Monday, December 3, 2012

တီထွင်ရင်းအသက်ပေးရသူများ ၆

3/12/212



တီထွင်မှုကြောင့်အသက်ပေးရသူများ ၆
*************************

ယခုတစ်ခေါက်မှာ တော့  Perillos of Athens     အေသင်ကပါရီလော့စ်ရဲ့ အကြောင်းဖြစ်ပါတယ်။ ပါရီလောစ့် ဟာ ကြေးသွန်းအတတ်ပညာရှင်တစ်ဦး
ပါ။

့ပါရီလောစ့် ဟာ စစ္စလီကျွန်းက အာဏာရှင်တစ်ဦးဖြစ်တဲ့ Phalaris ရဲ့အတင်း
အကျပ် စေခိုင်းမှုတစ်ခုကိုခံခဲ့ရပါတယ်။ အဲဒါကတော့ ကြေးနွားရိုင်းရုပ်ကြီးတီ
ထွင်ပေးဖို့ပါပဲ။

ထူးခြားတာကတော့ အဲဒီနွားရိုင်းရုပ်ဟာ ရိုးရိုးမဟုတ်ပါဘူး တစ်မူထူးပါတယ်
ဘာလို့လဲဆိုတော့ အဲဒီအချိန်က အပြစ်ရှိတယ်လို့ ပဒေသရာဇ်တွေကသတ်
မှတ်ခြင်းခံရတဲ့ အပြစ်ဒဏ်သင့်သူတွေ ရာဇ၀တ်သားတွေကို ကောင်းကောင်း
နှိပ်စက်ဖို့ အထူးစီရင်ထားတဲ့ နွားရိုင်းရုပ်ကြီးမို့လို့ပါပဲ။

အဲဒီနွားရိုင်းရုပ်ကြီးဟာ ကြေးနဲ့သွန်းလုပ်ထားပြီး    အထဲမှာ လူတစ်ယောက်
ထည့်ထားနိုင်အောင် ဟောင်းလောင်းပေါက်ကြီးတစ်ခု ရှိပါတယ်။ လူထည့်လို့
ရအောင်လည်းတံခါးတစ်ခုပါ ပါသေးတယ်လေ။ အဲတံခါးပေါက်ကနေ နှိပ်စက်
ချင်တဲ့လူကိုထည့် အပြင်ကပိတ်ထားပြီး နွားရုပ်ကြီးရဲ့အောက်ကနေမီးဖိုပြီး မီး
နဲ့တိုက်တာပါပဲ။

စဉ်စားသာကြည့်ပေတော့နော် မီးနဲ့အောက်ကတိုက်ကတည်းက ကိုဒယ်အိုး
ထဲထည့်လှော်သလိုဖြစ်ပြီပေါ့။ ဒါထက်တောင်အားမရလို့ ဘယ်လိုလုပ်ထား
သေးလဲဆိုတော့ နွားရုပ်ထဲကအကျဉ်းသားဟာ ပူလွန်းလို့အော်တာပဲဖြစ်ဖြစ်
နောက်ဆုံးအခိုးအငွေ့တွေထွက်လို့ပဲဖြစ်ဖြစ် အဲဒီအော်သံတွေနဲ့အခိုးအငွေ့
တွေဟာ နွားရုပ်ကြီးရဲ့ ပါးစပ်နဲ့နှာခေါင်းပေါက်များကနေပြီး တကယ့်နွားရိုင်း
တစ်ကောင်အော်သံနဲ့ နှာမှုတ်သလို ဖြစ်အောင်စီမံထားခိုင်းပါသေးတယ်တဲ့။

ပါရီးလောစ့်ဟာ အဲဒီနွားရုပ်ကြီးကို ပြုလုပ်ပြီးအရှင်သခင် အာဏာရှင်Phalaris
ဆီကို ပို့ဆောင်ခဲ့ပါတယ်။ အဲလိုပို့ဆောင်တဲ့အခါ Phalaris ဟာ ကြည့်ရှုပြီး
ချက်ချင်းဆိုသလိုပဲ      ဒီအရုပ်တကယ်အလုပ်ဖြစ်မဖြစ် အရုပ်လုပ်သူ ဖြစ်တဲ့
ပါးရီးလောစ့် ကို ပဲအဲဒီအရုပ်ထဲထည့်ပြီး စမ်းသပ်ခဲ့ပါတယ်။

သနားစရာ ပါးရီးလာစ့်ဟာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့    ကြေးနွားရုပ်ကြီးထဲမှာ
မချိမဆန့် ဝေဒနာခံစားရင်းကွယ်လွန်ခဲ့ရပါကြောင်း တင်ပြလိုက်ရပါတယ်ဗျာ။

အပိုင်း ၇ နောက်ဆုံးပိုင်းလေးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်

No comments:

Post a Comment