၂၀၁၅ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံလုံခြုံရေးအတွက် အရပ်သားများထဲမှ အထူးခန့်အပ်ထားသည့် အထူးရဲများအတွက် ၀တ်စုံများသည် လက်ရှိ ရဲဝတ်စုံ ပုံစံတူများဖြစ်သော်လည်း လက်မောင်းတွင် အရောင်နှင့်စာသား ကွဲခြားထားကြောင်း သိရသည်။
အထူးရဲအဖြစ် တာဝန်ထမ်းဆောင်မည့် သူများအတွက် ၀တ်စုံများကို ချုပ်လုပ်နေလျက်ရှိပြီး လက်မောင်းတစ်ဖက် တစ်ချက်ရှိ အမှတ်တံဆိပ်ပေါ်တွင် အဖြူရောင် အောက်ခံကာ အနက်ရောင် စာသားဖြင့် "SPECIAL POLICE"ဟု ရေးသားထားသည်။
တာချီလိတ်ခရိုင် အတွင်း၌ တာချီလိတ်မြို့နယ်တွင် မဲရုံ(၅၂)ရုံအတွက် (၅၂)ဦး၊ မိုင်းဖြတ်မြို့နယ်တွင် မဲရုံ(၄၂)ရုံအတွက် (၄၂)ဦး နှင့် မိုင်းယောင်းမြို့နယ်တွင် မဲရုံ(၆၅)ရုံအတွက် (၆၅)ဦးဖြစ်ပြီး နောက်ထပ် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် မဲရုံ(၆)ရုံအတွက် (၆)ဦးကို ခန့်အပ်သွားမှာဖြစ်ရာ စုစုပေါင်း တာချီလိတ်ခရိုင် အတွင်း မဲရုံ(၁၆၅)ရုံ နှင့် အထူးရဲ(၁၆၅)ဦးရှိမှာ ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ရွေးကောက်ပွဲကာလအတွင်း မဲရုံများ လုံခြုံရေးအတွက် အရပ်သားများကို အထူးရဲအဖြစ် ယခင်က သုံးလခန့်ထားရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါမှာ တစ်လသာ ခန့်အပ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်အရ သိရသည်။
ရွေးကောက်ပွဲလုံခြုံရေးအတွက် အရပ်သားအထူးရဲများအနေဖြင့် သက်ဝင်လှုပ်ရှားမှုကို အောက်တိုဘာလ (၁၅) ရက်မှ နိုဝင်ဘာလ (၁၃)ရက်နေ့အထိ ခန့်ထားမည် ဖြစ်ကြောင်း နှင့် အရပ်သား အထူးရဲများကို လစာအဖြစ် ကျပ်တစ်သိန်းခွဲပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အထူးရဲများ ခန့်အပ်ထားရှိမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် အထူးရဲ (၅,၀၀၀)ကျော်၊ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခုအတွက် အထူးရဲ (၈ဝဝ)ကျော်၊ ဧရာဝတီတိုင်း အတွက် အထူးရဲ (၅၇၀၀)ကျော်၊ မန္တလေးတိုင်းဒေသကြီးအတွက် အထူးရဲ (၅၄၀၀)ကျော် ရှမ်းပြည်နယ်အတွက် အထူးရဲ (၃၀၀၀)ကျော် နှင့် ကချင်ပြည်နယ်အတွက် အထူးရဲ (၈၀၀)ကျော် ရှိကြောင်း သိရသည်။
သတင်း။ ။ ကိုဇောင်း
တာချီလိတ်သတင်း ဌာန စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Monday, September 7, 2015
တစ်လသာ ခန့်အပ်မည့် မဲရုံလုံခြုံရေးအတွက် အရပ်သားအထူးရဲဝတ်စုံ ကွဲပြားမှု အနည်းငယ်သာရှိ
အမျိုးအစာ
သတင်းများ
Location:
Mayangone, Yangon, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment