Saturday, November 24, 2012

တီထွင်ရင်းအသက်ပေးရသူများ ၃

24/12/2012

တီထွင်ရင်းအသက်ပေးရသူများ-၃
*********************
တတိယမြောက်အဖြစ်ဖေါ်ပြပေးမယ့်သူကတော့ Horace Lawson Hunley ပဲဖြစ်ပါတယ်။
သူဟာရှေ့နေတစ်ယောက်ဖြစ်ပြီး၊   အမေရိကန်နိုင်ငံ  လူစီယားနားပြည်နယ်ရဲ့ ဥပဒေပြု
လွှတ်တော် အမတ်တစ်ယောက်လည်းဖြစ်ပါတယ်။

အဲဒီအချိန်က အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အချိန်ဖြစ်ပြီး ဟန်လေ
ဟာခွဲထွက်ရေးသမားများဘက်ပါသွားခဲ့ပါတယ်။ ဟန်လေဟာ အဲဒီအချိန်ကာလတွေမတိုင်ခင်
ထဲက ရေငုပ်သင်္ဘောများ တည်ဆောက်ဖို့စိတ်ဝင်စားခဲ့ပါတယ်။

ပြည်တွင်းစစ်တွေဖြစ်နေတဲ့ကာလများမှာတော့ ဟန်လေ ဟာ ခွဲထွက်ရေးမဟာမိတ်အဖွဲ့တွေ
အတွက် ရေငုပ်သင်္ဘောပုံစံ ၃ မျိုးကိုတည်ဆောက်ပေးခဲ့ပါတယ်။

ဟန်လေရဲ့ ပထမဆုံးရေငုပ်သင်္ဘောကို နယူးအော်လန် မှာတည်ဆောက်ခဲ့ပြီး မပြီးစီးသေးခင်
မှာပဲ ပြည်ထောင်စု အစိုးရတပ်တွေလက်ထဲ ၁၈၆၂ ခုနှစ်မှာ နယူးအော်လန်မြို့ကျသွားတဲ့အခါ နည်းဗျူဟာအရ နှစ်မြှုပ်ပစ်ခဲ့ရတဲ့အတွက် မစမ်းသပ်လိုက်ရပါဘူး။

ဒုတိယမြောက်ရေငုပ်သင်္ဘောကို ဆက်လက်တည်ဆောက်ပြီး အယ်ဘားမားပြည်နယ်မှာရှိတဲ့ ပင်လယ်အော်မှာစမ်းသပ်တဲ့အခါနစ်မြုပ်သွားခဲ့ရပါတယ်။

တတိယမြောက် ရေငုပ်သင်္ဘောကို ဆက်လက်တည်ဆောက်ပြီး အောက်တိုဘာလ ၁၅ ရက်၊
၁၈၆၃ ခုနှစ်မှာ စမ်းသပ်ခဲ့ပါတယ်။ ဒီနောက်ဆုံးစမ်းသပ်ခရီးကို ဟန်လေဟာ    သူကိုယ်တိုင်
လိုက်ပါဖို့ဆုံးဖြတ်ခဲ့ပြီး အဖွဲ့သား ၇ ယောက်နှင့်အတူ စမ်းသပ်မောင်းနှင်ရာမှာ မတော်တဆ
တစ်ခုကြောင့် နစ်မြုပ်ပြီး ဟန်လေ အပါအ၀င် အဖွဲ့သား ၇ ဦးလုံးသေဆုံးခဲ့ကြရပါကြောင်း။

*silver*

တီထွင်ရင်းအသက်ပေးရသူများ ၄ ကိုဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်ပါ
တယ်။

No comments:

Post a Comment