တီထွင်သူ Zach Supalla နှင့် Spark socket ကိုတွေ့ရစဉ် |
မီးသီးတစ်လုံးကိုပါ ထည့်သွင်းအသုံးပြုနိုင်ပြီဆို စာဖတ်သူမျက်လုံးပြူးသွားမယ်ထင်ပါတယ်။ ဟုတ်ပါတယ်
တစ်ကယ်ကိုထည့်သွင်းချိတ်ဆက်နိုင်ပါပြီ ဒါတင်မကသေးပါဘူး သင့်ရဲ့ smart phone, tablet ဒါမှမဟုတ်
ပန်းသီးကထုတ်တဲ့ Ipad စတာတွေနဲ့လည်း Control လုပ်နိုင်ပါသေးတယ်။ အသုံးပြုနိုင်တဲ့ Platform က
လည်းစုံလင်ပါတယ်။ i OS, Android အပြင် window system တွေနဲ့ပါအလုပ်လုပ်ပါသေးတယ်။ အဓိက
တော့ Internet connection တစ်ခုခုသင့်မှာရှိနေဖို့ပါပဲ။
ဒီပစ္စည်းကတော့ Spark ကုမ္ပဏီကထုတ်လုပ်တဲ့ Spark socket ဆိုတဲ့ မီးသီးခေါင်း တစ်မျိုးဖြစ်ပါ
တယ်။ Spark Devices ကုမ္ပဏီထူထောင်သူ Zach Supalla က " ဒီပစ္စည်းလေး တီထွင်ဖြစ်တာက
ကျွန်တော့အဖေကြောင့်ပဲဗျ၊ အဖေကနားလေးတော့ ဖုန်းကိုသူက မက်ဆေ့ခ်ျ ပို့တာနဲ့ပဲအဓိကသုံးရသလို
ဖြစ်နေတာကိုး၊ ပြဿနာက မက်ဆေ့ခ်ျပြန်ဝင်လာရင် ဖုန်းကမြည်တဲ့ အသံကိုသူကမကြားရတော့ အဆင်
မပြေဘူးပေါ့၊ အဲဒါနဲ့ဒီ Spark socket ကိုစတင်လုပ်ဖြစ်တာ " လို့ဆိုပါတယ်။
အခုတော့ Zach Supalla ရဲ့အဖေတစ်ယောက်အဆင်ပြေသွားပါပြီ Spark socket နဲ့တပ်ဆင်ထား
တဲ့ အက်ဒီဆင်အစပျိုးတီထွင်ခဲ့တဲ့ ရိုးရိုးမီးသီးတစ်လုံးက မက်ဆေ့ခ်ျ ၀င်လာတိုင်း အချက်ပေးနေပြီလေ။
ဒီတစ်ခုထဲတောင်မဟုတ်ပါဘူး မီးတွေကိုအဲဒီ Spark socket နဲ့တပ်ဆင်ထားမယ်ဆိုရင် အိမ်မှာလူမရှိပေ
မယ့်လည်း အဝေးကနေ Internet နဲ့အပိတ်အဖွင့်လုပ်နိုင်ပါသေးတယ်။ နောက်ထပ်ကတော့ မီးအားအတိုး
အလျှော့ အလင်းအမှိန် ထိန်းတာတွေ ဘယ်အချိန်ဖွင့်လို့ ဘယ်အချိန်ပိတ်မယ်ဆိုတာတွေကိုလည်း သင့်
လက်ကိုင်ဖုန်းပေါ်ကနေ ထိုင်ရာမထထိန်ကျောင်းနိုင်ပါသေးသတဲ့။
လောလောဆယ်တော့ Spark socket တစ်လုံးရဲ့ရောင်းဈေးကတော့ ဒေါ်လာ ၆၀ ဖြစ်ပြီး၊ Kicksta-
rter တစ်စုံဆိုရင်တော့ ၂၅၀ ဒေါ်လာကျသင့်မယ်လို့ဆိုပါတယ်။ နောက်ပိုင်းထုတ်လုပ်မှု နည်းပညာတွေ
ထပ်မံကောင်းမွန်လာတာနဲ့အမျှ ဒိထက်ပိုပြီးဈေးသက်သာလာမယ်လို့သိရပါတယ်ခင်ဗျား။
ref: http://www.wired.com
No comments:
Post a Comment