Leafy seadragon |
ရွက်ယောင်ရေနဂါး
ရွက်ယောင်ရေနဂါးဆိုလို့ ဘာပါလိမ့်မထင်လိုက်ကြပါနဲ့ဦးနော်။
တကယ်တော့ သူဟာရေနဂါးမျိုးကွဲ
တစ်မျိုးဖြစ်ပြီး မတူထူးခြားတဲ့အချက်က သူ့ကိုယ်သူ ပင်လယ်ရေစီးကြောင်းထဲမှာ မျောပါနေတတ်တဲ့
ပင်လယ်ရေညှိပင်တွေ နှင့် ဖုံးလွှမ်း ဆင်ယင်ထားတတ်တဲ့ အတွက်ကြောင့်
ရွက်ယောင်ရေနဂါးလို့ပဲ
ကျွန်တော့ဟာကျွန်တော်နာမည်ပေးလိုက်တာပါ။
အဲဒီရေနဂါးမျိုးတွေဟာ ခန္ဓာကိုယ်တစ်လျှောက် အစိမ်းရောင်၊
အ၀ါရောင်၊ လိမ္မော်နှင့် ရွှေရောင်တွေ
ရှိပြီး၊ သူတို့ကိုယ်တိုင် ဆင်ယင်ထားတဲ့ ပင်လယ်ရေညှိပင်တွေကြောင့်
အကောင်းဆုံး ရုပ်ဖျက်နိုင်မှု
ကိုပိုင်ဆိုင်ထားကြပါတယ်။ တဖျပ်ဖျပ် ခတ်နေတတ်တဲ့ ရေယက်တောင်လေးတွေရယ်
ပတ်ချာလည်
လှည့်ကြည့်နိုင်တဲ့မျက်လုံးတစ်စုံရယ် ကသာ သူ့ကို ရေနဂါးကောင်မှန်း သိသာစေပါတယ်။
နို့မို့ဆိုလို့
ကတော့ အပင်တပင်လို့ပဲထင်ရမှာသေချာပေါက်ပါပဲ။
အခြားသော ပင်လယ်ရေနဂါး တွေလိုပဲ အထီးက ဥသယ်ဆောင်ရပါတယ်။ အထီးတစ်ကောင်ကို ၁၅၀ ကနေ ၂၀၀အထိဥတွေကိုသယ်ဆောင် နိုင်ပါတယ်။ ဥတွေကို ရေနဂါးအမဆီကလွှဲပြောင်းယူပြီး တဲ့
တဲ့နောက်မှာ အထီးကောင်ရဲ့
အမြှီးအောက်ပိုင်း၊ ရင်ရှေ့အောက်ပိုင်းရှိ ပျားအိမ်ပုံအိတ်ထဲမှာ ဥချချိန်
အထိ
သိမ်းဆည်းထားတတ်ကြပါတယ်။
သူတို့ဟာ ရေငြိမ်ပြီးအေးတဲ့နေရာ( ၅၀-၅၄ ဒီဂရီဖာရင်ဟိုက်)မှာနေတတ်ကြပါတယ်။ ၾသစေတးလ်
ရေနဂါးတွေ လို့အသိများတဲ့ သြစတေးလျနိုင်ငံမှာ အသိများပြီး ၁၉၈၂ ခုနှစ်ကတည်းက ဥပဒေထုတ်
ပြန်ကာကွယ်ပေးထားခဲ့ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
မှတ်ချက်။ ။ Seahorse ဆိုပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာက ရေနဂါးလို့ပဲခေါ်ကြလေတော့ ကျွန်
တော်လည်း ရေနဂါးပဲသုံးလိုက်ပါတယ်ခင်ဗျား မူရင်းကတော့- Seadragon လို့သုံးထားပါတယ်ခင်ဗျာ။
Ref : http://divaboo.info
No comments:
Post a Comment