Sunday, December 29, 2013

အကယ်ဒမီဆုကို “ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဇာတ်ကားမှ ရရှိသွားကြောင်း (ဇာတ်လမ်းအကျဉ်း)

နိုင်ငံကျော်မမကြီး သေဖော် ညှိမှုကြောင့် နိုင်ငံကျော်ကြီးများ ဆတ်ဆတ် ခါကုန်သည်။ စိတ်မထိန်းနိုင်သူ များက ခုံကို လက်သီးဖြင့် ဒုန်းခနဲထုကြသည်။ တချို့က နံရံကို ခေါင်းနှင့် ပြေးဆောင့်ကြသည်။ ခေါင်းအုံးလေးခံပြီး ဆောင့်တာမို့ သိပ်မနာ။

ဇာတ်လမ်းက ဒီက စသည်။

ဘာပဲဖြစ်ဖြစ် မမကြီး ဒီလိုလုပ်လိမ့် မည်ဟု သူတို့မထင်ထား။ အခုတော့ ဘူးပေါ်သလို ပေါ်ပြီ။ ဖွဘုတ်မှ မိုးဇေဆိုသူက ရဲမှတ်တမ်းများကို လက်ကမြင်း၍ ဖော်ထုတ်လိုက်၍ ဖြစ်သည်။ “Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” ဟုလည်း ကြွေးကြော်ထား၏။
တကယ်ပင် နိုင်ငံကျော်တို့ခေါင်း မီးတဟုန်းဟုန်း တောက်ရလေသည်။

မမကြီးဒေါပွ၏။ မိတ်ဆွေများကို မျက်နှာချိုသွေးရ၏။ “သေနာကျ... ဝက်မြေး၊ လဒ မယားပါသား၊ ဖေတစ်ရာ မောင်တစ်ကျိပ်ကောင်” ဟုလည်း စိတ်ထဲမှ ကြုံးဝါး ၏။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာ၍ အဘထရှူဆေးဘူး ကိုသာ လက်မှာ ကိုင်ထားရ၏။

တကယ်တမ်းတော့ ရဲကိုကိုတို့ ခေါ်ယူစစ်ဆေးစဉ်က ဒီအခန်းထဲ ဘယ်သူမှ မရှိလောက်ပါဘူးလေ... ဟု ဖြေသိမ့်ကာ မမကြီး အတင်းတုပ်ခဲ့ခြင်း ဖြစ်သည်။ ရဲကိုကိုနှင့် ရဲမမတို့က ပန်းရောင်ဆေးပြား လေးများ သုံးစွဲမှုဖြင့် မမကြီးကို ခေါ်ကြပ် ခြင်းဖြစ်သည်။
ဘယ်သူတွေ သုံးသေးလဲဟင် .. လို့လည်း မေးသည်။
မမကြီး စိတ်ထဲတွေ့တာ လျှောက်ပြောလိုက်၏။

ထိုမှတ်တမ်းများက ဘယ်ကောင် ကမြင်းသည်မသိ။ ဖွဘုတ်ပေါ် ရောက်လာသည်။ မြွေကိုက်ပြီ။
မမကြီး ငိုချင်သည်။ ရုပ်ရှင်ရိုက်ရာတွင် သုံးလေ့ရှိသော မျက်ရည်အတု ဘူးလေးကို မျက်စိထဲ ထည့်လိုက်သည်။
မျက်ရည်တစ်စက်က တောက်ခနဲ ကျသွား၏။
အကယ်ဒမီရှော့။

Wednesday, August 14, 2013

ဘယ်သူပိုသာသလဲ

Arthur Davidson (Harley Davidson မော်တော်ဆိုင်ကယ် ကုမ္ပဏီပိုင်ရှင်) သေပြီး နတ်ပြည်ရောက်သွားသည်။

စိန့်ပီတာပြောသည်။

"ခင်ဗျားထွင်ခဲ့တဲ့ ဆိုင်ကယ်တွေဟာ ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့အတွက် နတ်ပြည်မှာ ကြိုက်တဲ့သူနဲ့နေခွင့်ပေးမယ်"

"ဒါဆို ဘုရားသခင်နဲ့နေမယ်ဗျာ"

သို့နှင့် စိန့်ပီတာလဲ Arthur ကို ဘုရားသခင် နှင့် မိတ်ဆက်ပေးသည်။

Arthur က ဘုရားသခင် ကိုမေးသည်။

"ဒါနဲ့ ခင်ဗျားဟာ မိန်းမတွေကို ဖန်တီးခဲ့တဲ့သူမဟုတ်လား"

"ဟုတ်တယ်လေ"

Tuesday, July 30, 2013

ဘာကောင်လဲတော့မသိဘူး


ဘာကောင်လဲတော့မသိဘူး ဟာသ

၂၀၂၅ ခုတွင် ဖြစ်သည်။
လူထုဘဝကို လေ့လာချင်သော သမ္မတကြီးသည်ကိုယ်ရံတော်မပါ၊ လုံခြုံရေးမပါဘဲ၊ ကားတစ်စီး နှင့် ဒရိုင်ဘာတစ်ဦးကို ခေါ်ပြီး ခရီးထွက်လာရာ ပြည်နယ်မြို့ကြီးတစ်မြို့သို့ ရောက်လာ၏။မြို့အနှံ့လေ့လာနေစဉ် သမ္မတကြီးက ဒရိုင်ဘာကို ပြောသည်... ....
"ငါလည်းကားမမောင်းရတာကြာပြီ၊ မင်းလည်း ပင်ပန်းနေပြီ၊ ငါတစ်လှည့်မောင်းမယ်၊ မင်း နားလိုက်"
"ဟုတ်ကဲ့"... ဆိုပြီး နေရာပြောင်းထိုင်ကြတယ် သမ္မတကြီးလည်း ငယ်မူငယ်သွေးတွေကြွပြီး စွတ်ရွတ်မောင်းလိုက်တာ တနာရီ မိုင်၈၀ လောက်ဖြစ်ရော ယာဉ်ထိန်းရဲကဖမ်းတားပြီပေါ့၊
လိုင်စင်တောင်းမလို့ ကားထဲငုံ့ကြည့်လိုက်တော့ အထဲကလူနှစ်ယောက်ကို မြင်တာနဲ့ ရဲခမြာ လန့်ဖြတ်သွားတယ်ဘာလုပ်ရမှန်း မသိလို့ သူ့ဆရာဆီကို ဝေါ်ကီတော်ကီနဲ့ လှမ်းခေါ်တယ်..."ဆရာ... ဒီမှာ ကားတစ်စီးကို မိုင်နှုန်းပိုမောင်းလို့ ဖမ်းထားတယ် ခင်ဗျ"
"အဲဒါဘာဖြစ်လည်းကွ ချလံဖြတ်လိုက်ပေါ့"
"ကားပေါ်မှာ VIP ပါနေလို့ ဆရာ"
"ဘာVIPလဲကွ"
"ပေါ့သေးသေးတော့ မဟုတ်ဘူးဆရာ"
"လွတ်တော် အမတ်လား"
"သူ့ထက် VIP တယ် ဆရာ " "မြို့တော်ဝန်လား"
"သူ့ထက် VIP တယ် ဆရာ " "တိုင်းမှုးလား"
"သူ့ထက် VIP တယ် ဆရာ " "ဝန်ကြီးချုပ်လား""
"သူ့ထက် VIP တယ် ဆရာ " အဲဒီမှာ ဆရာလုပ်သူလည်း ဒေါသထွက်လာပြီး အော်တော့တာပေါ့... ...."ဟေ့ကောင်၊ဝန်ကြီးချုပ်ထက်ကြီးတာမင့်အမေလင်သမ္မတဘဲကျန်တော့တယ်"
ဒီတော့ ရဲလေးက တိုးတိုးလေးပြန်ပြောတယ်..."ဘာကောင်လဲတော့ မသိဘူး၊ ဆရာပြောတဲ့အဲဒီကျနော့်အမေလင်ကိုယ်တိုင်ကားမောင်းပေးနေရတာ..."

https://www.facebook.com/thanlayko     ကို ခရစ်ဒစ်ပေးပါတယ်ဗျာ