(၁) အမည်- ဦးလှကြိုင်
(၂)မွေးနေ့-၁၂၄၈ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်
(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ
(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)
(၅)အမိ အမည်-ဒေါ်တိုး
(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား
(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)
(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊
သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]
စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင်ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊ဖက်စစ်တော်လှန်ရေးတွင်သာယာဝတီအ
နောက်ခြမ်းနှင့်မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။
တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်ကြီး)ရာထူးထိရရှိပြီး လစာ ၅၅ိ/- ရရှိခဲ့ပါသည်။
တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစား
တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်ကြီး)ရာထူးထိရရှိပြီး လစာ ၅၅ိ/- ရရှိခဲ့ပါသည်။
တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစား
ယူခဲ့ပါသည်။
တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။
ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်

ဖြင့်လူရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း
ရွှေ့ပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့်
အတူနေထိုင်လျှက်ရှိပါသည်။
လက်တလော ကူညီမူ့များ
================
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်
လက်တလော ကူညီမူ့များ
================
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်
များကိုလည်း မွေးရေ /ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်မှထောက်ပံ့လှူ
ဒါန်းမည်ဖြစ်ပါသည် ။
(ဘာလုပ်ပေးမလဲဆိုတာလောလော ဆယ်အတိအကျမဖြေနိုင်သေးပါသဖြင့်နားလည်ပေးပါရန်၊ အဘ ၏ဖြစ်စဉ် အွန်လိုင်းပေါ် ရောက်အောင်ပို့ဆောင်ပေးသူကိုလဲကျေးဇူးတင်ရှိပါသည်။လေးစားပါတယ်ခင်ဗျာ) Post By -Yaung Ni Oo
Photo by- Kyi Linn

Credit and Thanks to >> အဘ ဥက္ကာကိုကို <<
No comments:
Post a Comment