Sunday, February 15, 2015

ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကြီးတွင် ကျင်းပသော မီးထွန်းဆုတောင်းပွဲ









ဒီနေ့ ညနေ ဗုဒ္ဓဂယာ ၊မဟာဗောဓိစေတီတော်မှာ..
အမိမြန်မာပြည်ကြီးငြိမ်းချမ်းဖို့ နဲ့ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများဘေးအန္တရာယ်ကင်းရှင်းစေရန်၊တိုက်ပွဲမှာကျဆုံးခဲ့တဲ့
တပ်မတော်သားတွေလည်း ကောင်းရာသုဂတိရောက်စေ
ဖို့ ဆုတောင်း အမျှဝေတဲ့ပွဲလေးကိုတက်ရောက်ဖြစ်ခဲ့တယ်။
ရတနာသုံးပါးရဲ့ ဂုဏ်တော် တွေကို အာရုံပြု ပြီး ပန်း၊ရေချမ်း၊ဆီးမီး တွေကို မဟာဗောဓိစေတီတော်မြတ်ကြီးရဲ့
ဆီမီးပူဇော်တဲ့နေရာ ပူဇော်ခဲ့ကြပါတယ်..။
ပရိတ်တရားတွေလည်း ရွတ်ဖတ်ပူဇော်ပြီး အမျှဝေခဲ့ကြပါတယ်..။
ဒီနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့်
အမိမြန်မာပြည်ကြီးငြိမ်းချမ်းပါစေ..။
တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်မတော်သား
ရဲဘော်တွေလည်း ဒီနေ့ပြု
လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကို အမျှရပြီး ကောင်းရာသုဂတိသို့ရောက်ရှိပါစေ..လို့ဆုတောင်းမေတ္တာ
ပို့သ အမျှဝေပါတယ်..။

 Ven Dhammika   ၏ဖေ့ဘုတ်ပိုစ့်ကို ကူးယူဖော်ပြပါသည်။

No comments:

Post a Comment