Sunday, February 15, 2015

လောက်ကိုင်မြို့တွင်း နယ်မြေရှင်းလင်းရာ လူ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ထမ်မံ သိမ်းဆည်းရမိ




နေပြည်တော် ဖေဖော်ဝါရီ ၁၅
လောက်ကိုင်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် စစ်ကြောင်း များ က နယ်မြေ ရှင်းလင်းခြင်း များ ဆောင်ရွက် လျက်ရှိ ရာ လောက်ကိုင်မြို့ အတွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းမှစ၍ ည(၇)နာရီထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများအား သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဖေဖော်ဝါရီ( ၁၄)ရက် ည(၇)နာရီနောက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင် သောင်းကျန်း သူများက လောက်ကိုင်မြို့ အား မြို့ပြင်ပမှ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်နယ်မြေအား တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းချေမှုန်းခဲ့ရ သည့်အပြင် လောက်ကိုင်မြို့တွင်းတွင်လည်း ဆက်လက် ရှင်းလင်းခြင်း များ ဆောင်ရွက် ခဲ့ရာ သောင်းကျန်းသူများထံမှ လက်နက်ငယ်(၂)လက်၊ ခဲယမ်း မျိုးစုံ၊ လမ်းလျှောက် စကားပြောစက်(၈)လုံး၊ Laptop Computer (၄)လုံး၊ မူးယစ်ဆေးဝါးများနှင့် သောင်းကျန်းသူ အလောင်း(၅)လောင်းတို့အား ထပ်မံသိမ်းဆည်းရမိသည်။
တပ်မတော်စစ်ကြောင်းများက လောက်ကိုင်မြို့အတွင်း နယ်မြေရှင်းလင်းခြင်း များ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်မှ ယနေ့ထိ ကိုးကန့် တိမ်းရှောင်သောင်းကျန်း သူများထံမှ လက်နက်ငယ်မျိုးစုံ အလက်(၁၀၀)၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ၊ လမ်းလျှောက်စကားပြောစက်(၈)လုံး၊ Laptop Computer (၄)လုံး၊ မူးယစ်ဆေးဝါး များနှင့် သောင်းကျန်းသူ အလောင်း(၁၈)လောင်းတို့အား ရရှိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရ (၈)ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ကိုးကန့်တိမ်းရှောင်သောင်းကျန်းသူထံမှ ဖမ်းဆီးရမိခဲ့သော အပြင်းအထန် ဒဏ်ရာရရှိသူ (၈)ဦးအား တပ်မတော်က ဆေးကုသမှုများဆောင်ရွက်ပေးစဉ် ရရှိဒဏ်ရာ များကြောင့် သေဆုံးသွားခဲ့ကြောင်းနှင့် လောက်ကိုင်နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် လောက်ကိုင်မြို့နှင့် ဆက်စပ်ဒေသများတွင် နယ်မြေ ရှင်းလင်းခြင်းများကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar ဖေ့ဘုတ်စာမျက်နှာမှကူးယူဖော်ပြပါသည်။

No comments:

Post a Comment