Wednesday, November 14, 2012

ပြည်သူ့လွှတ်တော် အင်တာနက် website စမ်းသပ်လွှင့်တင်

14/11/2012

ပြည်သူ့လွှတ်တော် ၀က်ဘ်ဆိုဒ် စမ်းသပ်လွှင့်တင်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲလာသော နိုင်ငံရေးပွင့်လင်းမှုနှင့်အတူ အစိုးရဌာနအသီးသီးမှ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်များလွှတ်တင်ပြီး ၄င်းတို့၏ လုပ်ဆောင်ချက်များ သတင်းများကို ပြည်သူများ သိရှိစေရန်နှင့် လိုအပ်ပါက အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ သမ္မတရုံး၊ ၀န်ကြီးဌာနအချို့နှင့် ဦးစီးဌာနများမှ ၀က်ဘ်ဆိုဒ်များလွှတ်တင်လျက်ရှိရာ ယခုအချိန်တွင် နိုင်ငံ၏ ထိပ်တန်းအာဏာပိုင်အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်သူ့လွှတ်တော်မှ ၄င်းတို့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ကို စမ်းသပ်လွှင့်တင်လိုက်ပြီဖြစ်သည်။ ကဏ္ဍများအနေဖြင့် အဖွင့်စာမျက်နှာ၊ သတင်းနှင့် ပြန်ကြားရေး၊ အစည်းအဝေးများ၊ ကိုယ်စားလှယ်များ၊ ကော်မတီ/ကော်မရှင်များ၊ ဥပဒေဆိုင်ရာများပါဝင်ပြီး Features များအနေဖြင့် အစည်းအဝေးများကို ရက်အလိုက်ရှာဖွေနိုင်သည့် ပြက္ခဒိန် ပါဝင်ပြီး အီးမေးလ်ပေးပို့နိုင်ခြင်း Law Database, Audio Database များကို ထည့်သွင်းပေးထားကြောင်းသိရှိရသည်။ ယခုလို ပွင့်လင်းမြင်သာမှုရှိသော အပြုအမူမျိုးကို ကြိုဆိုရမည့်အပြင် ပြည်သူများနှင့် တိုက်ရိုက်အလွယ်တကူ ဆက်သွယ
်နိုင်အောင် ပြုလုပ်ပေးထားခြင်းကို လှိုက်လှဲစွာ ၀မ်းမြောက်ဝမ်းသာဖြစ်မိပြီး အင်တာနက်သုံးစွဲ သူပြည်သူများက ထောက်ခံအားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

News by: People Development for Knowledge
Photo by: www.pyithuhluttaw.gov.mm

No comments:

Post a Comment