Saturday, February 14, 2015

ကျုးကျော်သူများကို တိုက်ထုတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသရှိ တိုက်ပွဲများမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အချုပ်အခြာအာဏာ ထိပါးကျူးကျော်ခံရသည့် သဘောမျိုး ဖြစ်နေသောကြောင့် ကျူးကျော်လာသူများကို အနိုင် တိုက်ထုတ်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင် ဧည့်ရိပ်သာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ ၃ နာရီ နီးပါးကြာ တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး တပ်မတော်၏ ရပ်တည်ချက်၊ သဘောထား၊ တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ယင်းလက်နက်ကိုင် အဖွဲ့တွင် ပါဝင်နေသူများ၏ အခြေအနေကို ရှင်းပြခဲ့ကြောင်း စာနယ်ဇင်း ကောင်စီဝင်များထံမှ သိရသည်။

“လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်ဆိုတာ အကျုံးဝင်တာပေါ့ (အနိုင်တိုက်မယ်ဆိုတာ)။ အဓိကက ကျူးကျော်ခံရတဲ့ သဘောမျိုးဖြစ်နေတာ” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများတွင် တပ်မတော်နှင့် ရင်ဆိုင်ခဲ့ရသည့် ဖုန်ကြားရှင် ဦးဆောင်သော လက်နက်ကိုင်အဖွဲ့၏ လှုပ်ရှားပုံ၊ စစ်ဆင်ရေးပုံသဏ္ဍာန်နှင့် လက်နက်ကြီး သုံးစွဲပုံသည် ဒေသခံတို့၏ ပြောကြားချက်အရ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ကျူးကျော်ခံရသည့် သဘောမျိုး ဖြစ်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်ကို ၎င်းက ပြန်လည် ရှင်းပြသည်။
ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပြီး လက်ရှိ အုပ်ချုပ်လျက်ရှိသော အုပ်ချုပ်ရေးအဖွဲ့ကို ဖြုတ်ချရန် ဖုန်ကြားရှင်အဖွဲ့က လာရောက်တိုက်ခိုက်ခြင်း ဖြစ်သောကြောင့်
အချုပ်အခြာအာဏာ ထိပါးခြင်းဟု တပ်ချုပ်က ပြောကြားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ပြောကြားသည်။
ဖုန်ကြားရှင်ဦးဆောင်သည့် လက်နက်တပ်ဖွဲ့များသည် တပ်ပေါင်းစုအသွင် ဆောင်နေသော်လည်း ယင်းနှင့်ပက်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မှတ်ချက်ပြုခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် တပ်မတော်ဘက်မှ အင်အား ၅၀ နီးပါးကျဆုံး၍ ၇၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော လက်နက်ကိုင်များအကြား ဖြစ်ပွားလျက်ရှိသည့် လောက်ကိုင်တိုက်ပွဲတွင် ကျန်တိုင်းရင်းသား လက်နက်ကိုင်များ ဝင်ရောက် မပက်သက်ရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့တို့နှင့် နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘုရင့်နောင်ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။
ဖုန်ကြားရှင်သည် ၁၉၉၅ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ တိုက်ထုတ်မှုကြောင့် ထွက်ပြေးသွားခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အာဘော် သတင်းစာဖြစ်သော Global Times သတင်းစာက ဖုန်ကြားရှင်သည် မြန်မာအစိုးရကို ပြန်လည် တိုက်ခိုက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
လောက်ကိုင်တိုက်ပွဲနင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲကို မကြာမီ ပြုလုပ်မည်ဟု စာနယ်ဇင်းကောင်စီဝင်များထံမှ သိရသည်။
ကျုးကျော်သူများကို တိုက်ထုတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသရှိ တိုက်ပွဲများမှာ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အချုပ်အခြာအာဏာ ထိပါးကျူးကျော်ခံရသည့် သဘောမျိုး ဖြစ်နေသောကြောင့် ကျူးကျော်လာသူများကို အနိုင် တိုက်ထုတ်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင် ဧည့်ရိပ်သာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ ၃ နာရီ နီးပါးကြာ တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး တပ်မတော်၏ ရပ်တည်ချက်၊ သဘောထား၊ တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ယင်းလက်နက်ကိုင် အဖွဲ့တွင် ပါဝင်နေသူများ၏ အခြေအနေကို ရှင်းပြခဲ့ကြောင်း စာနယ်ဇင်း ကောင်စီဝင်များထံမှ သိရသည်။ “လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်ဆိုတာ အကျုံးဝင်တာပေါ့ (အနိုင်တိုက်မယ်ဆိုတာ)။ အဓိကက ကျူးကျော်ခံရတဲ့ သဘောမျိုးဖြစ်နေတာ” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများတွင် တပ်မတော်နှင့် ရင်ဆိုင်ခဲ့ရသည့် ဖုန်ကြားရှင် ဦးဆောင်သော လက်နက်ကိုင်အဖွဲ့၏ လှုပ်ရှားပုံ၊ စစ်ဆင်ရေးပုံသဏ္ဍာန်နှင့် လက်နက်ကြီး သုံးစွဲပုံသည် ဒေသခံတို့၏ ပြောကြားချက်အရ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ကျူးကျော်ခံရသည့် သဘောမျိုး ဖြစ်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်ကို ၎င်းက ပြန်လည် ရှင်းပြသည်။ ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပြီး လက်ရှိ အုပ်ချုပ်လျက်ရှိသော အုပ်ချုပ်ရေးအဖွဲ့ကို ဖြုတ်ချရန် ဖုန်ကြားရှင်အဖွဲ့က လာရောက်တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် အချုပ်အခြာအာဏာ ထိပါးခြင်းဟု တပ်ချုပ်က ပြောကြားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ပြောကြားသည်။ ဖုန်ကြားရှင်ဦးဆောင်သည့် လက်နက်တပ်ဖွဲ့များသည် တပ်ပေါင်းစုအသွင် ဆောင်နေသော်လည်း ယင်းနှင့်ပက်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မှတ်ချက်ပြုခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။ မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် တပ်မတော်ဘက်မှ အင်အား ၅၀ နီးပါးကျဆုံး၍ ၇၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော လက်နက်ကိုင်များအကြား ဖြစ်ပွားလျက်ရှိသည့် လောက်ကိုင်တိုက်ပွဲတွင် ကျန်တိုင်းရင်းသား လက်နက်ကိုင်များ ဝင်ရောက် မပက်သက်ရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့တို့နှင့် နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘုရင့်နောင်ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။ ဖုန်ကြားရှင်သည် ၁၉၉၅ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ တိုက်ထုတ်မှုကြောင့် ထွက်ပြေးသွားခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အာဘော် သတင်းစာဖြစ်သော Global Times သတင်းစာက ဖုန်ကြားရှင်သည် မြန်မာအစိုးရကို ပြန်လည် တိုက်ခိုက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ လောက်ကိုင်တိုက်ပွဲနင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲကို မကြာမီ ပြုလုပ်မည်ဟု စာနယ်ဇင်းကောင်စီဝင်များထံမှ သိရသည်။
Copy from The Vioce

No comments:

Post a Comment