Friday, November 23, 2012

တီထွင်ရင်းအသက်ပေးခဲ့ရသူများ ၂

23/12/2012


တီထွင်မှုအတွက်အသက်ပေးရသူ နောက်တစ်ယောက်ကတော့ ပြင်သစ်နိုင်ငံက Franz Reichelt ပဲဖြစ်ပါ
တယ်။ သူကတော့ လေထီး တီထွင်တာပါ Franz Reichelt ဟာ သြစတီးယန်းမှာမွေးဖွားခဲ့ပြီး ပြင်သစ်နိုင်
ငံမှာ အခြေချနေထိုင်ကာ အပ်ချုပ်သမား အဖြစ်အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။

အပ်ချုပ်တယ်ဆိုပေမယ့် သူ့ဘ၀အချိန်တော်တော်များများကို လေထီးတီထွင်ဖို့ကြိုးစားရင်း ကုန်လွန်စေခဲ့
သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဲအချိန်မတိုင်ခင်ကတော့ လေယာဉ်မှူးတွေဟာ လေယာဉ်သာမောင်း
ပေမယ့် လေထီးဆိုတာပါဖို့ဝေးလို့ ဘာမှန်းတောင်မသိကြပါဘူး။

၁၉၀၃ ခုနှစ် မှာတော့ Franz Reichelt ဟာ ပထမဆုံးလေထီးကိုတီထွင်ခဲ့ပြီး    လူရုပ်ပုံတူနဲ့စမ်းသပ်တာ
အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ နောက်ထပ်လေထီးကို ကိုယ်တိုင်စမ်းသပ်ဖို့ ၁၈၇
ပေ အမြင့်ရှိတဲ့ နာမည်ကျော် အီဖယ်မျှော်စင်ရဲ့ အောက်ဆင့်ကနေခုန်ချပြီး စမ်းသပ်ရာမှာတော့ လေထီး
မပွင့်ပဲ အသက်ဆုံးရှုံးခဲ့ရရှာပါတယ်။

သူ့တီထွင်မှုမအောင်မြင်ပေမယ့်လည်း သူ့ရဲ့တီထွင်မှုလမ်းစကို အခြေခံပြီးနောက်ပိုင်းလေထီးတွေကိုအ
ဆင်ပြေအောင်မြင်အောင်လုပ်ပေးခဲ့တယ်လို့ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ်တီထွင်မှုတွေရဲ့   ပေးဆပ်ရမှုကလဲ
မသေးလှပါဘူး။

တီထွင်ရင်းအသက်ပေးခဲ့ရသူများ ၃ ကိုဆက်လက်တင်ပြသွားပါမည်။

No comments:

Post a Comment