အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။
သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။
အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘ၀ ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။
မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြရုံကလွဲပြီး (ငါ့မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေးတာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ကိုယ်တိုင်လဲငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင်လှကြိုင်ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေးတွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန်စရာဖြစ်အောင် (ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ သခင်လှကြိုင်ဟာ ခောတ်ရဲ့လိုအပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားတစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူမသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ လွတ်မြောက်စေချင်တာလေးတစ်ခုတော့ ဖြစ်မိပါတော့တယ်…..။
စိတ်မကောင်းခြင်းများစွာဖြင့်……………………။
ကြည်လင်း အား ကျေးဇူးတင်သည်။
Credit and Thanks to >> i Love Myanmar <<
No comments:
Post a Comment