Wednesday, December 11, 2013

{♣ အလှကိုယ်စီ♣}

{♣ အလှကိုယ်စီ♣}


ဖိုးလမင်းလည်း သူ့အဆင်းနှင့်အလင်းနှင့်။


မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်အဆွယ်နှင့်။


စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။


ပိတောက်ဝါလည်း သူ့အခါနှင့်နံ့သာနှင့်။


မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။


စမ်းချောင်းတွေလည်း သူ့ချောင်းရေနှင့်လောင်းလှေနှင့်။


မည်သည့်အရာမဆိုသာတည့် သူ့မှာကိုယ့်မှာအလှသာတည့်။


သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏။


အလှပန်းတို့ မငြင်ငြိုနှင့် ဝန်တိုမှုသာမလှရာ၏။


သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့် အချိန်အခါ နေရာဒေသ ဌာနအလျောက်အရေးရောက်သည် စွမ်းနိုင်လောက်သူ ချည်းပါတကား။


ဆရာတင် မိုး။


Tuesday, September 3, 2013

အမွန်မြတ်ဆုံးနှလုံးသားပိုင်ရှင်အဘိုးအို


တစ်ကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ၊ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ ဆိုက်ကား ( သုံးဘီးတပ်လန်ချား
တစ်မျိုး) နင်းသူ Bai Feng Li တယောက်ဟာ ၁၉၇၈ ခုနှစ်မှာ ဇာတိမြို့လေးကို သူ့ရဲ့ကာယအား   စိုက်
ထုတ်ရတဲ့ ဆိုက်ကား(ဒီမှာတော့ ဆိုက်ကားလို့ပဲသုံးသွားပါမယ်) နင်းတဲ့အလုပ်ကနေ အပြီးတိုင်အနားယူ
ပြီးအေးဆေးစွာနေထိုင်ဖို့ပြန်လာခဲ့ပါတယ်။

သူ့မြို့ကိုပြန်ရောက်တော့ ကျောင်းနေရမည့်အရွယ် ကလေးတွေဟာ လယ်ကွင်းတွေထဲမှာအလုပ်လုပ်နေ
ကြတာကိုတွေ့ရပါတယ်။ အမှန်တော့ ဒီကလေးတွေဟာ ကျောင်းတောင်မထားနိုင်လောက်အောင်သူတို့
မိဘများကဆင်းရဲကြလို့ပဲဖြစ်ပါတယ်။

Friday, August 16, 2013

Microsoft တွင်အလုပ်ရခဲ့လျှင်

အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။

HRမန်နေဂျာက အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါတယ်။ ပြီးတော့ HR မန်နေဂျာက

"ရှင့် အီးမေးလ်ပေးပါ။ အဲ့ အီးမေးလ်ဆီကို ဖြည့်ဖို့လိုအပ်တဲ့ ဖောင်တွေ ပို့လိုပါမယ်။ အဲ့မှာဖြည့်ပြီး ပြန်ပို့ပေးပါ" လို့ ဆိုပါတယ်။

ဒီတော့ လူငယ်က

"ကျနော့မှာ ကွန်ပြူတာလည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး" လို့ဖြေတော့ HR က ဒီလိုပြန်ဖြေပါတယ်။

"ဝမ်းနည်းပါတယ်။ ဒီခေတ်မှာ လူတစ်ယောက်ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ အခု ရှင့်မှာ မရှိသေးဘူးဆိုတော့ အလုပ်ခန့်ဖို့ မဖြစ်နိုင်သေးပါဘူး။ နောက်တော့မှပဲ လာခဲ့ပါ" လို့ လွယ်လွယ် ပဲ ပြောင်းပြီး ပြန်လွတ်လိုက်ပါတယ် ။

Tuesday, August 13, 2013

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလည်း


ဇိမ်ခံရွက်သင်္ဘောနှင့်အပန်းဖြေခရီးထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီး
တစ်ယောက်က ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း ၊ တံငါသည်တစ်ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရလေသည် ။ သူ့ ပုံစံ ကိုကြည့် ကာ သူဌေးကြီးစိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။

`` မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း "

"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ ´´ တံငါသည်က ဖြေသည် ။

`` ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ´´

`` ဖမ်းပြီး ဘာလုပ်ရမှာလည်း ´´

`` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ် ၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ် ၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။ နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက်အမြောက်အမြားလဲဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ"

သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။

" အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊ "

" အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊ "

" သြော် ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ " ။ ။

Anehony DeMello ၏ How Much Is Enough

ဖေမြင့် ဘာသာပြန်သည်
Sharing For All

Myanmar Online News မှပြန်လည်မျှဝေသည်

Saturday, July 27, 2013

စိတ်ဓါတ်ရင့်ကျက်လာဖို့

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?

ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့
ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။
အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ
အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း
ဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။
ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…
အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုကေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life
by Changing Your heart…”

စိတ်ကူးပျော်ရာ မှ သိသမျှ ။
ဦးဇော် သိသမျှ မျှဝေရာအရပ်

Also Credit to Myanmar Online News

Saturday, July 20, 2013

ကိုယ့်ကိုကိုယ် ဆုံးမခြင်း

ကျွန်လို လုပ်နေရလို့လည်း အားမငယ်နဲ့၊
မိုးပျံနေအောင် ချမ်းသာနေလို့လည်း မာနတက် မနေနဲ့၊
သံသရာမှာ ကျွန်ဖြစ်ခဲ့ဘူးသလို သူဌေး၊ ပညာတတ်၊
ဘုရင်မင်းကြီးလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ဘူးပါပြီ။
ရတဲ့ဘဝမှာ အရိုးသားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်
ကျိုးစားပြီး ရောင့်ရဲမှုတွေနဲ့ ရှင်သန်သွားရင်
ဒီဘဝ လူဖြစ်ရကျိုးနပ်ပြီး ဘဝဘဝ အတွက်
အထောက်အကူ ဖြစ်သွားမှာပါ။

Tuesday, May 14, 2013

သင့်ကိုယ်သင်ဆင်းရဲတယ်လို့ထင်နေပါသလား

၁၄/၅/၂၀၁၃

သင်တကယ်ဆင်းရဲလား???
သင့်ကိုယ် သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား??

တကယ်လို့ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေကလဲ အဆင်သင့်၊၀တ်စရာ အ၀တ်အထည်တွေကလဲ အဆင်သင့်၊ပြန်ပြီး အိပ်စရာ အိမ်ကလဲအဆင်သင့် ရှိနေတယ်ဆိုရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်ချမ်းသာ ပါတယ်။ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ သင့်လောက် မချမ်းသာလို့ပါ။

တကယ်လို့ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေအချို့ရှိတယ်။ရှိတဲ့ငွေနဲ့ သင်သွားလိုရာသွားနိုင်တယ်ဆိုရင် သင်ဟာ ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့လူချမ်းသာတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေပါပြီ။

သင်ဒီနေ့ နေမကောင်းမဖြစ်ပဲ ကျန်းကျန်းမာမာ အသက်ရှင်နေတယ်ဆိုရင် သင်ဟာ လူတစ်သန်းထက်ပိုကံကောင်းပါတယ်။ကမ္ဘာပေါ်မှာ တစ်ပတ်လျှင်လူတစ်သန်းလောက် ရောဂါတွေကြောင့်သေဆုံးနေရပါတယ်။

တကယ်လို့ သင်ဒီစာကိုဖတ်ပြီး၊စာကိုနားလည်တယ်ဆိုရင် သင်ကလူသန်းသုံးထောင်ထက်ပိုပြီး ကံကောင်းပါတယ်။ကမ္ဘာပေါ်က လူသန်းသုံးထောင်လောက်က မျက်စိမမြင်နိုင်၊စာမဖတ်နိုင်၊စိတ်ဝေဒနာ ခံစားနေရပါတယ်တဲ့။

တကယ်တော့ ဘ၀ဆိုတာ နာကျင်မှုတွေကို ညည်းညူနေရုံမျှမဟုတ်ပါဘူး။
တကယ်တော့ နေတတ်ရင်ကျေနပ်စရာပါပဲဗျာ။

မောင်စိုင်း
(ကနောင်)

သင့်ကိုယ် သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား??

တကယ်လို့ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေကလဲ အဆင်သင့်၊၀တ်စရာ အ၀တ်အထည်တွေကလဲ အဆင်သင့်၊ပြန်ပြီး အိပ်စရာ အိမ်ကလဲအဆင်သင့် ရှိနေတယ်ဆိုရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်ချမ်းသာ ပါတယ်။ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ သင့်လောက် မချမ်းသာလို့ပါ။

တကယ်လို့ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေအချို့ရှိတယ်။ရှိတဲ့ငွေနဲ့ သင်သွားလိုရာသွားနိုင်တယ်ဆိုရင် သင်ဟာ ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့လူချမ်းသာတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေပါပြီ။

သင်ဒီနေ့ နေမကောင်းမဖြစ်ပဲ ကျန်းကျန်းမာမာ အသက်ရှင်နေတယ်ဆိုရင် သင်ဟာ လူတစ်သန်းထက်ပိုကံကောင်းပါတယ်။ကမ္ဘာပေါ်မှာ တစ်ပတ်လျှင်လူတစ်သန်းလောက် ရောဂါတွေကြောင့်သေဆုံးနေရပါတယ်။

တကယ်လို့ သင်ဒီစာကိုဖတ်ပြီး၊စာကိုနားလည်တယ်ဆိုရင် သင်ကလူသန်းသုံးထောင်ထက်ပိုပြီး ကံကောင်းပါတယ်။ကမ္ဘာပေါ်က လူသန်းသုံးထောင်လောက်က မျက်စိမမြင်နိုင်၊စာမဖတ်နိုင်၊စိတ်ဝေဒနာ ခံစားနေရပါတယ်တဲ့။

တကယ်တော့ ဘ၀ဆိုတာ နာကျင်မှုတွေကို ညည်းညူနေရုံမျှမဟုတ်ပါဘူး။
တကယ်တော့ နေတတ်ရင်ကျေနပ်စရာပါပဲဗျာ။

မောင်စိုင်း
(ကနောင်)




Scientist Myanmar  ဖေ့ဘုတ်စာမျက်နှာမှထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်။