ဟုတ်ကဲ့ယခုတစ်ခေါက်တင်ပြပေးသွားမှာကတော့ ပုံမှာမြင်ရတဲ့အတိုင်း လှောင်အိမ်ထဲမှာ နှစ် ၄၀ကျော်ကြာအောင် ထည့်ထားခြင်းခံရတဲ့ တရုတ်အမျိုးသား Peng Weiqing ပဲဖြစ်ပါတယ်။
သူ့ကိုလှောင်အိမ်ထဲထည့်ထားသူကတော့ အခြားသူမဟုတ်ပါဘူး သူ့မိခင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ သူတို့
မိသားစုဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်စီရင်စု Zhengzhou မြို့မှာနေထိုင်ပါတယ်။
Peng Weiqing ဟာယခုဆိုလျှင် အသက် ၄၈ နှစ်ရှိနေပါပြီ။ သူ့အသက် ၆ နှစ်သားတုန်းက ပြင်းထန်တဲ့
အဖျားရောဂါတစ်ခုကြောင့် သူဟာ ဦးနှောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အဲလိုဦးနှောက်ထိခိုက်ပျက်စီးခဲ့
တဲ့အတွက်.... Peng Weiqing ဟာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမရှိပဲ ကလေးအဆင့်မှာပဲရပ်တန့်
နေခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက်ပိုင်းတော့ Peng Weiqing ရဲ့မိဘများဟာ သူ့ကိုထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်မှာစိုးရိမ်ပြီး ယခု
လိုလှောင်အိမ်ထဲ ထည့်လို့ကျွေးမွေးသုတ်သင်လာ တာ နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ပါပြီ။
အခုတော့ Peng Weiqing ရဲ့ဖခင်ဖြစ်သူဟာကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူ Waimei ဟာဆိုရင်လည်းအ
သက် ၈၀ ကျော်နေပါပြီ။ မိခင်ဖြစ်သူ Waimei ကတော့ သူကွယ်လွန်တဲ့အခါ သားဖြစ်သူကို ပြုစုစောင့်
ရှောက်ပေးမယ့်သူ မရှိမှာကိုတွေးပူပြီး စိုးရိမ်နေပါကြောင်း တင်ပြရင် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
မှတ်ချက်။ ။ တရုတ်နာမည်များကို မူရင်းအတိုင်းတင်ပြလိုက်ပါတယ်ခင်ဗျား ၊ လိုအပ်ချက်များရှိပါက
စာရေးသူ မိမိ၏အမှားသာဖြစ်ကြောင်း။
Ref: http://www.dailymail.co.uk
No comments:
Post a Comment