15/11/201
အသစ်ရှာဖွေတွေ့ရှိသော ဒိုင်နိုဆော မျိုးစိတ်သစ်မှာ လွန်ခဲ့သောနှစ် သန်းပေါင်း ၇၈ သန်းခန့်က
ကနေဒါနိုင်ငံတွင် လှည့်လည် ကျက်စားခဲ့သည်ဟု
ယူဆရပြီး၊ မြောက်အမေရိက တိုက်တွင် ရှာဖွေတွေ့
ရှိခဲ့သမျှ ကြီးမား၍ ဦးချိုပါ တွားသွားတတ်သော
ဒိုင်နိုဆောမျိုးစိတ် များထဲတွင် အကြီးမား ဆုံးအဖြစ်
ဒိုင်နိုဆောတွေအကြောင်းကို ဦးဆောင်ဖ်ါထုတ်ရေးသားသူဖြစ်တဲ့ဇီဝဗေဒပညာရှင် Michael Ryan
က " Triceratops လို့ခေါ်တဲ့ ဒိုင်နိုဆောလိုပဲ ကြီးမားတဲ့ကိုယ်ခန္ဓာ
ရှိပြီး ခုတွေ့ထားတဲ့ ဒိုင်နိုဆောဟာ
သက်တမ်းအရင့်ဆုံးဖြစ်မှာသေချာတယ်" လို့Canadian Journal of Earth Sciences ရဲ့ အင်တာနက်
စာမျက်နှာမှာ ရေးသားထားပါတယ်။
ယခုတွေ့ရှိရတဲ့ ဒိုင်နိုဆောဟာသီးရွက်စားအမျိုးအစားထဲမှာပါဝင်ပြီးလောလော ဆယ်တော့ သူ့ကို
Xenoceratops
foremostenis-Latin "alien horned-face from Foremost," စတင်တွ့ရှိရာ ကနေဒါ
မြို့ငယ်လေးဖြစ်တဲ့
Foremost ကိုစွဲပြီးအမည်ပေးထားတာပါ။ ယခုမှသာ ပြည့်စုံစွာ တွေ့ရှိတာဖြစ်ပြီး
၁၉၅၈ ခုနှစ်ကတည်းက
အဲဒီမြို့လေးမှာ ကျောက်ဖြစ်ရုပ်ကြွင်းအစိတ်အပိုင်း အချို့ ကို စတင်တွေ့ရှိခဲ့
တယ်လို့လည်းဆိုပါတယ်။
Xenoceratops တွေဟာ မျိုးကွဲတစ်ခုဖြစ်တဲ့
Triceratops တွေနဲ့တော်တော် များများ ဆင်တူပြီး
ထူးခြားတာကတော့ လှံတံတစ်ချောင်းလို
ရှည်လျားတဲ့ဦးချိုတွေပါပြီး မျက်ခုံးနေရာက စတင်ပြီး ဦးခေါင်း
နောက်ဖက်ကို ဒိုင်းပုံစံဖြာ ထွက်သွားတဲ့ ဦးခေါင်းရိုး
(skull)ရှိမယ်လို့ယူဆရပြီး၊ Triceratops တွေနဲ့ကွဲ
ပြားတာကတော့ Xenoceratops တွေဟာ အဲဒီဦးခေါင်းရိုးနောက်ဖက်ပိုင်း အထိထိုးထွက်နေတဲ့လည်ပင်း
ချပ်ပြားဝိုင်းမှာပါ
ဦးချိုတွေပါရှိနေတာပါပဲ။ (ပုံမှာကြည့်နိုင်ပါတယ်)
သက်တမ်း နှစ်သန်းပေါင်း ၇၈ သန်း ရှိပြီဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ် အပိုင်း တွေနဲ့
ဦးခေါင်းရိုးခွံကို Ryan တို့အဖွဲ့ဟာ ကနေဒါနိုင်ငံ Alberta အရပ်မှာတွေ့ ရှိခဲ့ပြီး၊
Ottawa မှာရှိတဲ့
Canadian Museum of Natureကပြသထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့တိုက်ဆိုင်
စစ်ဆေးလိုက်
တဲ့အခါမှာ ကျောက်ဖြစ်ရုပ်ကြွင်းရဲ့သက်တမ်းတွေဟာတူညီနေတာကိုတွေ့ရှိရပါတယ်။
Ryan ကတော့"ပြတိုက်ထဲက
ကြီးမားတဲ့ ဦးခေါင်းရိုး ချပ်ပြားဝိုင်းကြီး (frill) အပိုင်းအစနှစ် ခုရယ်
လှံကြီးလို ဦးချိုကြီး တစ်ချောင်းရယ်တွေ့လိုက်ထဲက
ဒါဟာအခြားဒိုင်နိုဆောမျိုးစိတ်တွေနဲ့မတူကွဲပြား
တဲ့ မျိုးစိတ်သစ်တစ်ခုပဲလို့သဘောပေါက်လိုက်ပါတယ်"
လို့ပြောပြပါတယ်။
အတိုင်းအတာ အနေနဲ့က Xenoceratops ဒိုင်နိုဆောတွေဟာ
ပေ ၂၀ (၆ မီတာ) ရှည်ပါတယ်
ကိုယ်အလေးချိန်အနေနဲ့ ၂ တန်နှင့်အထက်ရှိမယ်လို့ယူဆရပါတယ်။
ဒါဟာ ဦးချိုပါ ဒိုင်နိုဆောတွေ
ရဲ့ ပျမ်းမျှအရွယ်အစားပါပဲ။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၈၀ကတော့ယခုတွေ့ရှိတဲ့မျိုးစိတ်သစ်
Xenoceratops ဟာကမ္ဘာမြေပေါ်မှာ လှည့်လည်ကျက်စားနေခဲ့တာကတော့ အမှန်ပါပဲလို့ တင်ပြရင်း
နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျား။
Ref & Credit to
National Geographic
No comments:
Post a Comment