Wednesday, November 6, 2013

ညောင်ရွှေဟော် မြေတိုက်ခန်း


ညောင်ရွှေဟော်ဆိုတာက ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် စံသွား
တဲ့ အိမ်ကြီးပါ ။ စော်ဘွားတွေနေတဲ့ အိမ်ကို ဟော်လို့ခေါ်ပါတယ် ။
အင်မတန်ကြီးတဲ့ အိမ်ကြီးဖြစ်ပါတယ် ။
မဟာဒေဝီတွေနေခဲ့တဲ့အခန်းတွေ ၊ လှေကားဝှက်တွေဘာတွေနဲ့ပါ ။
အိမ်သာတွေကလည်း ဘိုထိုင်တွေ ဘာတွေနဲ့ပါတဲ့ ။ မင်းတုန်းမင်း
လက်ထက်တော် ကတည်းက ဘုံလေးဆင့် နဲ့နေဖို့ ချီးမြှင့်ခံထားရတဲ့
စော်ဘွားကြီး စစံခဲ့တာပေါ့။ ဆောက်ခဲ့တဲ့ အချိန်ကတော့နောက်ဆုံး
စံခဲ့တဲ့ စဝ်ရွှေသိုက်လက်ထက်မှ မဟုတ်ပဲ ဟိုးဘိုးဘေးခေတ်ကတည်း
ကစဆောက်ခဲ့တယ်လို့ပြောပါတယ်။

ရောက်ဖူးတဲ့ အချိန်မှာသိပ်ငယ်သေးပါတယ် ။ လေးတန်းကျောင်းသူ
အရွယ်သာရှိသေးတယ် ။ ဟော်နန်းကြီးက ထီးထီးကြီးဖြစ်နေတာက
လွဲလို့ ကျန်တာတွေ လုံးဝ မမှတ်မိတော့ပါဘူး ။ အဲ ထူးခြားတာက ယ
ခုအချိန်ထိမေ့လို့မရသေးတဲ့ မြင်ကွင်းနဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့တဲ့
ညောင်ရွှေဟော်ရဲ့ မြေတိုက်ခန်းကြီးပါပဲ ။ စော်ဘွားကြီးရုံးလုပ်ထားတဲ့
အထပ်လို့သိရပါတယ် ။ လှေကားကနေ တထစ်ချင်း ဆင်းတော့ မျက်စိ
ထဲတန်းဝင်လာတာက မြေအောက်ထပ်အလယ်ခေါင်က အချုပ်တိုင်တွေ
လိုမျိုး သံတိုင်ကာထားတဲ့ အခန်းငယ်လေးပဲဖြစ်ပါတယ် ။ အဲ့သံတိုင်ကာ
ထားတဲ့ အခန်းကိုငွေတိုက်ခန်း လို့ပြောပါတယ် ။ တချို့ က အချုပ်ခန်းလို့
ပြောကြ တာမဟုတ်ပါဘူးတဲ့ ။ အဲဒီအခန်းထဲရောက်သွားတာနဲ့ အရင်ဆုံး
ညှီစို့စို့အနံ့ကို ခံစားရပါတယ် ။ လူမနေတာ ကြာလို့ထွက်နေတဲ့ အနံ့ဖြစ်
မှာပါ ။ ညနေပိုင်းမှာရောက်သွားတော့ နေဝင်စောတဲ့ ရှမ်းပြည်မို့ အလင်း
ရောင်ကလည်း ကောင်းကောင်းမရပါဘူး ။ အတူသွားတဲ့ လူအင်အားက
နဲ အဲဒီအထဲ ယောကျာင်္းသားက မပါဆိုတော့မြေတိုက်ခန်းထဲ မှာဘာတွေ
များလုပ်ပါလိမ့်ဆိုပြီး ကျောချမ်းတာ ကတော့ အမှန်ပါပဲ ။ မြေတိုက်ခန်း
ကြီးအပေါ်ခံစားမှုက တစ်မျိုးကြီးပါပဲ ။ အဲဒီတုန်းကတော့သံကြိုးကြီးတွေ
ခြေချင်းခတ်တဲ့ သံထည်ပစ္စည်းတွေလည်း တွေ့ရပါသေးတယ် ။ လူက
ကြက်သီးတွေလည်း ထ ၊ စိမ့်စိမ့်မှောင်မှောင်နဲ့ ၊ ရာသီဥတု ကအေး အဲဒီ
တုန်းက ခံစားချက်ကို မေံမရပဲ တခါတခါ အိပ်မက်ထဲတောင်ထည့်မက်ပါ
တယ် ။ ဟိုးအရင်ကတော့ ရှိတဲ့ တံခါးတွေ ဖွင့်မှာပေါ့နော် ။ တံခါးပြတင်း
တွေကလည်း သံတိုင်လေးတွေနဲ့ပါ ။ မြေကြီးကလည်း အေးစက်စက် မို့
ကြာကြာကို မနေချင်ဘူးရယ် ။ အခွန်ခန်း၊ နောက် ဆင်နားရွက်ကလေး
လိုမျိုးနဲ့ စော်ဘွားကြီးရဲ့  ရုံးခန်း အခန်းတွေက များတယ်ထင်ပါတယ် ။
နီးနေတုန်း တစ်ခါသာရောက်ပေမယ့် အဝေးရောက်သွားရတော့နောက်
တစ်ခေါက်ထပ် သွားချင်မိပါတယ် ။
ဓါတ်ပုံရိုက် ချင်လို့ပါ ။

အခုတော့ ညီမလေးကျေးဇူးနဲ့ ဓါတ်ပုံလေးတစ်ခု ရလာပါတယ် ။ ဘယ်လို
ရိုက်လာရသလဲတော့ မသိရပါ။ညောင်ရွှေဟော်ကို ဓါတ်ပုံမှတ်တမ်းတင်ခွင့်
မရှိဘူးလို့သိရပါတယ် ။ ကျမသွားရောက်စဉ်ကာလကတော့ ပုံထဲကလောက်
ရှင်းလင်းမနေပါဘူး ။အခန်းတွေလည်းဖွဲ့ထားတာတွေရှိပါတယ် ။ အခုချိန်မှာ
ဟော်မှအသုံးအဆောင်ပစ္စည်းတစ်ချို့ကိုယဉ်ကျေးမှုပြတိုက်မှာထားဖို့ဆိုလား
နေပြည်တော်ကိုသယ်သွားကြပြီဆိုလားပါပဲ ။ အိမ်အခွံကြီး ပဲရှိတော့တာပေါ့
လေ.။၂၀၀၆ လောက်က စတင်လို့ ဗုဒ္ဓပြတိုက် အမည်နဲ့ ဘုရား အဆူဆူပင့်
ဆောင်ထားပါတယ်လို့ သိရပါတယ် ။

မိတ်ဆွေများအတွက် အတွေ့အကြုံကော ဓါတ်ပုံပါ မျှဝေပေးပါတယ် ။

သျှင်လေညင်း ( ၆ ၊ ၁၁ ၊ ၂၀၁၃ )

No comments:

Post a Comment