Tuesday, November 12, 2013

အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား RFA သို့ မိန့်ကြားသွားတဲ့ ရွှေည၀ါဆရာတော်


အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အခု ဂျပန်မှာ ရောက်တော့်အင်တာနက်စာမျက်နှာတွေအပေါ်မှာ ဘုန်းကြီးဖတ်ရတယ်၊ ဖတ်ရတော့ စိတ်ထဲမှာ ပူပန်မိတယ်၊ ညီညွတ်မှု မရှိဘူးလား၊ ဆုံးဖြတ်ချက်တွေ ကွဲပြားနေကြသလား၊ ဦးတည်ချက်တွေ လွဲမှားနေကြသလား။ မီဒီယာတွေကလဲ မီဒီယာသတ်ကွင်းထဲကို သွင်းပြီးတော့၊ မီဒီယာကျင့်ဝတ်ကို ကျော်ပြီး ကျုပ်တို့ နိုင်ငံရဲ့ အခြေအနေကို ခြောက်ထဲဆွဲချရုံသာမက၊ ကျုပ်တို့ရဲ့ နိုင်ငံတော်၊ သာသနာရေး၊ ဘာသာရေးကိုပါ တကွဲ တခြား အထိ အမြင်မှားအောင် ရေးသား ဖော်ပြတာတွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပူပန်မိတယ်။ ဒီတော့ မြန်မာပြည်အတွင်း အဓိကဆရာတော်တွေဆီကို ဖုန်းဆက်ပြီး မေးကြည့်တော့ ' တို့ တစ်တွေ အားလုံး ညီညွတ်ပါတယ်၊ အောင်မြင်ပါတယ်၊ အမျိုးစောင့်ဥပဒေကိုလဲ သဘောကျပါတယ်၊ ၉၆၉ ကိုလဲ ငြိမ်းချမ်းရေး သင်္ကေတတံဆိပ်အဖြစ် အားလုံး သဘောတူ ဆန္ဒတူနဲ့ လက်မှတ် ရေးထိုး ကြပါတယ် ' လို့ ပြောပါတယ်။ 

ဒီတော့ ပြည်တွင်း ပြည်ပ မီဒီယာများကို ဘုန်းကြီးအနေနဲ့တောင်းပန်ချင်တယ်၊ ကျုပ်တို့နိုင်ငံ ကုန်းရုန်းပြီး ထနေတဲ့အချိန်မှာ ၀ိုင်းဝန်းပြီး ထူ မပေးတဲ့ အပြင် ခြောက်ထဲကို တွန်းချတာမျိုး မလုပ်ပါနဲ့လို့ မီဒီယာလောကကို တောင်းပန်ပါတယ်။ အမေး............. အရှင်ဘုရား မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ကို လက်ထပ်တယ်ဆိုလို့ရှိရင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ် ဆိုတာကို အရှင်ဘုရား ဘယ်လို မြင်ပါသလဲ ဘုရား။ အဖြေ... အဲ့ဒါ ဘုန်းကြီးကိုယ်တိုင် သဘောကျတဲ့ အမျိုးစောင့် ဥပဒေပဲလေ၊ ဒါဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလာဒေးခ်ျ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ အကြောင်းကို ပြန်လျောကြည့်မယ်ဆိုရင် ဒီလို အမျိုးစောင့် ဥပေဒကို ခိုင်မာစွာ မတည်ဆောက်ခဲ့တာကြောင့် ကျုပ်တို့ ဗုဒ္ဓဘာသာတွေဟာ လူမျိုး ၀ါးမျိုမှု အရင်ဆုံး ခံရပြီး နောက်ဆုံး အစ္စလာမ်နိုင်ငံတွေ ဖြစ်သွားပြီး ဗုဒ္ဓဘာသာ လုံးဝ ပျောက်ကွယ် သွားရတယ်။ အဲ့ဒါကို သိတဲ့ လိကွမ်ယုက စင်္ကကာပူနိုင်ငံ ၁၉၆၅ -ခုနှစ် နောက်ပိုင်းမှာ မလေးရှားနဲ့ အင်ဒိုနီးရှား ကြားမှာ ညပ်နေတဲ့ လက်ဝါးလောက်ရှိတဲ့ သူ့တိုင်းပြည်လေးကို ဒီလိုမျိုး မပျောက်ပျက် မသွားအောင် သမိုင်းမှတ်တိုင် တစ်ခု အနေနဲ့ သူတို့ ပြည် အနာဂါတ်ကို ကျနစွာ ပုံဖော်ပြီး၊ အမျိုးစောင့် ဥပဒေကို သေချာ သတ်မှတ်ခဲ့တယ်။ ဒီတော့ ကျုပ်တို့ နိုင်ငံကလဲ ဒါကို အတုယူပြီး စံအနေနဲ့ သဘောထားပြီး အလွှတ်တော်ကို တင်ပြထားသင့်တယ်လို့ ထင်တယ်လေ၊ ဒါ မတရားသဖြင့် တင်တာမဟုတ်ဘူး ၊ ကိုယ့်တိုင်းပြည်ရဲ့ စည်းကို လုံအောင် ကာကွယ်ဖို့၊ တိုင်းပြည် မပြိုကွဲဖို့၊ လူမျိုး မပျောက်ကွယ်ဖို့ ဘာသာသာသနာ မပျောက်ဖို့ ကိုယ့်တံခါးကို လုံအောင် ပိတ်တဲ့ သဘောပါ။ ဘယ်ဘာသာ၊ ဘယ်လူမျိုးခြားကိုမှ တိုက်ခိုက် ထိုးနှက်တဲ့ ဆန္ဒမျိုး လုပ်တာမဟုတ်ဘူး ဆိုတာ ဖြေရှင်းရဲပါတယ်။ ကိုယ်ပြောတဲ့ စကားကို ကိုယ် တာဝန်ယူရဲတယ်။ 

အမေး......... တင်ပါ့ဘုရား၊ ဒီနေ့ ကြောငြာတစ်ခုမှာ အမျိုးသမီး အဖွဲ့အစည်းတစ်ခုမှာ အမျိုးသမီး အချို့က လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ သူတို့ရဲ့ အခွင့်အရေးဖြစ်တယ် ဆိုတာ ပြောဆို ဝေဖန်ကြတာ အရှင်ဘုရား ဘယ်လို မြင်ပါသလဲ ဘုရား။ အဖြေ.......... အမျိုးသမီးတချို့ဆိုတာ ဒေါ်အောင်ဆန်း စုကြည်ကို ဆိုလိုတာလား။ (မဟုတ်ပါဘူးဘုရား) ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ယောက်အနေနဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင်အရေး ရှု့ဒေါင့်ကနေကြည့်ရင် ဒါဟာ ချိုးဖောက်တယ် ဆိုတာ၊ သူဖြေတာ မှန်ပါတယ်လေ...ဘာဖြစ်လို့လဲဆိုတော့ သူဟာ အလုပ်သဘော ထဲမှာ မေးတာမျိုး မဟုတ်ဘဲ၊ အလွတ်သဘောမျိုးမှာ မေးတာဆိုတော့ မီဒီယာ လောက ထောင်ချောက်ဆင်မေးတဲ့ မေးခွန်းမျိုးဆိုတော့ ... ခက်တယ်လေ။ အမျိုး သားရေးနဲ့ ပတ်သက်လို့ ရှိရင် အသက်ပေးဖို့ ၀န်မလေးဘူး။ ဒီနေရာမှာ အမေရိကန် ကိုယ်တိုင်ကိုယ်က ဒီမိုကရေစီ လူ့ အခွင့်အရေးကို တကယ် ကိုပဲ ခြောက်ပြစ်ကင်း သဲလဲစင် ကျင့်သုံးသလားလို့ မေးရင် ကျုပ်မှာ ဖြေစရာတွေ အများကြီးရှိတယ်။ အီရတ်ကို မတရားတိုက်တာ လူ့အခွင့်အရေးကို ချိုးဖောက် တာပဲလေ၊ ဒါတွေကို ပြောကြမယ်ဆိုရင် အချို့ဒေသတွေ ဟို ( မက်ဇီကန်)တွေကို တရားဝင်အဖြစ် ဗီဇာမပေးပဲနဲ့၊ လယ်သမားတွေကို ပြစ်သတ်ခိုင်းတာတွေ ကို ကျုပ်ကိုယ်တိုင် မြင်ခဲ့တာပဲ။ဒါ လူသားချင်း စာနာစိတ် မရှိတာပဲ။ 

လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ .. အမေရိကန် နိုင်ငံထဲမှာကိုက လူ့အခွင့်အရေးတွေ ချိုးဖောက်တာမျိုးတွေ ရှိနေတာ ဆိုတော့........ ဒါ ဘာဖြစ်လို့လဲ လို့ မေးရင်......... အမျိုးသားရေး အကျိုးစီးပွားကို ရှေးရှုလာမယ်ဆိုရင်.. လူ့ အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာ ရှိသလို။ မသိမသာ ချိုးဖောက်တာတွေလဲ ရှိတာပဲ။ ကျုပ်တို့ တိုင်းပြည်က လူ့အခွင့်အရေး နည်းနည်းလေး ချိုးဖောက်တာကို အများကြီး အကျယ်ချဲ့ပြီး ပြောနေကြတာ တွေကတော့ လွန် လွန်းတယ်လို့ ကျုပ်ကတော့ ယူဆတယ်။ (တင်ပါဘုရား)။ ( အလွန်ကောင်းတဲ့ ဖြေကြားချက်မို့ အသံဖိုင်မှ တဆင့် စာမျက်နှာသို့ ကူးယူ ဖော်ပြလိုက်ပါတယ်။ မူရင်အသံဖိုင်ကို နားထောင် ချင်သပဆိုရင် ဗဟုသုတဟင်းပေါင်း အိုးကြီး ဆီသို့ ကြွ။) ..........................................အရှင်သောပါက၊ ပြင်ဦးလွင်

Credit and Thanks to >>   Ven Sopaka  <<

No comments:

Post a Comment