Saturday, February 14, 2015

အမျိုးသားသစ္စာဖောက် နှင်းဆီအငြိမ့်အဖွဲ့ကို အရေးယူပေးပါ


အနုပညာရှင်ဆိုတာကိုယ်လုပ်တဲ့အနုပညာအပေါ်မှာတန်ဖိုးထားလေးစားရပါတယ်။ ပြီးတော့ တာဝန်လည်း ယူတတ်ရပါတယ်။ ဒါမှ အနုပညာသမားစစ်တယ်လို့ ထင်ပါတယ်။ အခုတလော နှင်းဆီအငြိမ့်နဲ့ပတ်သက်ပြီး လူရွှင်တော်တွေလောကမှာလဲ တော်တော်လေးကို ဂယက်ရိုက်လာပါတယ်။ ပြီးတော့ အဲဒီအငြိမ့်ထဲက ပြက်လုံး တွေကြောင့် ပရိသတ်တွေက သူတို့ကို စက်ဆုပ်ရွံ့ရှာမုန်းတီးသွားကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ ခွင့်မလွှတ်နိုင်တဲ့အမှားကို သူတို့ကျူးလွန်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ပထမဦးစွာပြောချင်တာက နှင်းဆီအငြိမ့်ဟာ လူရွှင်တော်စစ်စစ် တစ်ယောက်မှ မပါဘဲ လူရွှင်တော်အတုတွေ ဖြစ်တဲ့မင်းသားတွေနဲ့ ကပြခဲ့တာဖြစ်ပါတယ်။ အစောကပြောသလိုပါပဲ။ အနုပညာနယ်ပယ်မှာ သူ့စည်း ကိုယ့်စည်း ထားရမှာပါ။ ဒါပေမဲ့လူရွှင်တော်တွေ လုပ်စားနေရတဲ့ အငြိမ့်လိုနေရာကိုတောင် မင်းသားတွေ က နေရာဝင်ယူလိုက်ကြတော့ တကယ့်လူရွှင်တော်တွေ တော်တော် ဒုက္ခရောက်ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်ရှင်၊ ဗွီဒီယိုတွေမှာဆိုရင် မင်းသားတွေပဲ အနုပညာကြေး အများကြီးရတာ။ လူရွှင်တော် စစ်စစ်တွေဟာ ကားတိုင်းမပါရဘဲ ဟာသကားတွေမှာသာ ဇာတ်ရံအနေနဲ့ ပါရတာပါ။
အနုပညာကြေးကလဲ မင်းသားတွေနဲ့ အဆပေါင်းများစွာနည်းပြီး ရတာဖြစ်ပါ တယ်။ ဒီတော့ လူရွှင်တော်စစ်စစ်တွေရဲ့ ၀င်ငွေပုံမှန်ရတဲ့ နေရာဟာ အငြိမ့်ပဲဖြစ်ပါ တယ်။

ဒါပေမဲ့ အဲဒီအငြိမ့်ကိုတောင် မင်းသားတွေလာလုပ်စားလို့ သူတို့တွေ စိတ်ဓာတ်ကျနေကြတယ်။ အသိ လူရွှင်တော်တစ်ဦးက ရင်ဖွင့်ဖူးတာမှတ်မိသေးတယ်။ “မင်းသားတွေ လူရွှင်တော်လုပ်ပြီး အငြိမ့်ကတော့ လူရွှင်တော်စစ်စစ်တွေနေရာပျောက်တာပေါ့၊ ကြာရင် ကျွန်တော်တို့ အငြိမ့်တောင်ကရပါဦးမလား မသိဘူး’’ လို့ ပြောပြတာ မှတ်မိပါသေးတယ်။ လူရွှင်တော်စစ်စစ်တွေက နှင်းဆီအငြိမ့်က ဒါရိုက်တာနဲ့ မင်းသားတွေကို ဝေဖန်နေကြလေရဲ့။
ပြီးရင် နှင်းဆီအငြိမ့်ကိုကြည့်ရင် သူတို့ပြက်လုံးတွေဟာ ချက်အောက်ပိုင်းက မတက်ဘူးဆိုတာ သိကြပါလိမ့် မယ်။ ဒါဟာပရိသတ်ကိုညာစားတာပါ။ အညှီအဟောက်စကားပါမှပြက်လုံးဖြစ်တယ်ဆိုရင် အငြိမ့်မှာလူရွှင်တော် လုပ်မစားနဲ့။ ရင်ဘတ်မှာ နှင်းဆီပန်းအနီတစ်ပွင့်ထိုးပြီး ရန်ကုန်မြို့ပေါ်မှာ သွားလုပ်စားပါ။ အဲဒီအလုပ်က ငွေပိုရပြီး သူ့အလုပ်နဲ့သူသိက္ခာရှိပါသေးတယ်။ ခုတော့ဗျာ အငြိမ့်ပွဲကြည့်ပါတယ်ဆိုမှ အဖေနဲ့သမီး၊ မောင်နဲ့နှမ အတူထိုင်ပြီး မကြည့်ရဲလောက်အောင် မိုက်ရိုင်းလွန်းတယ်။
အဆိုးဆုံးကတော့ မင်းမော်ကွန်းပါ။ ချက်အောက်ပိုင်းကမတက်တဲ့ ပြက်လုံးဖြစ်ရင်ပြီးရောဆိုပြီး ပရိသတ်တွေ ကြိုက်မယ်အထင်နဲ့ တပ်မတော်ကို စော်ကားသွားတယ်။ ကွမ်လုံ ရက်(၄၀)တိုက်ပွဲကို ကွန်ဒုံး ရက်(၄၀)တိုက်ပွဲ ဆိုပြီးပြက်လုံးထုတ်သွားတဲ့အချိန် ကျွန်တော့်အသားတွေ တဆတ်ဆတ်တုန်လာတယ်။ ဒီကောင် ဘာကောင် လဲ၊ ဘာသဘောလဲ၊ ဘာသဘောနဲ့ ဒီလိုသမိုင်းဝင်တိုက်ပွဲကြီးကို အဲဒီလိုအရာနဲ့ နှိုင်းရတာလဲဆိုတဲ့ စကား တွေနဲ့ တော်တော်လေးရွံရှာမုန်းတီးသွားပါတယ်။ ဒီကောင် ယောက်ျားမှ ဟုတ်သေးရဲ့လားဗျာ။ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုး၊ ပျော့နွဲ့နွဲ့အမူအရာ အသံသေးအသံညောင်နဲ့ မိန်းမလျာထက် အောက်တန်းစားဆန်စွာ ပြောထွက်လိုက်တာ။ တစ်မျိုးသားလုံး ယနေ့အချိန်ထိမမေ့နိုင်ဘဲ ဂုဏ်ယူနေရတဲ့ တပ်မတော်သားတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့ရတဲ့ တိုက်ပွဲကြီးကို ပြက်ရယ်ပြုရလောက်အောင် ဒီကောင် စောက်ဆင့် ဘာရှိလဲ မေးလိုက်ချင်တယ်။
ဒါပေါ့လေ။ အစကတည်းက ထမင်းဝအောင် သရုပ်ဆောင်လုပ်စားနေရတာဆိုတော့ ထမင်းဝတော့ စားခွက်ကန်ပြီပေါ့။
မင်းမော်ကွန်းဟာ အခုရိုက်နေတဲ့ ကွမ်လုံရက်(၄၀)တိုက်ပွဲ တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ထားတာပါ။ အရင်ကလည်း တပ်မတော်ဂုဏ်ပြုဇာတ်လမ်းတွေဖြစ်တဲ့ ကြယ်စင် မော်ကွန်း၊ အဖေတူသား စတဲ့ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ခဲ့တာပါ။ အဲဒီတိုက်ပွဲကြီးအကြောင်း သိရက် သားနဲ့ ကွန်ဒုံးနဲ့ခိုင်းနှိုင်းတာကတော့ သူလုပ်တဲ့အနုပညာ အလုပ်အပေါ် သစ္စာဖောက်တာဖြစ်ပါတယ်။မှတ်မိသေး တယ်ဗျ။ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းရိုက်ကူးတုန်းက မင်းမော်ကွန်းကိုယ်တိုင် လျှပ်တပြက်ရိုက်ချက် မှာ မြ၀တီကမေးတာကို မာန်အပြည့်၊ ခံစားမှုအပြည့်နဲ့ ပြောသွားတာပါ။ အဲဒီတုန်းက သူ့ကို လေးစားလိုက်ရတာ။ အခုမှပဲ ဆိတ်လစိ သူတောင်းစားမှန်း သိလိုက်ရတော့တယ်။ သူပြောတဲ့ ကွန်ဒုံးလောက်တောင် အဆင့်မရှိတဲ့ အတွက် သူ့ပါးစပ်ထဲ ကွန်ဒုံးသာ ဆို့ထားလိုက်ပါတော့ဗျာ။
အဲဒီအငြိမ့်အတွက် ပြက်လုံးတွေရေးပေးတဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကိုလည်း အစောကတည်းက အစိုးရနဲ့တပ်မတော် မကောင်းကြောင်းပြောမှ ပရိတ်သတ်ကြိုက်မယ်ဆိုတဲ့ အောက်တန်းစားအတွေးရှိတဲ့ ကောင်မှန်းသိပါတယ်။ ရုပ်ကိုကကြည့်ပါလား။ တဏှာရုပ်နဲ့ တဏှာအတွေးပဲရှိတော့ ချက်အောက်က မတက်တဲ့ ပြက်လုံးတွေပဲ ထွက်လာတာပေါ့။ အငြိမ့်မှာ ပြက်လုံးဆိုတာထက် SEX နဲ့ အစိုးရ ဘာလုပ်လုပ် မကောင်း ပြောရင်ပြီးရော။ အဲဒါကို သူတို့ကပဲ သူရဲကောင်းလိုလို ပြောချင်သေးတယ်။ အလကားအချောင်သမား။ တပ်မတော်သားတွေကို စော်ကားတဲ့ကောင် ရှေ့တန်းကိုတစ်ခေါက်လောက် လိုက်ကြည့်လိုက်စမ်းပါ။ တိုင်းပြည် အတွက် ချွေးတစ်စက်၊ သွေးတစ်စက်၊ ခြေလက်တစ်ဖက် မစွန့်လွှတ်ဖူးဘဲနဲ့ တပ်မတော်သားတွေကို မစော်ကားနဲ့။ မင်းလို ဖက်ခွက်စားကောင်ကို ရှေ့တန်းက ရဲဘော်လောက် အထင်မကြီးဘူး၊ အခုစစ်ဖြစ်နေတဲ့ လောက်ကိုင်ကို မင်းသွားကြည့်လိုက်လေ။ တပ်မတော်သား ဘာလုပ်နေတယ်ဆိုတာ မင်းသိလိမ့်မယ်။ မင်းရေး ပေးတဲ့ ပြက်လုံး ကွန်ဒုံးဆိုတဲ့ဟာကို မင်းပါးစပ်ထဲထည့်ငုံထားလိုက်တော့။
မြန်မာနိုင်ငံရဲ့ သမိုင်းဝင်တိုက်ပွဲကြီးဖြစ်တဲ့ ကွမ်လုံ ရက်(၄၀)တိုက်ပွဲကို စော်ကားတဲ့အတွက် ကျဆုံး သွားတဲ့ တပ်မတော်သားတွေကို တရားဝင် တောင်းပန်ဖို့လိုပါတယ်။ တကယ်လို့ မတောင်းပန်ဘူးဆိုရင်လဲ ရပါတယ်။ သုံးပြီးသား ကွန်ဒုံး အခု (၄၀)စီ ဒီကောင်တွေပါးစပ်ထဲ ထည့်ပေးလိုက်ပါ့မယ်။ မကျေနပ်လို့ တရားရုံး တိုင်လို့ တရားစွဲတာကိုလက်ခံထားတဲ့ တရားသူကြီးရှိရင် အရင်သတ်ပြီးထောင်ထဲဝင်မယ်ဗျာ။ တော်တော် တင်းတယ်။
ဒါကြောင့် အရင်ကတည်းက ဒီကောင်တွေကို နာမည်ပေးထားတာရှိတယ်။ ဖက်ခွက်စားတဲ့ မှန်လိုက်လေဗျာ၊ ခေါ်လဲ ခေါ်ချင်စရာပါ။ အလကား ငစနူတွေ၊ လူပေါ်ကျော့တွေ၊ ယောင်္ကျားမပီသတဲ့ ငပျော့တွေ၊ ဖြစ်နိုင်ရင် ကျဆုံး တပ်မတော်သားတွေအတွက် စစ်ယူနီဖောင်းနဲ့ ဓာတ်ပုံရိုက်ပြီးအားပေးတဲ့ ဇာဇာထက်ရဲ့ အတွင်းခံ ဘောင်းဘီနဲ့ မျက်နှာအုပ်လိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာဇာထက်က သူတို့ထက်အဆင့်အတန်း ရှိလို့ပါ။
ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဝင် ကွန်လုံရက်(၄၀)တိုက်ပွဲကို ကွန်ဒုံးနဲ့ ခိုင်းနှိုင်းတဲ့ နှင်းဆီအဖွဲ့ကို အမျိုးသား သစ္စာဖောက်တွေလို့ သတ်မှတ်ပါတယ်။ အနုပညာရှင်များစွာက ရှေ့တန်းရောက် တပ်မတော်သားတွေဆီ အားပေးတဲ့စာတွေပို့ကြတယ်။ ဒီကောင်တွေကတော့ စော်ကားတယ်။ အဲဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်ဗျာ။ အခုချက်ချင်းဖမ်းပြီး အရေးယူပေးပါ။ ဒီနေ့ကစပြီး ဒီကောင်တွေကို အမျိုးကို သစ္စာဖောက်တဲ့ ဖက်ခွက်စားအောက်တန်းစားများအဖြစ် ၀ိုင်းပယ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။
မင်းခန့်

Today Myanmar ဖေ့ဘုတ်စာမျက်နှာမှကူးယူဖော်ပြပါသည် 

No comments:

Post a Comment