ရန်ကုန်၊ နိုဝင်ဘာ ၆
၆.၁၁.၂၀၁၃ရက်နေ့ ၀၆၄၅အချိန်မှစ၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဦးရွှေဘင်လမ်းနှင့် ဦးခင်ညိုလမ်းထောင့်ရှိ ပွင့်ဦးပရိဘောဂစက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ မီးသတ်ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုး၊ ရန်ကုန်တိုင်းဒေသကြီးဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိခဲ့ပြီး အုပ်ချုပ်မှုယာဉ် (၅)စီး၊ မီးသတ်ယာဉ် (၅၆)စီးတို့ဖြင့်
ရောက်ရှိငြိမ်းသတ်ခဲ့ရာ ၀၇၁၅အချိန် မီးညွန့်ကျိုးသွားခဲ့ပြီး
၀၈၀၀အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာဝါယာကြိုး(၂)ချောင်းပူးပြီး
ရှော့ဖြစ်၍ မီးလောင်ခဲ့သဖြင့် သစ်အချောထည်များသိုလှောင်ထားသည့် ဂိုဒေါင်မှာ မီးလောင်းကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ်သိန်း (၁၀၀၀)ခန့်
ဆုံးရှုံးခဲ့ရသဖြင့် ပရိဘောဂစက်ရုံမန်နေဂျာ ဦးခင်ဇော် (ဘ)ဦးအုန်းမြင့် ၊ မင်္ဂလာသိဒ္ဓိလမ်း၊ ကျည်စုရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူအား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ)၅၃၈/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Credit and Thanks to >>Yangon Police facebook page.<<
No comments:
Post a Comment