“အိမ်ခြံမြေအပြင် တခြားဘာကိုပဲဝယ်ဝယ် ၀င်ငွေရလမ်းဖော် ပြနိုင်ရင် မြို့သုံးမြို့မှာ အခွန်ငွေ ခုနစ်ရာခိုင် နှုန်း ပေးဆောင်ရုံနဲ့ ၀ယ်ယူလို့ရပါတယ်။ ဒါကြောင့် အခြေပြုပစ္စည်းတစ်ခုခုကို ၀ယ်ယူမယ်ဆိုရင် ၀င်ငွေ ရလမ်းကို သေချာဖော်ပြဖို့ လိုပါတယ်။ ဥပမာ ပြည်ပမှာ အလုပ်လုပ်လာတဲ့သူအနေနဲ့ ရရှိခဲ့တဲ့ငွေကို ဌာန မှာလာပြီး ငွေကြေးကို ပေါက်ဈေးအတိုင်း လဲလှယ်မှုပြုတာမျိုးဆိုရင်လဲ ၀င်ငွေရလမ်း ဖော်ပြပြီးဖြစ်ပါ တယ်”ဟု ဦးကျော်မင်းက ပြောသည်။
အခွန်ငွေများ ကောက်ခံရာတွင် နိုင်ငံတော်စီမံ ချက်များဖြစ်သော ကား၊ ဆိုင်ကယ်၊ လေယာဉ်၊ အိမ်ခြံမြေ များအဖြစ် ယခင်သတ်မှတ်ထာြး ပီး ၎င်းတို့ကို အခွန်ငွေ ၁၅ ရာခိုင်နှုန်းဖြင့် ရောင်းဝယ်ခြင်း ပြုလုပ်ခွင့် ပြု ထားခဲ့သည်။
ယခုအခါ အိမ်ခြံမြေရောင်းဝယ်ခြင်းကို ထိုစီမံချက်ထဲတွင် ထည့်သွင်းခြင်း မပြုလုပ်တော့ဘဲ ၀င်ငွေအခွန် ဥပဒေအတိုင်း အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ခြင်း စတင်လုပ်ဆောင်စေခဲ့သဖြင့် အိမ်ခြံမြေ ၀ယ်ယူလို သည့်သူများအတွက်ဝင်ငွေရလမ်း သေချာစွာပြသလျှင် သတ်မှတ်ထားရှိသော အခွန်ငွေများကို ပေး ဆောင်ရန် မလိုအပ်ပေ။
“နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်း ၊ မြို့နယ်အတွက် ပေးဆောင် ရတဲ့ အခွန် နှစ်ရာခိုင်နှုန်းကိုတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အခွန်ငွေ ၃၀ ရာခိုင်နှုန်းကိုတော့ ၀င်ငွေ ရလမ်းပြနိုင်ရင် လုံးဝ ပေးဆောင်စရာ မလိုပါဘူး။ အဲဒီသုံးမြို့ကလွဲပြီး ကျန်တဲ့မြို့တွေ ကတော့ အဲဒီ ခုနစ်ရာခိုင်နှုန်း မပါပါဘူး”ဟု ဦးကျော်မင်းက ပြောသည်။
အခွန်ဆိုင်ရာရုံးများတွင်လည်း ၀န်ထမ်းအင်အားများ တိုးချဲ့ခြင်း၊ ခေတ်မီစက်ကိရိယာများ တိုးချဲ့ခြင်းတို့ကိုလည်း လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိနေသည်။ လက်ရှိတွင် မန္တလေးတိုင်း ပြည်တွင်းအခွန်ဦးစီးဌာ နရုံး၌ ၀န်ထမ်းအင်အား ၃၆၀ ဖြင့် လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။
This Post Credit to Mizzima
No comments:
Post a Comment