အောင်ဆန်းတံခွန်ဘွဲ့ရ ဗိုလ်မှူးကြီး ဆူဇူကီး ( ဗိုလ်မိုးကြိုး ) ကို မြန်မာဝတ်စုံဖြင့် တွေ့ရစဉ် |
ကိုလိုနီခေတ်က ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံခြားအကူအညီရယူရန် ရုပ်ဖျက်ကာ ပြည်ပသို့ တိတ်တဆိတ် သွားရောက်ခဲ့ရာ၊ ဂျပန်စစ်တပ်မှ ကာနယ်ဆူဇူကီးနှင့် ချိတ်ဆက်မိခဲ့ပြီးနောက် ရဲဘော်သုံးကျိပ်ကို ပြည်တွင်းမှ ခေါ်ထုတ်ကာ ဂျပန်၌ စစ်ပညာ သင်ကြားပေးခဲ့သည်၊ ထို့နောက် ဆူဇူကီးသည် သူကိုယ်တိုင် ဦးစီးကွပ်ကဲရသော မီနာမီကီကန်းအဖွဲ့မှ ထူထောင်ပေးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် အကြီးအကဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအဖြစ်လည်းကောင်း၊ ဒုတိယစစ်ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအား ခန့်အပ်၍လည်းကောင်း မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့သည်။ အင်္ဂလိပ်တို့ ဆုတ်ခွာပြီးနောက် ဗမာပြည်အားအား လွတ်လပ်ရေးပေးရန် မလိုလားသော ဂျပန်စစ်ခေါင်းဆောင်များနှင့် ဆူဇူကီးတို့ သဘောထားခြင်း ကွဲလွဲကြခဲ့သည်။ မီနာမီကီကန်းကို ဖျက်သိမ်း၍ ဂျပန်သို့ ပြန်သွားသော ဆူဇူကီးသည် ဂျပန်ရောက်သည့်တိုင် မြန်မာပြည်ကို သံယောဇဉ်ရှိစွာဖြင့် အကူအညီများ ပေးခဲ့သည်။ ထို့ကြောင့်လည်း စစ်ပြီးခေတ် မြန်မာအစိုးရက ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုးအား ၄င်း၏ လုပ်ဆောင်မှုများအတွက် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဘွဲ့ဖြစ်သော “အောင်ဆန်းတံခွန်”ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
Credit and Thanks to >> တို့ဗမာအစည်းအရုံး Dobama Asiayone <<
No comments:
Post a Comment