Sunday, February 22, 2015
လောက်ကိုင်အရေးနှင့်တရုတ်ပြည်အနေအထား
လောက်ကိုင်ကိစ္စနှင့်ပတ်သက်၍ မြန်မာလူထုအတွင်း အမျိုးသားရေး အမြင်များ အပြင်းအထန်ပေါက်ကွဲမှုရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ဖုန်ကြားရှင် ကိုယ်တိုင်က ကမ္ဘာအရပ်ရပ်ရှိ တရုတ်များကို အကူအညီတောင်းကာ သူ့ဘက်က ရပ်တည်ပေးရန် ကြေငြာချက်ထုတ်ခဲ့သဖြင့် တစ်ချိန်က တိုင်းရင်းသားခေါင်းဆောင်အဖြစ် နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးခဲ့သော မြန်မာပြည်ကို ခြေစုံကန်ခဲ့ခြင်းဖြစ်၍ မြန်မာလူမျိုးတို့ က အမျိုးသားသစ္စာဖောက်အဖြစ် ဒေါသအမျက်ပြင်းထန်ခဲ့သည်။
ကိုးကန့်သည် တရုတ်ပြည်ဟန်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်သည်။ တရုတ်ပြည်ကို အင်္ဂလိပ်နှင့် အမေရိကန်တို့ စိတ်ကြိုက်ခြယ်လှယ်ခဲ့စဉ်က အင်္ဂလိပ်ပိုင်မြန်မာမြေထဲ တရုတ်ပြည်ကခွဲထုတ်ကာ ထည့်ခဲ့သည်။ ထိုသမိုင်းသည် ကိုးကန့်အရေးအခင်းကြောင့် ပြန်လည်ရှင်သန်လာသည်။ တရုတ်အင်တာနက်စာမျက်နှာများတွင် နေရာယူလာပြီး တရုတ်လူငယ်များအတွင်း သူတို့မြေကို အင်္ဂလိပ်က သူများပေးခဲ့သည်ဟု ရှုမြင်မှုတွေ ထွက်လာပြီး ကိုးကန့်ကို တိုက်ခိုက်မှုကြောင့် မြန်မာအပေါ် မုန်းတီးလာသည်။ မြန်မာအင်တာနက် စာမျက်နှာများတွင်လည်း တရုတ်မုန်းတီးရေးစိတ်များလှုံ့ဆော်မှုများကို ပြန်လည်ထောက်ပြကြသည်။
Sunday, February 15, 2015
ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကြီးတွင် ကျင်းပသော မီးထွန်းဆုတောင်းပွဲ
ဒီနေ့ ညနေ ဗုဒ္ဓဂယာ ၊မဟာဗောဓိစေတီတော်မှာ..
အမိမြန်မာပြည်ကြီးငြိမ်းချမ်းဖို့ နဲ့ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများဘေးအန္တရာယ်ကင်းရှင်းစေရန်၊တိုက်ပွဲမှာကျဆုံးခဲ့တဲ့
တပ်မတော်သားတွေလည်း ကောင်းရာသုဂတိရောက်စေ
ဖို့ ဆုတောင်း အမျှဝေတဲ့ပွဲလေးကိုတက်ရောက်ဖြစ်ခဲ့တယ်။
ရတနာသုံးပါးရဲ့ ဂုဏ်တော် တွေကို အာရုံပြု ပြီး ပန်း၊ရေချမ်း၊ဆီးမီး တွေကို မဟာဗောဓိစေတီတော်မြတ်ကြီးရဲ့
ဆီမီးပူဇော်တဲ့နေရာ ပူဇော်ခဲ့ကြပါတယ်..။
ပရိတ်တရားတွေလည်း ရွတ်ဖတ်ပူဇော်ပြီး အမျှဝေခဲ့ကြပါတယ်..။
ဒီနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့်
အမိမြန်မာပြည်ကြီးငြိမ်းချမ်းပါစေ..။
တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်မတော်သား
ရဲဘော်တွေလည်း ဒီနေ့ပြု
လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကို အမျှရပြီး ကောင်းရာသုဂတိသို့ရောက်ရှိပါစေ..လို့ဆုတောင်းမေတ္တာ
ပို့သ အမျှဝေပါတယ်..။
Ven Dhammika ၏ဖေ့ဘုတ်ပိုစ့်ကို ကူးယူဖော်ပြပါသည်။
Saturday, February 14, 2015
ကျုးကျော်သူများကို တိုက်ထုတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသရှိ တိုက်ပွဲများမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အချုပ်အခြာအာဏာ ထိပါးကျူးကျော်ခံရသည့် သဘောမျိုး ဖြစ်နေသောကြောင့် ကျူးကျော်လာသူများကို အနိုင် တိုက်ထုတ်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင် ဧည့်ရိပ်သာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ ၃ နာရီ နီးပါးကြာ တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး တပ်မတော်၏ ရပ်တည်ချက်၊ သဘောထား၊ တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ယင်းလက်နက်ကိုင် အဖွဲ့တွင် ပါဝင်နေသူများ၏ အခြေအနေကို ရှင်းပြခဲ့ကြောင်း စာနယ်ဇင်း ကောင်စီဝင်များထံမှ သိရသည်။
နယ်စပ်မြို့တော်မှ စိန်ခေါ်မှုများ (၁၀) (သေမင်းခံတွင်းမှာ ခဏတာ)
၁၁.၂.၂၀၁၅ နံနက် ၈နာရီခွဲခန့်။ လောက်ကိုင် - လားရှိုး အဝေးပြေးလမ်းမပေါ်ရှိ ကားတစ်စင်းထဲတွင် ကျွန်တော်ရှိသည်။ ကားကလေးသည် လျင်မြန်စွာမောင်းလျက်။ နောက်ခန်းတွင် လူလေးယောက်ထိုင်နေသော်လည်းကျပ်သည်ဟုမတွေးမိ။ ကိုယ်အိမ်ကိုယ်ပြန်လာသော်လည်းပျော်ရွှင်ကြည်နူးမှုကိုမခံစားနိုင်။ မြူနှင်းဝေေ၀နှင့် စိမ်းစိုနေသောတောင်ပေါ်ဒေသအလှတရားကိုမေ့လျော့ရင်း။ ကားကလေး၏ သွားနှုန်းနှေးလွန်းသည်ထင်၏။ ဖြစ်နိုင်လျှင် ဤအရပ်ဒေသမှ အတောင်ပံဖြင့် ပျံပြေးချင်၏။ လူတိုင်း၏ရင်တွင် ထိတ်လန့်ဖွယ် ကြောက်ရွံ့ဖွယ် ခံစားချက်များက ကြီးစိုးလျက်။ ကားလမ်းနံဘေးရှိ သံလွင်မြစ်ကြီးကလူသားတို့၏ခံစားချက်ကိုမသိကျိုးကျွန်ပြု၍ တသွင်သွင်စီးဆင်းနေရက်သည်။
ဤအိပ်မက်ဆိုး၏ အစသည်ကား. . .
____________________
(၁)
၁၀.၂.၂၀၁၅ ည ၁၁နာရီခန့်။ ဆေးရုံဝန်ထမ်းအိမ်ယာ ကျွန်တော့်အခန်းထဲတွင် ထုံးစံအတိုင်းကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေစဉ်။
ဒက် ဒက် ဒက် ဒက်
မြို့ထဲမှ အနီးကပ် ဆူညံစွာထွက်လာသောသေနတ်သံများကြောင့် ခေါင်းနပမ်းကြီးသွားသည်။ ရုပ်ရှင်ကြည့်ရင်းသာ ကြားဖူးသောစက်သေနတ်သံများအမှန်တစ်ကယ်ထွက်ပေါ်လာခဲ့ပြီ။ မြို့ထဲတွင် ဟိုမှသည်မှ ပျံနှံ့လျက်။ တဆတ်ဆတ်တုန်နေသောလက်ဖြင့် ကွန်ပျူတာနှင့် မီးကိုပိတ်၍ အတွင်းဖက်ခန်းထဲသို့ ၀င်ပြေး၏။ ပြူတင်းပေါက်လုံးဝမရှိသောထိုအခန်းသည် သေနတ်ကျည်ဆံကိုကောင်းစွာကာကွယ်ပေးနိုင်လိမ့်မည်ထင်၏။ ပွစိတက်နေသောဆေးပစ္စည်းများကိုတွန်းဖယ်ရင်း Sun company မှ ပေးထားသောတစ်ခါမှအသုံးမပြုဖြစ်သေးသော map ကိုဖြန့်ခင်းသည်။ တုန်နေသောလက်ကြောင့် ခရီးမတွင်လှ။ ၄င်းပေါ်တွင်ထိုင်ပြီးချိန်၌ ရသမျှဘုရားစာများကိုအမြီးအမောက်မတည့်စွာ ရွတ်ဆိုနေမိတော့သည်။ ဘုရားသာလျှင် အားကိုးရာဖြစ်တော့သည်ကိုး။ အရေးထဲဖုန်းကမြည်လာသည်။
သင်တန်းတက်ရန် လားရှိုးသွား၍ စစ်ပွဲနှင့်လွဲသွားသော DMO က အခြေအနေစုံစမ်းခြင်းပင်။ ဖုန်းသံ မြန်မြန်ပျောက်စေရန် ကမန်းကတန်းကိုင်လိုက်သည်။ သွားကြားမှလာသောလေသံကိုအသုံးပြု၍ နှုတ်ဖျားဖြင့်ဖြေရသည်။
စက်သေနတ်သံများပိုမိုကျယ်လောင်လာသည်။ နှာခေါင်းထဲယမ်းနံ့ရသလိုလိုထင်မိ၏။ စိတ်ထင်၍လည်းဖြစ်နိုင်သည်။ ပြေးလာသောခြေသံများကြား၏။ ခွေးဟောင်သံများဆူညံသွား၏။ ဘုရားဘုရားဘယ်တော့များ ငါ့အခန်းကိုလာခေါက်မလဲ။ ပိန်းပိတ်အောင်မှောင်သောအမှောင်ထုတွင် တစ်ယောက်တည်းနေရခြင်းကအလွန်မွန်းကျပ်စေသည်။ လက်ထဲတွင် AAA size ဓာတ်ခဲတစ်လုံးထည့်ထားသောဓာတ်မီးလေးကိုင်ထားသော်လည်းမဖွင့်ရဲ။
ဤတစ်ကြိမ်တွင် Silent လုပ်ထားသောဖုန်းမှ vibration ရပြန်သည်။ ဖုန်း call တစ်ခုလာပြန်ပြီ။ ကိုင်လိုက်တော့
“ဆရာ ၀န်ထမ်းတွေအားလုံး sister အိမ်မှာစုနေကြတယ်။ ဆရာကြောက်ရင်လာခဲ့ပါလား” ဆေးဆိုင်ပိုင်ရှင်ထံမှ ဖုန်းဖြစ်သည်။
မသွားရဲ။ သို့သော် သူတို့လာခေါ်မည်ဟုဆိုသည်။ ရင်လေးစွာဖြင့် လက်ခံလိုက်မိသည်။ ကိုယ့်ကိုယ်ကိုလည်းဆုံးဖြတ်ပြီးမှ မှားသွားလားဟုတွေးမိသည်။ တွေးရမည့်အချိန်မဟုတ်။ အသင့်ပြင်ထားသောကျောပိုအိတ်ကိုလွယ်လိုက်သည်။ အရေးထဲအိမ်ကိုခပ်ရန်သော့ခလောက်ရှာမတွေ့။ အမှောင်ထဲတွင် ဓာတ်မီးလေးကိုလက်ဖြင့်အုပ်ကာဖွင့်၍ရှာသည်။ မတွေ့ မတွေ့ မတွေ့။ သော့ခလောက်ရောသော့တံပါ အပြင်တွင် တွဲလောင်ကျန်ခဲ့ခြင်းဖြစ်နိုင်သည်။ ဖွင့်မကြည့်ရဲ။
“ဆရာ”
ခေါ်သံကြားမှ တံခါးဖွင့်သည်။ မျှော်လင့်ထားသကဲ့သို့ သော့ကိုမတွေ့။ အိမ်ထဲတစ်ခေါက်ပြန်ဝင်၍ ရှာရပြန်သည်။ တွေ့ပြီ။ အပြင်ထွက်သည်။ တုန်ရင်သောလက်ဖြင့် အမှောင်ထဲတွင် သော့ခတ်မရ။ ယောင်ယမ်းပြီးမီးဖွင့်မိသည်။ ဆေးဆိုင်ပိုင်ရှင်ကကဗျာကယာတား၏။ ဆူညံသောသေနတ်သံများကြားသော့ခတ်နေသောတစ်ခဏသည် တစ်ကမ္ဘာမျှ ကြာသည်ထင်၏။ နောက်ဆုံးတွင် အမှောင်ထဲ၌ပင် ၀န်ထမ်းများစုစည်းရာသို့ ရောက်ခဲ့သည်။
ဤအိပ်မက်ဆိုး၏ အစသည်ကား. . .
____________________
(၁)
၁၀.၂.၂၀၁၅ ည ၁၁နာရီခန့်။ ဆေးရုံဝန်ထမ်းအိမ်ယာ ကျွန်တော့်အခန်းထဲတွင် ထုံးစံအတိုင်းကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေစဉ်။
ဒက် ဒက် ဒက် ဒက်
မြို့ထဲမှ အနီးကပ် ဆူညံစွာထွက်လာသောသေနတ်သံများကြောင့် ခေါင်းနပမ်းကြီးသွားသည်။ ရုပ်ရှင်ကြည့်ရင်းသာ ကြားဖူးသောစက်သေနတ်သံများအမှန်တစ်ကယ်ထွက်ပေါ်လာခဲ့ပြီ။ မြို့ထဲတွင် ဟိုမှသည်မှ ပျံနှံ့လျက်။ တဆတ်ဆတ်တုန်နေသောလက်ဖြင့် ကွန်ပျူတာနှင့် မီးကိုပိတ်၍ အတွင်းဖက်ခန်းထဲသို့ ၀င်ပြေး၏။ ပြူတင်းပေါက်လုံးဝမရှိသောထိုအခန်းသည် သေနတ်ကျည်ဆံကိုကောင်းစွာကာကွယ်ပေးနိုင်လိမ့်မည်ထင်၏။ ပွစိတက်နေသောဆေးပစ္စည်းများကိုတွန်းဖယ်ရင်း Sun company မှ ပေးထားသောတစ်ခါမှအသုံးမပြုဖြစ်သေးသော map ကိုဖြန့်ခင်းသည်။ တုန်နေသောလက်ကြောင့် ခရီးမတွင်လှ။ ၄င်းပေါ်တွင်ထိုင်ပြီးချိန်၌ ရသမျှဘုရားစာများကိုအမြီးအမောက်မတည့်စွာ ရွတ်ဆိုနေမိတော့သည်။ ဘုရားသာလျှင် အားကိုးရာဖြစ်တော့သည်ကိုး။ အရေးထဲဖုန်းကမြည်လာသည်။
သင်တန်းတက်ရန် လားရှိုးသွား၍ စစ်ပွဲနှင့်လွဲသွားသော DMO က အခြေအနေစုံစမ်းခြင်းပင်။ ဖုန်းသံ မြန်မြန်ပျောက်စေရန် ကမန်းကတန်းကိုင်လိုက်သည်။ သွားကြားမှလာသောလေသံကိုအသုံးပြု၍ နှုတ်ဖျားဖြင့်ဖြေရသည်။
စက်သေနတ်သံများပိုမိုကျယ်လောင်လာသည်။ နှာခေါင်းထဲယမ်းနံ့ရသလိုလိုထင်မိ၏။ စိတ်ထင်၍လည်းဖြစ်နိုင်သည်။ ပြေးလာသောခြေသံများကြား၏။ ခွေးဟောင်သံများဆူညံသွား၏။ ဘုရားဘုရားဘယ်တော့များ ငါ့အခန်းကိုလာခေါက်မလဲ။ ပိန်းပိတ်အောင်မှောင်သောအမှောင်ထုတွင် တစ်ယောက်တည်းနေရခြင်းကအလွန်မွန်းကျပ်စေသည်။ လက်ထဲတွင် AAA size ဓာတ်ခဲတစ်လုံးထည့်ထားသောဓာတ်မီးလေးကိုင်ထားသော်လည်းမဖွင့်ရဲ။
ဤတစ်ကြိမ်တွင် Silent လုပ်ထားသောဖုန်းမှ vibration ရပြန်သည်။ ဖုန်း call တစ်ခုလာပြန်ပြီ။ ကိုင်လိုက်တော့
“ဆရာ ၀န်ထမ်းတွေအားလုံး sister အိမ်မှာစုနေကြတယ်။ ဆရာကြောက်ရင်လာခဲ့ပါလား” ဆေးဆိုင်ပိုင်ရှင်ထံမှ ဖုန်းဖြစ်သည်။
မသွားရဲ။ သို့သော် သူတို့လာခေါ်မည်ဟုဆိုသည်။ ရင်လေးစွာဖြင့် လက်ခံလိုက်မိသည်။ ကိုယ့်ကိုယ်ကိုလည်းဆုံးဖြတ်ပြီးမှ မှားသွားလားဟုတွေးမိသည်။ တွေးရမည့်အချိန်မဟုတ်။ အသင့်ပြင်ထားသောကျောပိုအိတ်ကိုလွယ်လိုက်သည်။ အရေးထဲအိမ်ကိုခပ်ရန်သော့ခလောက်ရှာမတွေ့။ အမှောင်ထဲတွင် ဓာတ်မီးလေးကိုလက်ဖြင့်အုပ်ကာဖွင့်၍ရှာသည်။ မတွေ့ မတွေ့ မတွေ့။ သော့ခလောက်ရောသော့တံပါ အပြင်တွင် တွဲလောင်ကျန်ခဲ့ခြင်းဖြစ်နိုင်သည်။ ဖွင့်မကြည့်ရဲ။
“ဆရာ”
ခေါ်သံကြားမှ တံခါးဖွင့်သည်။ မျှော်လင့်ထားသကဲ့သို့ သော့ကိုမတွေ့။ အိမ်ထဲတစ်ခေါက်ပြန်ဝင်၍ ရှာရပြန်သည်။ တွေ့ပြီ။ အပြင်ထွက်သည်။ တုန်ရင်သောလက်ဖြင့် အမှောင်ထဲတွင် သော့ခတ်မရ။ ယောင်ယမ်းပြီးမီးဖွင့်မိသည်။ ဆေးဆိုင်ပိုင်ရှင်ကကဗျာကယာတား၏။ ဆူညံသောသေနတ်သံများကြားသော့ခတ်နေသောတစ်ခဏသည် တစ်ကမ္ဘာမျှ ကြာသည်ထင်၏။ နောက်ဆုံးတွင် အမှောင်ထဲ၌ပင် ၀န်ထမ်းများစုစည်းရာသို့ ရောက်ခဲ့သည်။
Monday, November 25, 2013
သွေးဆေးကန်အကြောင်း
ရွှေတိဂုံဘုရား
မြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကို ရန်ကုန်နေသူ တော်တော်များများ ရောက်ဖူး
ကြပါလိမ့်မည်။ ထိုသွေးဆေးကန် အကြောင်း သိသူများရှိသလို မသူများရှိသည့်အတွက်
သွေးဆေးကန်လို့
ခေါ်ရတဲ့ သမိုင်းကို ပြန်လည် ရေးသားလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနိုင်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်ကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သ ည်။
မုတ္တမ ခံတပ်တွင် မြန်မာစစ်သည် ၄ ထောင်ကျော် က ခုခံတိုက်ခိုက်သောလည်း
လူအင်အားမမျှခြင်း၊ လက်နက်အင်အားမမျှခြင်း၊ အင်္ဂလိပ်တို့က
အလစ်ဝင်ရောက်တိုက်ခိုက်သဖြင့် နေပြည်တော်မှ တပ်များမရောက်လာနိုင်ခြင်း၊ ခဲယမ်းမီးကျောက်များ ကုန်သွားခြင်းတို့ကြောင့် ဧပြီလ ၇ ရက်နေ့တွင် မုတ္တမမြို့ ခံတပ်ဟာ ကျ ဆုံးခဲ့ရပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်ကြောင်း၊ ရေကြောင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန်ကုန်မြို့ရဲ့  ရှေ့ ပြေးခံတပ် ဒလ ခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင် ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ ပါတယ်။ အင်္ဂလိပ်တပ်ဟာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ရွှေတိဂုံကုန်တော်ကို ထိုးစစ်ဆင်ရန် အပြင်းချီ တက်လာခဲ့ကြသည်။ ရွှေတိဂုံခံတပ်မရောက်မီ သိမ်ဖြူခံတပ်(ယခု သိမ်ဖြူ ဒေ၀သာဂရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် ၂ ဖက်စလုံး အကျအဆုံးများစွာ ရှိခဲ့ကြသည်။ ၂ ဖက်လုံးမှ စစ်သည် များသည် ဘီလူးသမျှ တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့ သည်။ မြန်မာများ များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရာရှိ ၂ ဦး အပါအ၀င် တပ်သားများစွာ ကျဆုံးခဲ့သည်။ နောက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များ ဧပြီလ ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ် ပေး ခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့ နောက်ဆုတ်လာသော တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသည်။
ခေါ်ရတဲ့ သမိုင်းကို ပြန်လည် ရေးသားလိုက်ရပါတယ်။
၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနိုင်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်ကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သ
ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်ကြောင်း၊ ရေကြောင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန်ကုန်မြို့ရဲ့  ရှေ့ ပြေးခံတပ် ဒလ ခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင် ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ ပါတယ်။ အင်္ဂလိပ်တပ်ဟာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ရွှေတိဂုံကုန်တော်ကို ထိုးစစ်ဆင်ရန် အပြင်းချီ တက်လာခဲ့ကြသည်။ ရွှေတိဂုံခံတပ်မရောက်မီ သိမ်ဖြူခံတပ်(ယခု သိမ်ဖြူ ဒေ၀သာဂရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် ၂ ဖက်စလုံး အကျအဆုံးများစွာ ရှိခဲ့ကြသည်။ ၂ ဖက်လုံးမှ စစ်သည် များသည် ဘီလူးသမျှ တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့ သည်။ မြန်မာများ များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရာရှိ ၂ ဦး အပါအ၀င် တပ်သားများစွာ ကျဆုံးခဲ့သည်။ နောက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များ ဧပြီလ ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ် ပေး ခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့ နောက်ဆုတ်လာသော တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသည်။
Thursday, November 21, 2013
ဖခင်ဗိုလ်ချုပ်နှင့်အတူ စွန့် လွှတ်စွန့် စား တိုက်ပွဲဝင်ခဲ့သော အဘိုး သခင်းလေးသောင် ကိုတွေ့ ပါပြီ
အိမ်စောင့် အစိုးရ တက်လာချိန်မှာ အစ ပထမ တော့ အနည်းအကျဉ်း ထောက်ပံ့တယ်
နောက်တော့ လိုက်လံဖမ်းဆီးတယ် သခင် လေးသောင် ဆို တောခိုသွား ရရှာတယ်
မထင် မရှား ဇာတ်မြှပ် နေခဲ့ကြတာ သူတို့ မိသားစု စားဝတ် နေ ရေးအတွက် ဘယ်သူကို မှ အပူမကပ်ပဲ အသက် ၉၄ နှစ် တန်ပေမယ့် လမ်းမ ပေါ်ပိုက်ဆံ ထွက်တောင်းနေရ ရှာတယ်
အခုလို ပဲခူးက သခင် လှမြိုင် အ ကြောင်း ကြားသိလိုက် ရလို့  သခင် တွေ ကို သခင် လိုပဲ မြင် ချင် တဲ့ ကျွန်တော် ဆန္ဒ တစ်ခု ပြည့်ဝ လို့  အရမ်းဝမ်းသာရပါတယ်ဗျာ
ကျွန်တော်ကြိုးစားပေးနေတာ တစ်နှစ်ကျော်ခဲ့ပါပြီ
အဘ သခင် လေးသောင် ကိုလည်း သခင် လို့ အသိမှတ်ပြုပေးကြပါအုံး လို မေတ္တာ ရပ် ခံ တင် ပြရင်း ဓာတ်ပုံ များကို တင်ပြ လိုက် ရပါတယ်
သခင် လှကြိုင် နဲ့ ကွဲကွာသွားကြတာ နှစ် ပေါင်းများစွာ ရှိခဲ့ပြီမို့ သခင် လှကြိုင် အသက် ရှင် လျက် ရှိနေ သေးကြောင်း ကြားသိရသည့် အတွက် အရမ်းဝမ်းသာ ၍ တွေ့ဆုံလိုပါ ကြောင်း ပြောလာပါသည်
ပိတောက် မြေ
https://www.facebook.com/
Also Credit to >> 1,000 Million Strong For Daw Aung San Suu Kyi in 2015's photo. <<
Wednesday, November 13, 2013
ယနေ့မြန်မာတွေ ဖူးမြော်နေရသော ဆူးလေစေတီတော်အား ဖျက်ဆီးခံရမည့်ဘေးမှ ကာကွယ်ခဲ့သူ အရှေ့တောင်အာရှ၏ အတော်ဆုံး မြန်မာပညာရှင်ကြီး(ယနေ့လူတို့ ဖတ်သင့်သည်)
စစ်တွေမြို့မှ ရွှေစလွယ်ရ သူဌေးကြီးဦးရဲကျော်သူ ဆိုလျှင် ရခိုင်သားများ
လောကတွင်မသိသူ မရှိသ လောက် ပင်ထင်ပေါ်ကျော်ဇောသည်။
သူ့သားဦးချန်ထွန်းကားအဖေခြေရာကိုနင်း၍ ထိုခေတ်ထိုအချိန်က မြန်မာနိုင်ငံမက
ဥရောပနိုင်ငံများ အထိပင် သူ့အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ
ပါရဂူ တစ်ဦးဖြစ်သည်။
ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦး ထွန်းကားခဲ့ရာ
သားယောက်ျားများမှာ ဦးကျော်ဦး၊ ဦး ချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊
ဦးသာဇံ၊ ဦးရွှေသာတို့ ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊
ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။ ဦးချန်ထွန်း အပါအ၀င်
သား(၆)ယောက်စလုံးသည် ထိုခေတ်က အင်္ဂလန် ကျောင်းတွင် ကျောင်းနေခဲ့ကြ၍
စာတတ်ပေတတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ညီအစ်ကို လေး ယောက် ဖြစ်သော
ဦးချန်ထွန်း အပါအ၀င် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့{
Barrister at Law) ကို ရရှိခဲ့ကြသူများ ဖြစ်သည်။ ဦးချန်ထွန်းသည် ဥပဒေဘွဲ့
နောက်ဆုံးနှစ် ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ
ဘာသာရပ်၊ အင်္ဂလိပ် လူမျိုးတို့၏ ရှေ့ ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ်
အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ၀ိတိုရိယဘုရင် မကြီး
ကိုယ်တိုင် ၀ိတိုရိယ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။
Tuesday, November 12, 2013
အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား RFA သို့ မိန့်ကြားသွားတဲ့ ရွှေည၀ါဆရာတော်
အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အခု ဂျပန်မှာ ရောက်တော့်အင်တာနက်စာမျက်နှာတွေအပေါ်မှာ ဘုန်းကြီးဖတ်ရတယ်၊ ဖတ်ရတော့ စိတ်ထဲမှာ ပူပန်မိတယ်၊ ညီညွတ်မှု မရှိဘူးလား၊ ဆုံးဖြတ်ချက်တွေ ကွဲပြားနေကြသလား၊ ဦးတည်ချက်တွေ လွဲမှားနေကြသလား။ မီဒီယာတွေကလဲ မီဒီယာသတ်ကွင်းထဲကို သွင်းပြီးတော့၊ မီဒီယာကျင့်ဝတ်ကို ကျော်ပြီး ကျုပ်တို့ နိုင်ငံရဲ့ အခြေအနေကို ခြောက်ထဲဆွဲချရုံသာမက၊ ကျုပ်တို့ရဲ့ နိုင်ငံတော်၊ သာသနာရေး၊ ဘာသာရေးကိုပါ တကွဲ တခြား အထိ အမြင်မှားအောင် ရေးသား ဖော်ပြတာတွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပူပန်မိတယ်။ ဒီတော့ မြန်မာပြည်အတွင်း အဓိကဆရာတော်တွေဆီကို ဖုန်းဆက်ပြီး မေးကြည့်တော့ ' တို့ တစ်တွေ အားလုံး ညီညွတ်ပါတယ်၊ အောင်မြင်ပါတယ်၊ အမျိုးစောင့်ဥပဒေကိုလဲ သဘောကျပါတယ်၊ ၉၆၉ ကိုလဲ ငြိမ်းချမ်းရေး သင်္ကေတတံဆိပ်အဖြစ် အားလုံး သဘောတူ ဆန္ဒတူနဲ့ လက်မှတ် ရေးထိုး ကြပါတယ် ' လို့ ပြောပါတယ်။
Friday, November 8, 2013
အဘ သခင် ဦးလှကြိုင် ၏ရာဇဝင်အကျဉ်းချုပ်
(၁) အမည်- ဦးလှကြိုင်
(၂)မွေးနေ့-၁၂၄၈ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်
(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ
(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)
(၅)အမိ အမည်-ဒေါ်တိုး
(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား
(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)
(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊
သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]
စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင်ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊ဖက်စစ်တော်လှန်ရေးတွင်သာယာဝတီအ
နောက်ခြမ်းနှင့်မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။
တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်ကြီး)ရာထူးထိရရှိပြီး လစာ ၅၅ိ/- ရရှိခဲ့ပါသည်။
တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစား
တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်ကြီး)ရာထူးထိရရှိပြီး လစာ ၅၅ိ/- ရရှိခဲ့ပါသည်။
တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစား
ယူခဲ့ပါသည်။
တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။
ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်
တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။
ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်
ဖြင့်လူရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း
ရွှေ့ပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့်
အတူနေထိုင်လျှက်ရှိပါသည်။
လက်တလော ကူညီမူ့များ
================
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်
လက်တလော ကူညီမူ့များ
================
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်
များကိုလည်း မွေးရေ /ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်မှထောက်ပံ့လှူ
ဒါန်းမည်ဖြစ်ပါသည် ။
(ဘာလုပ်ပေးမလဲဆိုတာလောလော ဆယ်အတိအကျမဖြေနိုင်သေးပါသဖြင့်နားလည်ပေးပါရန်၊ အဘ ၏ဖြစ်စဉ် အွန်လိုင်းပေါ် ရောက်အောင်ပို့ဆောင်ပေးသူကိုလဲကျေးဇူးတင်ရှိပါသည်။လေးစားပါတယ်ခင်ဗျာ) Post By -Yaung Ni Oo
Photo by- Kyi Linn
(ဘာလုပ်ပေးမလဲဆိုတာလောလော ဆယ်အတိအကျမဖြေနိုင်သေးပါသဖြင့်နားလည်ပေးပါရန်၊ အဘ ၏ဖြစ်စဉ် အွန်လိုင်းပေါ် ရောက်အောင်ပို့ဆောင်ပေးသူကိုလဲကျေးဇူးတင်ရှိပါသည်။လေးစားပါတယ်ခင်ဗျာ) Post By -Yaung Ni Oo
Photo by- Kyi Linn
Credit and Thanks to >> အဘ ဥက္ကာကိုကို <<
မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အား မလုံလောက်ရခြင်း နှင့် လျှပ်စစ်ဓါတ်အားလုပ်ငန်း အရှုံးပေါ်ခြင်း၏ အဓိကအကြောင်းအရင်းများ
(၁) မိမိနိုင်ငံ၏ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ငရေးအတွက် နိုင်ငံပိုင်သဘာဝရင်းမြစ်များဖြင့် မိမိဘာသာ ငွေကြေးစိုက်ထုတ်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများစွာ တည်ဆောက်မှုမပြုခဲ့ခြင်း..။ တည်ဆောက်ခဲ့ပြီးသမျှလည်း အပြည့်အ၀ မလည်ပတ်နိုင်ခြင်း။
(ဥပမာ-ရဲရွာ စီမံကိန်းစတင်စဉ်က သတင်းစာထဲတွင် မစားရ၀မခန်း ရေးသားထားခဲ့သော်လည်း ယနေ့ထက်အထိ မီဂါဝပ်ဘယ်လောက်ထွက်ပြီး Generator ဘယ်နှလုံးလည်ပတ်နေသည်ကို တရားဝင်ကြေညာခြင်းမပြုတော့ပေ)။
(၂) သဘာဝဓာတ်ငွေ့နှင့် အခြားလောင်စာများကို သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်ပေးစက်ရုံငယ်များမှ အလုံအလောက်မရရှိခြင်း။
စွမ်းအင်ဝန်ကြီးဌာနမှလည်း နိုင်ငံခြာွးေရရှိရန့်အတွက်သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်ရောင်းချနေသော်လည်းပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အ၀လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့အလုံအလောက် ပေးပို့ခြင်းမရှိဟု သုံးသပ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့အထွက်နှုန်းသည် ကမ္ဘာတွင် တတိယဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ သုံဘီလျံဖိုး နိုင်ငံခြားသို့ တင်ပို့ရောင်းချနေပါသည်။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၃)
အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။
သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။
အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘ၀ ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး သခင်လှကြိုင် (၂)
မနေ့က ဆရာတစ်ယောက် facebook ပေါ်တင်သင့်တဲ့ သတင်းလေးတစ်ပုဒ် လမ်းစပေးလို့ တင်လိုက်တာ အလဇ္ဇိ ရဟန်းတွေ အကြောင်းချည်းဘဲ ကျနော်ရေးနေတာကို အပြစ်လို့မြင် (ကုသိုလ်အလုပ်မှန်းမသိ/အကုသိုလ်အလုပ်မှန်းမသိ) နေသူတွေရော။ အာဏာပိုင်တွေ လစ်ဟာချက်ကို စောင့်ကြည့်ပြောချင်ကြသူတွေရော၊ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်သူတစ်ယောက် ဒီလိုဖြစ်တာ စိတ်မကောင်းဖြစ်သူတွေရော၊ တချို့ကျတော့ အချောင်ရလို့လုပ်တယ်ပေါ့။ ကော့မက် တွေတော်တော်တက်ပြီး စိတ်ဝင်စားတာတွေ့ရတဲ့ အတွက် သတင်း အပြည့်အစုံ အတိအကျ ဆက်လိုက်ဘို့စဉ်းစားမိပါတယ်။
ဒီလိုစဉ်းစားနေတုန်းမှာ ရန်ကုန် “ မဇ္ဇျိ မ”သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါဆိုပြီး ပဲခူးရောက်လာတာနဲ့
နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာ
သွားကြည့်တော့ အဘက မရှိတော့ဘူး။ ဒါနဲ့ အဘနေတယ်ဆိုတဲ့
အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။
အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရ
ရည်ရွယ်ချက်နဲ့) သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံး ငွေရတုပွဲ
ဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်
ထားလွှာ) တွေကို ထုတ်ပြပါတယ်။ ၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့
လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့
ပါတယ်။ ရွှေတိဂုံ ဘုရားခြေရင်းမှာ လုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံး
ငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
Thursday, November 7, 2013
တရုတ်ပြည်မှ တင်သွင်းလာသော အစားအစာများကို လုံးဝ (လုံးဝ) ဝယ်မစားကြပါနဲ့
၁။ တရုတ်က သွင်းတဲ့ ဆိတ်သားခြောက် ဆိုရင် လုံးဝ ဝယ်စားဖို့ စိတ်မကူးပါနဲ့ တဲ့။ တရုပ်မှာ ဆိတ်သားဟာ တကယ့်ရှားပါးအစာပါ။ ဝက်သားကို ဓါတုဆေးတွေမထည့်ခင်မှာ အာသံ ဘက်က ဝယ်ပြီးလှောင်ထားတဲ့ ဆိတ်ကျင်ငယ်ရည်မှာ ၃၊၄ ရက်စိမ်ပြီး အခြောက်လှမ်းပြီးမှ အပူပေး ဆိတ်သားခြောက်ဖြစ်စေပါသတဲ့။
၂။ မြီးရှည်ဆိုတာ တရုပ်စကားနဲ့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်ပါ။ ဆန်နဲ့လုပ်ထားတဲ့ မုန့်ဖတ် အလုံး အကြီး အသေးမှန်သမျှကို တရုပ်တွေက မြီးရှည်လို့ဘဲခေါ်ပါတယ်။ အဲဒီမုန့်ဖတ် ရယ်ဒီမိတ် တွေဟာ တချို့ မုန့်တီဆိုင်တွေက အပြုတ်ခံတယ်၊အလုံးလှတယ်၊ရောင်းပန်းလှပြီး အနံ့ အသက် မွှေး တယ်ဆိုပြီး သုံးကြပါသတဲ့။ အမှန်တော့ အဲဒီမြီးရှည်တွေဟာ ပလပ်စတစ်တွေပါတဲ့။ ကုန်တိုက်တွေ မှာတင်တဲ့ ရယ်ဒီမိတ်တွေကိုမှ သန့်တယ်ဆိုပြီး ကုန်တိုက်တွေမှာသာ ဈေးဝယ်လေ့ရှိတဲ့ လူတန်းစားသစ်တရပ် မြန်မာပြည်မှာ ပေါ်လာတာ မကြာသေးပါဘူး။ ချင့်ချိန်ဆင်ခြင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။
၃။ ပင်လယ်ရေညှိဆို အခုတလော မြန်မာပြည်မှာ သိပ်ပေါ်ပြူလာဖြစ် တာဘဲဆိုပြီး ဟိုတလောက ဘန်ကောက်ကို ရှော့ပင်လာတဲ့ သားအမိတစ်စုက ပြောသွားပါတယ်။ ကိုရီးယားကားကြည့်ရင်း ပင်လယ်ရေညှိလေးဝါးရင်း ဆိုဘဲ။ ကောင်းပါတယ်။ မကောင်းတာကတော့ အဲဒီပင်လယ်ရေညှိကို ပလပ်စတစ်ကျွတ်ကျွတ်အိပ် ကို ပိုကျွတ်အောင် ဓါတုဆေးစိမ်ပြီး အစစ်နဲ့ ရောပြီး ထုတ်လုပ် ပါသတဲ့။ ခေတ်မှီတိုးတက်လာ တာနဲ့အမျှ ပလပ်စတစ်လဲ ဗိုက်ထဲ အစာအဖြစ်ရောက်နေပါပြီ။
အောင်ဆန်းတံခွန်ဘွဲ့ရဗိုလ်မှူးကြီးဆူဇူကီး(ခ)ဗိုလ်မိုးကြိုး
![]() |
| အောင်ဆန်းတံခွန်ဘွဲ့ရ ဗိုလ်မှူးကြီး ဆူဇူကီး ( ဗိုလ်မိုးကြိုး ) ကို မြန်မာဝတ်စုံဖြင့် တွေ့ရစဉ် |
ကိုလိုနီခေတ်က ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံခြားအကူအညီရယူရန် ရုပ်ဖျက်ကာ ပြည်ပသို့ တိတ်တဆိတ် သွားရောက်ခဲ့ရာ၊ ဂျပန်စစ်တပ်မှ ကာနယ်ဆူဇူကီးနှင့် ချိတ်ဆက်မိခဲ့ပြီးနောက် ရဲဘော်သုံးကျိပ်ကို ပြည်တွင်းမှ ခေါ်ထုတ်ကာ ဂျပန်၌ စစ်ပညာ သင်ကြားပေးခဲ့သည်၊ ထို့နောက် ဆူဇူကီးသည် သူကိုယ်တိုင် ဦးစီးကွပ်ကဲရသော မီနာမီကီကန်းအဖွဲ့မှ ထူထောင်ပေးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် အကြီးအကဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအဖြစ်လည်းကောင်း၊ ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအား ခန့်အပ်၍လည်းကောင်း မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သည်။ အင်္ဂလိပ်တို့ ဆုတ်ခွာပြီးနောက် ဗမာပြည်အားအား လွတ်လပ်ရေးပေးရန် မလိုလားသော ဂျပန်စစ်ခေါင်းဆောင်များနှင့် ဆူဇူကီးတို့ သဘောထားခြင်း ကွဲလွဲကြခဲ့သည်။ မီနာမီကီကန်းကို ဖျက်သိမ်း၍ ဂျပန်သို့ ပြန်သွားသော ဆူဇူကီးသည် ဂျပန်ရောက်သည့်တိုင် မြန်မာပြည်ကို သံယောဇဉ်ရှိစွာဖြင့် အကူအညီများ ပေးခဲ့သည်။ ထို့ကြောင့်လည်း စစ်ပြီးခေတ် မြန်မာအစိုးရက ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုးအား ၄င်း၏ လုပ်ဆောင်မှုများအတွက် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဘွဲ့ဖြစ်သော “အောင်ဆန်းတံခွန်”ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
Credit and Thanks to >> တို့ဗမာအစည်းအရုံး Dobama Asiayone <<
Wednesday, November 6, 2013
ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို
မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ် အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။
“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊ သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။
မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊
လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိ ခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။
ဓါတ်အားတစ်ယူနစ်ဆိုသည်မှာ ၁၀၀၀ ၀ပ်ရှိကာအင်အားရှိလျှပ်စစ်ပစ္စည်း အား တစ်နာရီကြာသုံးစွဲနိုင် ကြောင်း၊အခြေခ့လူတန်းစားများအတွက် တစ်လယူနစ် ၁၀၀ သက်မှတ်မည်ဆိုပါက တစ်ရက်လျှင် ၃ဒသမ၃ ယူနစ်ဖြစ်ပြီး လေးပေမီးချောင်း ၄ ချောင်း၊တီဗီတစ်လုံး၊ ပန်ကာနှစ်လုံးကို ခြောက်နာရီကြာအသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများကိုမထိခိုက်ကြောင်း ဦးအောင်ခိုင်ကပြောကြားသည်။
အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားကိုအရှုံးခံကာ ဆက်လက်လုပ်ဆောင်နေ မည်ဆိုပါက ပုဂလိကလုပ် ငန်းရှင်များဝင်ရောက်လာနိုင်မည်မ ဟုတ်ကြောင်း၊ယခုပြင်ဆင်လိုက်သော နှုန်းထားသည် အခြေခံလူတန်းစား များကို များစွာထိခိုက်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်သန်းရှင် တစ်ဦးကပြောကြားသည်။
လတ်တလော လျှပ်စစ်ဓါတ်အားခများတိုးမြင့်ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့တွင် အဖွဲ့ အစည်း အချို့ နှင့်ပြည်သူ အချို့က ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစီစဉ်နေခြင်းဖြစ်သည်။
ရေးသားသူ-နီတိုး
People power
Credit and Thanks to >> Thit Htoo Lwin blog <<
လူတွေမသိတဲ့စုဖုရားလတ်ရဲ့အတွင်းရေး
စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.. လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား... ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။
Credit to -Thu Hlaing
Credit and Thanks to >> အင်တာနက်သတင်းများ <<
Monday, October 28, 2013
လက်ရှိမြန်မာ့နိုင်ငံရေး အပေါ်စိုးရိမ်နေသည်ဟူသော ဦးသန်းရွှေ၏ မှတ်ချက်အပေါ် ဦးခင်ညွန့်မှ ဝေဖန်ပြောဆို
လက်ရှိမြန်မာ့နိုင်ငံရေး အပေါ်စိုးရိမ်နေသည်ဟူသော ဦးသန်းရွှေ၏ မှတ်ချက်အပေါ် ဦးခင်ညွန့်မှ ဝေဖန်ပြောဆိုလိုက်ပါသည် ၊
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟာ အားလုံးအတွက် ဝမ်းမြောက်စရာကောင်းတဲ့ အခြေအနေတွေ ကို စတင်နိုင်နေပါပြီ ၊ ဒါကို သူက ဘယ်ရှုဒေါင့်ကနေကြည့်လို့ စိုးရိမ်နေတယ် အဖြေထွက်ရတာလဲ ၊ကိုယ်တော့
နားမလည်နိုင် ဖြစ်ရတယ်။
ဦးခင်ညွန့်က ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ် ၊ ဆက်လက်၍ ဦးခင်ညွန့်မှ မြန်မာပြည်သူများသည် မနေ့က အတိတ်ဆိုးများကို ပြန်လည်တူးဖော်က အပြစ်ပြောနေသူများ မဟုတ်ကြောင်း ၊မနက်ဖြန်ကောင်းဖို့
ဦးခင်ညွန့်က ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ် ၊ ဆက်လက်၍ ဦးခင်ညွန့်မှ မြန်မာပြည်သူများသည် မနေ့က အတိတ်ဆိုးများကို ပြန်လည်တူးဖော်က အပြစ်ပြောနေသူများ မဟုတ်ကြောင်း ၊မနက်ဖြန်ကောင်းဖို့
ဒီကနေ့ဘာလုပ်ရမလဲ ဆိုတာအပေါ်မှာ ရပ်တည်မိနေပြီဖြစ်ကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်နေပြီဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အားလုံးစိတ်ပါဝင်စားစွာနဲ့ ပြင်ဆင်ဖို့ လေ့လာနေကြပြီဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံကို ပြင်ပြင်
အသစ်ရေးရေး မြန်မာပြည်ရှိ နိုင်ငံရေး အင်အားစုများ အားလုံးနှင့် သဟဇာတဖြစ်ရန်လိုကြောင်း ၊ မျိုးဆက်သစ်များနှင့် မြန်မာပြည် အနာဂတ်ကို အာမခံချက်ပေးနိုင်သော ဖွဲ့စည်းပုံဖြစ်ရန်လိုကြောင်း ၊
Friday, September 20, 2013
ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်
ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီ
ခေါင်းလောင်းကိုဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှခွင့်ပြုမိန့်ရပြီးဖြစ်
ကြောင်း ကျိုက် ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပက မိန့်ကြားသည်။
သတ္တမ သင်္ဂါယနာတင်သည့်အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကိုထိုး၍ အမျှအတမ်းဝေမည်ဖြစ်သည့် အ တွက်ကြောင့် ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီး အဆိုပါ ခေါင်း လောင်းကိုဆယ်ယူရန် နိုင်ငံတော်အကြီးအကဲများကလည်း သဘောတူလက်ခံကြောင်း လိုအပ်သည့်ကိစ္စများကို ကူညီ မည်ဟုပြော
ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။
Thursday, September 5, 2013
ရဲဘော်သုံးကျိပ်အား ထိန်ပင်သုဿန် ကအမှိုက်ပုံဘေးတွင်ပြန်လည်တွေ့ရှိခြင်း
ထိန်ပင်။
အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင် ရေဝေးပို့ မယ်။ ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။သိပ်ရင်းမှ.. အင်း..။
မနေ့ ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့ တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်က အဘဗိုလ်ဇင်ယော်ရဲ့ အိမ်ရောက်တော့ သူ့ အိမ်မှာ စကားပြောဖြစ်တယ်။ သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာသင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊
ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့ တယ်။
ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ် နောက်ခံနဲ့ ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာ အုတ်ဂူ သားသားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ ခဲ့ရပါတယ်။
အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။
ထိန်ပင်မှာ တဲ့။
ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကားခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။ ဈေးမပြောဘူး၊မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့ မောင်းပေးရင်တစ်နာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။
ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာ
လောက်သွားရင်အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေးရှိတယ်။
မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာလူသွားလမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေအုတ်ဂူလေး
တွေစတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။
ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊
အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊နောက်
ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီးမုဆိုးဝတ္ထု စာရေးဆရာပေါ့)
နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။
ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )ဆိုတာ ဖတ်လို့ ရတယ်။
နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့အကောင်းသား။ ကြံတောမှာ
နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့အကောင်းသား။ ကြံတောမှာ
တုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့ ။ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ ပါ။ တာဝန်ရှိတယ်ထင်ရင်၊တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။
ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊ကမ္ပည်းလေးတစ်ချပ်
ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊ကမ္ပည်းလေးတစ်ချပ်
လောက်များ ရှိလေမလားလို့ ။
ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးကဂျပန်ပြည်မှာတော့
ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးကဂျပန်ပြည်မှာတော့
ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)
နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ်ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်ကဟာမမတ်စု
(Hamamatsu) တဲ့၊ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။
ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်
ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်
စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။
ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည် တစ်သိန်းခြောက်သောင်း
ခုနစ်ထောင်ကျော် ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်
ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာကဒီအထိမ်းအမှတ်
ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာကဒီအထိမ်းအမှတ်
လေးဟာ ဗမာပြည်စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည်တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း
ဖြစ်ပါတယ်တဲ့။ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့ 
အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်မှူးကြီး ဆူဇူကီးနဲ့ 
အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်မှူးကြီး ဆူဇူကီးနဲ့ 
လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ ဝှက်အစီအစဉ်ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။ အားတော့နာတယ်။ အဲဒီတုန်းကသူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။
ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။ ခုတော့..မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့ လိုက်ပို့ တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။
ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ ဆိုင်းဘုတ်အကြီးကြီး
ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။ ခုတော့..မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့ လိုက်ပို့ တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။
ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ ဆိုင်းဘုတ်အကြီးကြီး
ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေးကြားလိုက်ရတယ်။
“ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်...
တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်...
သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။
ကျော်ကျော်
(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁ မှ ကျော်ကျော် ၏
“ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုသာန်က လှိုင်သာယာ အမှိုက်ပုံဘေးမှာ
ပြန်လည်တွေ့ ရှိခြင်း” မှ ကူးယူပါသည်)
“ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်...
တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်...
သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။
ကျော်ကျော်
(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁ မှ ကျော်ကျော် ၏
“ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုသာန်က လှိုင်သာယာ အမှိုက်ပုံဘေးမှာ
ပြန်လည်တွေ့ ရှိခြင်း” မှ ကူးယူပါသည်)
Credit to Aungmyo Tun
Wednesday, August 28, 2013
ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် ရိုက်နှိပ် ထားရှိမှု
၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသားကုမ္ပဏီမှ လက်ဆောင် ပေးသည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ပါရှိသဖြင့် တာမွေမြို့ နယ် သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့ နာယက ဥက္ကဌ ဆရာတော် ထံသို့ အဆိုပါ လက်ဖက်ခြောက်ဗူး ပေါ် တွင် ရွှေတိ ဂုံစေတီ ပုံ ပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓ ဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း လျှောက်ထားခဲ့ရာ တိုင်း သံဃာ့နာယကဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှတဆင့် တာဝန်ရှိသူ အဆင့်ဆင့် ထံ သတင်းပို့စေ ခဲ့ ပါသည်။
၂၇.၈.၂၀၁၃ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်း သာသနာရေးဦးစီးမှူးရုံး၊ အ စည်း အဝေးခန်းမ၌ သာသနာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများမှ ဖူးရှင်းဘရားသား ကုမ္ပဏီအကြံပေး ဦးဇင်ဦး အား ခေါ်ယူ၍သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် စီးကရက်ဗူးပုံသဏ္ဍာန် လက်ဖက်ခြောက်ဗူး ငယ်များတွင် ရွှေတိဂုံစေတီတော်ပုံများရိုက်နှိပ်ထားပြီး ၎င်းဗူးငယ်(၉)ဗူးထည့်သည့် စက္ကူဗူးကြီးပေါ်နှင့် လက်ဆွဲအိတ် တို့ ပေါ်တွင် လည်း ရွှေတိဂုံစေတီတော်ပုံ (Logo) အမှတ်အသား များဖြင့် ကုန်အမှတ် တံဆိပ် အသုံးပြုထား သည့်အတွက် သံဃာတော်များနှင့် ဗုဒ္ဓဘာသာ ၀င် တို့၏ စိတ်နှလုံး မချမ်းမြေ့ ဖွယ်ရာ ခံစား ရသဖြင့် ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ် အား ဆက်လက် အသုံးမပြုရန် ရှင်းလင်းပြော ကြား ခဲ့ ပါသည်။
Subscribe to:
Posts (Atom)























