(၁) မိမိနိုင်ငံ၏ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ငရေးအတွက် နိုင်ငံပိုင်သဘာဝရင်းမြစ်များဖြင့် မိမိဘာသာ ငွေကြေးစိုက်ထုတ်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများစွာ တည်ဆောက်မှုမပြုခဲ့ခြင်း..။ တည်ဆောက်ခဲ့ပြီးသမျှလည်း အပြည့်အ၀ မလည်ပတ်နိုင်ခြင်း။
(ဥပမာ-ရဲရွာ စီမံကိန်းစတင်စဉ်က သတင်းစာထဲတွင် မစားရ၀မခန်း ရေးသားထားခဲ့သော်လည်း ယနေ့ထက်အထိ မီဂါဝပ်ဘယ်လောက်ထွက်ပြီး Generator ဘယ်နှလုံးလည်ပတ်နေသည်ကို တရားဝင်ကြေညာခြင်းမပြုတော့ပေ)။
(၂) သဘာဝဓာတ်ငွေ့နှင့် အခြားလောင်စာများကို သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်ပေးစက်ရုံငယ်များမှ အလုံအလောက်မရရှိခြင်း။
စွမ်းအင်ဝန်ကြီးဌာနမှလည်း နိုင်ငံခြာွးေရရှိရန့်အတွက်သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်ရောင်းချနေသော်လည်းပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အ၀လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့အလုံအလောက် ပေးပို့ခြင်းမရှိဟု သုံးသပ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့အထွက်နှုန်းသည် ကမ္ဘာတွင် တတိယဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ သုံဘီလျံဖိုး နိုင်ငံခြားသို့ တင်ပို့ရောင်းချနေပါသည်။
(၃) မီးဖြန့်ဖြူးရေးစနစ်များ ခေတ်မမီခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် ..ပြုန်းတီးမှုများခြင်း။
မြန်မာနိုင်ငံ၏ မီတာကောက်သောစနစ်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က သုံးခဲ့သော မီတာကောက် မီးသွယ်တန်းဖြန့်ဖြူးသည့်စနစ်ဖြစ်ပါသည်။ မီတာကို ယူနစ်ဖြင့်တွက်ပြီး မီတာစာရေးကလာဖတ်သဖြင့် ဓာတ်အားကုန်ဆုံးမှုသည် သူ၏အပေါ်တွင်သာမူတည်ပါသည်။
ဥပမာ တစ်မြို့တွင် မီတာစာရေး ငါးယောက်ရှိသည်ဆိုပါစို့ တစ်ယောက်ကို အိမ် နှစ်ထောင်ကျော်ခန့်ခွဲတမ်းရပါသည်။ မီတာဖတ်သောရက် ဆယ်ရက်ပေးထားလျှင် တစ်ရက်ကို အိမ်နှစ်ရာကျော် ဖတ်ရသည့်အတွက် အချိန်မရပါ..။ ထို့ကြောင့် မီတာကို ကြုံသလိုရေးပြီး မီတာခယူပါတော့သည်။ ထို့အပြင် အိမ်ရှင်/လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး အခကြေးငွေယူကာ ယူနစ်ကို လျှော့ဖတ်ခြင်း၊ မီတာကို လျှော့ထားခြင်းနှင့် မီတာအပြင်ဘက်မှ မီးတိုက်ရိုက်သွယ်တန်းပေးခြင်းတို့ကို လုပ်လေ့ရှိကြပါသည်။ အထူးသဖြင့် ဗဟိုထိန်းချုပ်မှုနှင့်ဝေးသောဒေသတိုင်းတွင် ထိုကိစ္စများရှိပါသည်။
ထို့အပြင် စက်မှုဇုံများတွင် မီးမလာလျှင် စက်ရုံတစ်ရုံ၏ မီးစက်မှ လောင်စာသုံးစွဲနှုန်းသည် တစ်နာရီလျှင် နှစ်ပေပါမှ ဆယ်ပေပါအထိရှိပါသည်။ ခန့်မှန်းခြေ (၁၀) သိန်းမှ (၅၀) ကြား ကုန်ကျပါသည်။ ထို့ကြောင့် မီးအလှည့်ကျစနစ်တွင် တာဝန်ရှိသူ အင်ဂျင်နီယာအား တစ်နာရီလျှင် သိန်းနဲ့ချီပေးပြီး မိမိစက်ရုံကို ကွက်ပြီး ချန်လှပ်မီးပေးစေပါသည်။ ထိုကဲ့သို့သော ကိစ္စများ များပြားလာသောအခါ လျှပ်စစ်ဝန်ကြီးဌာနမှ မှ အကြီးအကျယ် ရှုံးမည်သာဖြစ်သည်..။ ထို့ကြောင့် လျှပ်စစ်မီးသွယ်တန်းရေးများနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအတွက် ခေတ်မီ တိကျသော စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာမြင့် အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။
အိမ်နီးချင်းနိုင်ငံများတွင် မီတာဖတ်သည့်စနစ် မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါသည်။ electronic နည်းပညာဖြင့် မိမိသုံးစွဲသောယူနစ်သည် ဌာနတွင် အလိုလျောက်ပြပြီး ငွေတွက်ချက်ပြီးသား။ Online Bank Account များမှ နှုတ်ယူပြီးသား ဖြစ်ပါသည်။ ဓာတ်ကြိုးမှ ကြားဖြတ်သွယ်ယူလျှင်လည်း အလိုလျောက်အချက်ပြသတိပေးပါသည်။ ထို့ကြောင့် ယခု မီတာဖတ်သည့်စနစ်ကို မြေလှန်ခါ နည်းပညာဖြင့် ပြောင်းလဲရန် လုံးဝလိုအပ်လာပါသည်။ ဗဟိုချုပ်ကိုင်စနစ်ကို နှစ်ပေါင်းများစွာအားပြုခဲ့ခြင်းနှင့် ပုဂ္ဂလိကများအား ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အပြိုင်အဆိုင်ကန်ထရိုက်မပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုယူဆပါသည်။
(၄) ပြည်သူအတွက် တိုက်ရိုက်အကျိုးမပြုသော တရုတ်နိုင်ငံ စွမ်းအင်လိုအပ်ချက် ပေါ်လစီအရ လာရောက်ရင်းနှီးမြုပ်နှံသောလက်သင့်ရာရေအားလျှပ်စစ်စီမံကိန်းများကိုသာ ဦးစားပေးခဲ့ခြင်း။
ပြည်တွင်းတွင် တည်ဆောက်သော ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် Undertable ပတ်သက်သော ခရိုနီများနှင့် ၄င်းတို့ကျေးဇူးခံကျေးဇူးစား နိုင်ငံများ (ဥပမာတရုတ်) ကဲ့သို့သော နိုင်ငံများ၏ ပေါ်လစီ (စွမ်းအင်လိုအပ်ချက်) ကို တိုက်ရိုက်အကျိုးပြုနေသော်လည်း မြန်မာတစ်နိုင်ငံလုံးမပြောနှင့် စီမံကိန်းဒေသရှိရာပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအတွက် လျှပ်စစ်မီးနှင့် အခြားလောင်စာနေဖြင့် အကျိုးပြုအသုံးချခွင့်မရခဲ့သလို ၄င်းရေအားလျှပ်စစ်စက်ရုံများမှ အိမ်နီးခြင်းနိုင်ငံကြီးသို့ ပို့လွှတ်ရောင်းချထားသော လျှပ်စစ်ဓါတ်အားများအား မိမိဒေသ မီးလင်းရေးအတွက် ပြန်လည်ဝယ်ယူဖြန့်ဖြူးပေးနေရသည့် အခြေအနေများကြောင့်လည်း ကုန်ကျစရိတ် များစွာနစ်နာဆုံးရှုံးပါသည်။
-------------------------------------------------------------------
လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုး၏ ၂၀၁၂ ဧပြီလက လွှတ်တော်တွင်ပြောကြားချက်
--------------------------------------------------------------------------------
လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့နေရာမှာ နည်းလမ်းငါးသွယ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါတယ်။
နိုင်ငံတော်ဓာတ်အားစနစ်နဲ့ လက်လှမ်းမီတဲ့ နေရာတွေမှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေပါတယ်။
နိုင်ငံတော် ဓာတ်အားစနစ်ကနေ အလှမ်း ကွာဝေး တဲ့ ဒေသတွေမှာ အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီးလည်းကောင်း၊ ဒီဇယ်အင်ဂျင်စက်ရုံများ ဖြင့်လည်းကောင်း၊ ပြည်သူများပါဝင်သော မီးလင်းရေးကော်မတီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊
အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အား ပြန်လည် ၀ယ်ယူ၍ ဖြန့်ဖြူးပေးခြင်းဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။
နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု နှင့် ခရိုင် ၄၂ ခု၊ မြို့နယ်မြို့ပေါင်း ၂၅၀၊ ကျေးရွာပေါင်း ၂၁၉၄ ခုကို နိုင်ငံတော်ဓာတ်အားပေးစနစ်မှ ဓာတ်အားပေးထားပါတယ်။
တိုင်းဒေသကြီး ၄ ခု၊ ခရိုင် ၂၆ ခု၊ မြို့နယ်ပေါင်း ၁၈၀ နှင့် ကျေးရွာပေါင်း ၄၅၉၅ ရွာကို အခြား နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ ရေအားလျှပ်စစ် စက်ရုံငယ်ပေါင်း ၃၂ ရုံ၊ ဒီဇယ်စက်ရုံပေါင်း ၅၆၉ ရုံနဲ့ မြို့ပေါင်း ၃၄၀၊ ရွာပေါင်း ၄၂ ရွာကိုလည်း ဓာတ်အားပေးလျက်ရှိပါတယ်။
အခု မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၃၄၆ ရွာအနက် လျှပ်စစ်ဓာတ်အား ရရှိတဲ့ ကျေးရွာပေါင်းဟာ ၆၇၈၉ ရွာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား မရရှိတဲ့ရွာပေါင်း ဟာ ၅၇၅၅၇ ရွာ ၈၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားရရှိပြီးတဲ့ ကျေးရွာပေါင်း ၂၁၉၄ ရွာမှာ နိုင်ငံတော်ဓာတ်အားစနစ်က ရရှိတာဖြစ်ပါတယ်။ အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားတဲ့ရွာပေါင်းဟာ ၄၅၉၅ ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"
ဟု့ ပြောထားပါသည်။ အဲဒီအချက်တွေကိုလေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မှ လျှပ်စစ်ဓာတ်အားပေးနိုင်တာ တစ်နှစ်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရှိပါသေးသည်။
ဖေ့ဘုတ်မှ ကို ငရဲ သား ၏ပိုစ့်ကိုမူရင်းအတိုင်းမျှဝေပါသည်။
No comments:
Post a Comment