တီထွင်ရင်းအသက်ပေးရသူများ ၇
*********************
ယခု ခုနှစ်ယောက်မြောက် ကတော့ Valerian Abakovsky ပဲဖြစ်ပါတယ်။ သူ
ဟာ မြန်နှုန်းမြင့် မီးရထားအင်ဂျင်နဲ့မီးရထား တွေကိုတီထွင်ဖို့ကြိုးစား ခဲ့သူ
တစ်ယောက်ဖြစ်ပါတယ်။
သူဟာ ဆိုဗီယက်ခေတ် အုပ်ချုပ်သူ တွေကို မော်စကိုမြို့တော်ရုံးတက်ရုံးဆင်း
မြန်ဆန်စေဖို့အတွက်အဲဒီအချိန်က မြန်နှုန်းမြင့် မီးရထားတစ်စင်းကို ဆောက်
လုပ်ခဲ့ပါတယ်။
အဲဒီရထားကိုလေယာဉ်အင်ဂျင်နဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ပထမ
ဆုံးစမ်းသပ်မောင်းနှင်ရာမှာ Valerian Abakovsky ဟာ ယခင်တင်ပြဘူးတဲ့
တီထွင်သူများလိုပဲ ကိုယ်တိုင်လိုက်ပါခဲ့ပါတယ်။
ရထားစမ်းသပ်မောင်းနှင်တဲ့ ခရီးစဉ်ဟာ ပထမပိုင်းမှာ အသွားဘက်တစ်ခြမ်း
မှာ အဆင်ပြေခဲ့ပါတယ်။ မြို့တော် မော်စကို အပြန်မှာတော့ ရထားအက်ဆီး
ဒင့်ဖြစ်ပြီး သူအပါအ၀င် လိုက်ပါသူ ၅ ဦးလုံး မတော်တဆ ကွယ်လွန်ခဲ့ရပါ
တယ်။ ကွယ်လွန်ချိန်မှာ Valerian Abakovsky ဟာ အသက် ၂၆ နှစ်သာရှိ
သေးပါကြောင်းတင်ပြရင်း တီထွင်ရင်းအသက်ပေးရသူများ ကဏ္ဍကို နိဂုံးချုပ်
လိုက်ရပါတယ်ခင်ဗျား။
*Silver*
All post referencs from Internet.

No comments:
Post a Comment