Friday, December 13, 2013

မွန်ရိုးရာငါးပာင်း

မွန်လူမျိုးတွေလည်း..ရခိုင်လူမျိုးတွေလို ..ငါးကိုဆီမပါပဲ..ချဉ်စပ်လေးချက်
စားလေ့ရှိတတ်ကြတယ်...။အသုံးပြုတဲ့..ငါးအမျိုးအစားတွေကတော့ဒေသ
အလိုက်ကွာသလို....ရခိုင်လူမျိုးတွေနဲ.ကွာခြားချက်က...မွန်လူမျိုးတွေက..
မန်ကျည်းသီးမှည့်အစား...မရမ်းပြားခြောက်လေးတွေကိုအသုံးပြုကြပါတယ်။

မွန်ရိုးရာငါးပာင်း
***********

မိမိနှစ်သက်ရာငါး.................၃၀ ကျပ်သားခန်.
ကြက်သွန်ဖြူ.......................၃ တက်
ငရုတ်သီးစိမ်း......................၅ တောင့်
စပါးလင်............................၁ ချောင်း( အဖြူရောင်အပိုင်းသာ)
ပဒဲကောပါးပါး......................၃ ချပ်
မရမ်းပြားခြောက်...................၄ ပြား
ရှမ်းနံနံ...............................၃ ပင်
ငါးငံပြာရည်.........................၃ ဇွန်း( ထမင်းစားဇွန်း)
ပာင်းခတ်မှုန်. ......................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)

ငါးတွေကိုရေဆေးသန်.စင်ပြီးရင်..ငါးငံပြာရည်၊ ပာင်းခတ်မှုန်. ၊ နနွင်းမှုန်.အနည်းငယ်တို.နှင့်နယ်ပါ။

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတွကို မညက်တညက်လေးထောင်းထည့်ပါ။

စပါးလင်ကိုဓါးပြားရိုက်ပြီး..ပဒဲကောကိုလည်းပါးပါးလေးလှီးထည့်ပါ။

ရှမ်းနံနံမှလွဲပြီးပါဝင်ပစ္စည်းအားလုံးရောကာ ရေမြှုပ်ရုံလေးထည့်ပြီးတည်ပါ။

အမြှုပ်နှင့်အညစ်အကြေးများခပ်ထုတ်ပါ..။လိုအပ်ပါကရေအနည်းငယ်ထပ်မံ
ဖြည့်စွက်ပေးပါ။

အရသာမြည်းစမ်းပြီးရှမ်းနံနံကို ၂ပိုင်းဖြတ်ကာထည့်ပြီးသုံးဆောင်ပါ။

အရသာတစ်မျိုးထူးခြားတဲ့မွန်းရိုးရာငါးပာင်းပါ။

Photo Credit ...Saya Aung Myo Min.


Also Credit to ဟင်းချက်နည်းများ ဖေ့ဘုတ်စာမျက်နှာ

No comments:

Post a Comment