုန်းကြီးဖတ်ရတယ်၊ ဖတ်ရတော့ စိတ်ထဲမှာ ပူပန်မိတယ်၊ ညီညွတ်မှု မရှိဘူးလား၊ ဆုံးဖြတ်ချက်တွေ ကွဲပြားနေကြသလား၊ ဦးတည်ချက်တွေ လွဲမှားနေကြသလား။ မီဒီယာတွေကလဲ မီဒီယာသတ်ကွင်းထဲကို သွင်းပြီးတော့၊ မီဒီယာကျင့်ဝတ်ကို ကျော်ပြီး ကျုပ်တို့ နိုင်ငံရဲ့ အခြေအနေကို ခြောက်ထဲဆွဲချရုံသာမက၊ ကျုပ်တို့ရဲ့ နိုင်ငံတော်၊ သာသနာရေး၊ ဘာသာရေးကိုပါ တကွဲ တခြား အထိ အမြင်မှားအောင် ရေးသား ဖော်ပြတာတွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပူပန်မိတယ်။ ဒီတော့ မြန်မာပြည်အတွင်း အဓိကဆရာတော်တွေဆီကို ဖုန်းဆက်ပြီး မေးကြည့်တော့ ' တို့ တစ်တွေ အားလုံး ညီညွတ်ပါတယ်၊ အောင်မြင်ပါတယ်၊ အမျိုးစောင့်ဥပဒေကိုလဲ သဘောကျပါတယ်၊ ၉၆၉ ကိုလဲ ငြိမ်းချမ်းရေး သင်္ကေတတံဆိပ်အဖြစ် အားလုံး သဘောတူ ဆန္ဒတူနဲ့ လက်မှတ် ရေးထိုး ကြပါတယ် ' လို့ ပြောပါတယ်။ 

Sunday, November 10, 2013

နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို လာမည့်နှစ် ဧပြီလမှ စတင်ရပ်ဆိုင်းမည်



မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့် ပေးထားခြင်းကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ရေလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ ရလဒ်အဖြစ် Fishing Rights အစီအစဉ်အရ နိုင်ငံခြား ငါးဖမ်းရေယာဉ်များအား ငါးဖမ်းဆီးခွင့် မပြုသင့်ကြောင်း ဆုံးဖြတ်ရရှိခဲ့ခြင်း၊ ငါး/ပုစွန် သယံဇာတကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ခြင်း၊ တိုင်းရင်းသား လုပ်ငန်းရှင်များ ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရေးတို့အတွက် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီမှောင်ခို တင်သွင်းသည့် ဆီသင်္ဘောများအား စစ်ဆေး အရေးယူမည်


ဆီမှောင်ခို တင်သွင်းသည့် ဆီသင်္ဘောများအား စစ်ဆေး အရေးယူနိုင်ရန် ရေကြောင်းရဲတပ်ဖွဲ့မှ သင်္ဘောနှစ်စင်း အကူအညီတောင်းထားပြီး သင်္ဘောရသည့် အချိန်တွင် စတင်စစ်ဆေးမည်

ဆီမှောင်ခို တင်သွင်းသည့် ပြည်တွင်း ပြည်ပ ဆီတင်သင်္ဘောများအား လိုက်လံ စစ်ဆေးနိုင်မည့် သင်္ဘောနှစ်စင်း အသုံးပြုခွင့်ရရန် ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံထားပြီး အဆိုပါ သင်္ဘောနှစ်စင်း ရရှိသည့်အချိန်တွင် ဆီမှောင်ခိုတင်သွင်းသည့် သင်္ဘောများအား စတင်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။

ယခင်က ရွှေသံလွင်ကုမ္ပဏီ အပါအ၀င် ဆီမှောင်ခိုကုန်သွယ်သူများသည် ပါမစ်ပါတန်ချိန်ထက် ပိုမိုတင်ဆောင်ကာ တရားမ၀င်တင်သွင်းခြင်း၊ မော်လမြိုင် ရေလမ်းကြောင်းတစ်လျှောက် ဖမ်းဆီးပြီးနောက် ရန်ကုန်သို့မ၀င်ဘဲ ဧရာဝတီတိုင်း ဒေသကြီးဘက်သို့ လမ်းကြောင်းပြောင်းကာ မှောင်ခိုကုန်သွယ်မှု ပြုလုပ်ခြင်းအချို့ ရှိခဲ့သည့်အတွက် ထိုသို့ကုန်သွယ်မှု မပြုနိုင်စေရန် စက်သုံးဆီတင်သင်္ဘောများအား စစ်ဆေးရခြင်းဖြစ်ကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့သည် လက်ရှိအချိန်၌ ရေကြောင်းမှ တရားမ၀င်ကုန်သွယ်မှုများကို စစ်ဆေးလျှက်ရှိရာ ကမ်းရိုးတန်းသွား ကုန်သင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းများတွင် တရားမ၀င် ကုန်ပစ္စည်းများ သယ်ဆောင်လာမှု ရှိ / မရှိ၊ ခွင့်ပြုလိုင်စင်ပါ ပမာဏထက် ပိုမိုတင်ဆောင်လာခြင်း ရှိ / မရှိတို့ကို အဓိကထား စစ်ဆေးလျှက်ရှိသည်။

Saturday, November 9, 2013

တိုင်ဖွန်းမုန်တိုင်းဟိုင်ယန်ကြောင့် အပျက်အစီးမှတ်တမ်းပုံများ

သမိုင်းတစ်လျောက်အင်အားအပြင်းထန်ဆုံးလို့သတ်မှတ်ချင်းခံရတဲ့ တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် ဟာယနေ့
မှာ ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်ခဲ့ပါတယ်။ တစ်နာရီကိုလေပြင်းတိုက်ခတ်နှုန်း၁၇၀မိုင်နှုန်းကျော်
တိုက်ခတ်ခဲ့တာမို့ မုန်တိုင်းလမ်းကြောင်းတစ်လျောက်မှာရှိတဲ့အဆောက်အဦးတွေကိုပြားပြားဝပ်သွားစေခဲ့
ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း၁၀၀ကျော်သေဆုံးခဲ့ပြီး လူဦးရေ ၄ သန်းလောက်အတိဒုက္ခရောက်ခဲ့
ရပါတယ်။ ရာပေါင်းများစွာသောအိမ်တွေဟာလဲပြိုခဲ့ရပြီး လမ်းတွေမှာလည်းရေကြီးရေလျှံခြင်းတွေဖြစ်ပေါ်
ခဲ့တယ်လို့သိရှိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မနေ့က လေတီ Layte နှင့် ဆမာ Samar ကျွန်းတွေမှာ ၁၉ ပေအမြင့်ရှိတဲ့လှိုင်းလုံး
ကြီးများရိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ ယခုဆိုလျှင် မုန်တိုင်းဟာ ဖိလစ်ပိုင်ကျွန်းမကြီးကိုတိုက်ခတ်ဖြတ်
ကျော်ခဲ့ပြီး လာအိုနှင့်ဗီယက်နမ်နိုင်ငံဘက်ကိုဆက်လက်ဦးတည်ရွှေ့လျားလျက်ရှိပါကြောင်းတင်ပြလိုက်ရ
ပါတယ်ခင်ဗျား။

တိုင်ဖွန်း-ဟိုင်ယန်ကိုအာကာမှတွေ့မြင်ရစဉ်

မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းနှင့်လေတိုက်နှုန်းပြမြေပုံ

နာမည်ကြီးနေသည့် ခွန်ဒီးယမ် အကောင့် Hack ခံရ


ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူဟု ယူဆရသည့် နာမည်ကြီး facebook အကောင့် တစ်ခု Hack ခံရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နီးစပ်သူဟု လူသိများပြီး ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းအချို့ကို ဦးဆုံးထုတ်ပြန်နေသည့် ခွန်ဒီးယမ် ဟူသော... အကောင့်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ ခန့်က Hack ခံထားရကြောင်း ၎င်း၏ Facebook အသစ်တွင် ကြေညာထားသည်။ အကာင့် Hack သူများကို တပ်မတော်သားများ နှင့် မိုးစက်ဝိုင် ဟု စွပ်စွဲထားပြီး အကောင့်ပြန်ရဖို့ အကူအညီတောင်းထားကာ မရနိုင်ပါက ဖျက်ဆီးပေးကြရန် ရေးသားထားသည်ကို တွေ့ရသည်။

ခွန်ဒီးယမ် ၏ ရေးသားချက်အပြည့်အစုံမှာ


"မိုးစက်ဝိုင် နဲ့ အပေါင်းအပါ.... ပြည်သူ့ပိုက်ဆံနဲ့ စားသောက်ကျောင်းတက်နေတဲ့ မသမာသူ စစ်ခွေးတွေ လက်ချက်ကြောင့် account ဘာမှလုပ်လို့မရတော့ဘူး.... ဒီးယမ်ရဲ့ fri တွေကိုတောင်းပန်ပါတယ်.... Facebook နဲ့ဆက်သွယ်ပြီး အကောင့်ပြန်ရအောင်လုပ်နေတာ ပြန်ရဖို့မသေချာတော့ဘူး.... လုပ်တတ်တဲ့လူတွေရှိရင် ကူညီပေးပါ.... မရတော့ဘူးဆိုရင်လဲ အရင်အကောင့်ကို ဝိုင်းပြီး Report လုပ်ပေးကြပါ.... သူငယ်ချင်းများအားလုံး ဒီအကောင့်ကို အပ်ပေးပါ....

ဘယ်လိုပဲ အောက်တန်းကျတဲ့နည်းလမ်းနဲ့ တိုက်ခိုက် တိုက်ခိုက် ရပ်တန့်မှာမဟုတ် ဘူး..."

ဟူ၍ https://www.facebook.com/tawwin.daund.1 တွင် ရေးသားထားသည်။

MEG

Credit to >>   Phay Sit Gyi << 

Friday, November 8, 2013

အဘ သခင် ဦးလှကြိုင် ၏ရာဇဝင်အကျဉ်းချုပ်



(၁) အမည်- ဦးလှကြိုင်

(၂)မွေးနေ့-၁၂၄၈ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်

(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ

(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)

(၅)အမိ အမည်-ဒေါ်တိုး

(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား

(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)

(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊

သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]

စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင်ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊ဖက်စစ်တော်လှန်ရေးတွင်သာယာဝတီအ
နောက်ခြမ်းနှင့်မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။

တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်ကြီး)ရာထူးထိရရှိပြီး လစာ ၅၅ိ/- ရရှိခဲ့ပါသည်။
တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစား
ယူခဲ့ပါသည်။

တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။

ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်
ဖြင့်လူရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း
ရွှေ့ပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့်
အတူနေထိုင်လျှက်ရှိပါသည်။

လက်တလော ကူညီမူ့များ
================
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်
များကိုလည်း မွေးရေ /ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်မှထောက်ပံ့လှူ
ဒါန်းမည်ဖြစ်ပါသည် ။

(ဘာလုပ်ပေးမလဲဆိုတာလောလော ဆယ်အတိအကျမဖြေနိုင်သေးပါသဖြင့်နားလည်ပေးပါရန်၊ အဘ ၏ဖြစ်စဉ် အွန်လိုင်းပေါ် ရောက်အောင်ပို့ဆောင်ပေးသူကိုလဲကျေးဇူးတင်ရှိပါသည်။လေးစားပါတယ်ခင်ဗျာ) Post By -Yaung Ni Oo
Photo by- Kyi Linn

Credit and Thanks to >>  အဘ ဥက္ကာကိုကို  <<