Monday, December 3, 2012

တီထွင်ရင်းအသက်ပေးရသူများ ၅

3/12/2012

ယခု ၅ ယောက်မြောက်တင်ပြပေးသွားမယ့် သူကတော့ Marie-Curie ပဲဖြစ်

ပါတယ်။ သူမဟာ ရူပဗေဒ နှင့် ဓါတုဗေဒ ပညာရှင်တစ်ဦးပါ။ သူမကိုရေဒီယို
သတ္တိကြွမှု အကြောင်း အထူးပြုလေ့လာ သူအဖြစ်လည်းလူသိများပါတယ်။
ဒါ့အပြင် ဒြပ်စင် ၂ မျိုးဖြစ်တဲ့ Polonium နှင့် radium ကိုလည်း ရှာဖွေတွေ့ရှိ
သူအဖြစ်လည်းထင်ရှားပါတယ်။

သူမဟာ နိုဗယ်ဆု ၂ ခုရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အဲ
ဒါတွေက တော့ ပထမနိုဗယ်ဆု ကတော့သူမရဲ့ခင်ပွန်းရယ်Henri Becquerel
၃ ယောက်ပူးတွဲရရှိခဲ့တဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုဖြစ်ပြီး ဒုတိယ နိုဗယ်ဆုကို
တော့ ဓါတုဗေဒ ဆိုင်ရာနိုဗယ်ဆုမှာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ သမိုင်းမှာ လူတစ်ဦးထဲက နိုဗယ်ဆု ၂ ခုရရှိတာ ပထမဆုံးအကြိမ် အ
ဖြစ် ကမ္ပည်းတင်ခဲ့ပါတယ်။ သူမဟာ ရေဒီယိုသတ္တိကြွခြင်း သီအိုရီကို ရှာဖွေ
ဖော်ထုတ်သူ တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း ကံမကောင်းလှစွာပဲ ရေဒီယိုသတ္တိကြွ
ခြင်းဟာ လူသားတွေနဲ့သက်ရှိတွေကို အန္တရာယ်ရှိတာကို သူမကိုယ်တိုင်ရင်း
ပြီးမှ သိလိုက်ရပါတယ်။

ဒါကတော့ ရေဒီယိုသတ္တိကြွခြင်းဖြစ်စဉ်တွေကို လေ့လာရင်း သူမကိုယ်သူမထိ
ခိုက်စေခဲ့တာပဲဖြစ်ပြီး ဂျူလိုင်လ ၄ ရက်၊ ၁၉၃၄ မှာ ရေဒီယို သတ္တိကြွခြင်း
ကြောင့်ရခဲ့တဲ့ နောက်ဆက်တွဲရောဂါတစ်မျိုးဖြစ်တဲ့ သွေးအားအလွန်နည်းခြင်း
ရောဂါကြောင့်ကွယ်လွန်သွားခဲ့ရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

အပိုင်း ၆ ကို ဆက်လက်တင်ပြပေးသွားဦးမှာပါ


No comments:

Post a Comment