Wednesday, November 6, 2013

ထောက်လှမ်းရေး တပ်မှူး ၂၂ ဦး ပြန်လွှတ် ပေးရန် သမ္မတ ထံ ဦးခင်ညွန့် တင်ပြ


ထိန်းသိမ်း ခံထားရသော ထောက် လှမ်းရေး တပ်မှူး ၂၂ ဦးအား ပြန်လွှတ် ပေးရန် ဗိုလ်ချုပ်ကြီး ခင်ညွန့် ( ငြိမ်း ) က သမ္မတထံ တင်ပြ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေး ( ၁ / ၂ဝ၁၃ ) ဒုတိယ နေ့၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင် သွင်းသော နိုင်ငံတော် လုံခြုံရေး အတွက် အမျိုးသား ထောက် လှမ်းရေး အဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခု အမြန်ဆုံး ဖွဲ့စည်း တာဝန် ပေးအပ် ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြပေး ရေး လွှတ်တော် က တိုက်တွန်း သည် ဆိုသည့် အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးရာ တွင် ကိုယ်စားလှယ် ဦးမြင့်ကြည် က အထက်ပါ အတိုင်း ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

”ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦး ကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေး ဖို့ သမ္မတ ကြီး ထံ တင်ပြထား တာကို တွေ့ရ ပါတယ်။ ( NIB ) လို အဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့် ပျက် ခြစား မှုတွေကို ဖော်ထုတ် နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ် နိုင် ပါမယ်” ဟု ၄င်းက ဦးကျော် ၏ အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဖျက်သိမ်း ခြင်း နှင့် အတူ တပ်ဖွဲ့မှာ ပျောက်သွား ခြင်းမျိုး မဟုတ် ကြောင်း၊ လတ်တလော ဖြစ်ပွား ခဲ့သည့် ဗုံးခွဲ ကိစ္စရပ် များ မှာလည်း အခြား စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံ များနှင့် ယှဉ်လျှင် ပင် စောစီးစွာ အရေး ယူ နိုင်ခဲ့ ကြောင်း ပြောသည်။ ဝန်ကြီး က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အမြန်ဆုံး ဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရ သို့ တင်ပြ သွားမည် ဟု ပြောကြား ခဲ့ပြီး ယင်း အဆိုကို လွှတ်တော် က အတည်ပြု ခဲ့သည်။

လက်ရှိ ထောက်လှမ်းရေး အဖွဲ့ များ ဖြင့် နိုင်ငံတော် လုံခြုံရေး ကို ဆောင် ရွက်ရာတွင် လုံလောက်မှု မရှိဟု ထင်မြင် မိကြောင်း၊ ပြည်တွင်း သို့ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာချိန် တွင် ဖျက်ဆီးမှု ကိစ္စရပ် များ ဖြစ်ပေါ်စေ ရန် ကြိုတင် သတင်း ရယူရေး မှာ အရေး ကြီးပြီး မြန်မာ့ နိုင်ငံရေး ကို ပြန်ပြောင်း ကြည့်မည် ဆိုပါက အမျိုးသား ထောက် လှမ်းရေး အဖွဲ့များကို အရေးယူ လိုက် သည့် ကာလ နှင့် ဆက်စပ် ၍ များမကြာ မီ အချိန်၌ ဗုံးခွဲ ဖျက်ဆီးမှုများ ကြုံတွေ့ ရပြီး နိုင်ငံရေး အမည်းစက်များ ဖြစ်ပေါ် ခဲ့သည် ဟု ဦးကျော် က ဆိုသည်။ မြန်မာ နိုင်ငံ၌ ထောက်လှမ်းရေး အဖွဲ့အစည်း ကို ဖျက်သိမ်း သည့် အလေ့ အထများ ရှိခဲ့ပြီး အကြောင်း အမျိုးမျိုး ကြောင့် ဖျက်ခဲ့ သိမ်းခဲ့ ရသူများ ၌ ၁၉၈ဝ အစောပိုင်းက တစ်ကြိမ်နှင့် ၂ဝဝ၄ ခုနှစ် တွင် တစ်ကြိမ် ဖျက်သိမ်း ခဲ့သည်။

၂ဝဝ၄ ခုနှစ် တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် နေအိမ် အကျယ်ချုပ် ဖြင့် ထိန်းသိမ်းခံ လိုက် ရပြီးနောက် ၄င်း တပ်မတော် ထောက်လှမ်း ရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန် ယူထား သည့် တပ်မတော် ထောက်လှမ်းရေး အဖွဲ့ ကိုလည်း ဖျက် သိမ်း ခဲ့သည်။

Popular News

Credit and Thanks to >> Golden Land Myanmar <<

No comments:

Post a Comment