Tuesday, February 25, 2014

သာသနာဟူသည်

သာသနာဟူသည်
***********

သာသနာဆိုတာ အဆုံးအမတွေ၊ သြဝါဒတွေကိုပြောတာ။

ဒါတွေဟာ ချုံ့လိုက်ရင်သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးပါပဲ။

ဒီသိက္ခာသုံးပါးဆိုတာဘုရားက ညွှန်ပြလို့ သိကြရတာ။

ဘုရားသာ မပွင့်ပေါ်လျှင်သိက္ခာသုံးပါးဆိုတာလည်း မရှိနိုင်ဘူး။

သာသနာကျဆင်းတယ်ဆိုတာဒီသိက္ခာသုံးပါးေ လျှာကျလာတာကိုဆိုတာ။

သီလတွေ မလုံခြုံ၊သမာဓိတွေပျက်ပြား၊ ပညာတွေကလည်းနည်းပါး

ဖြစ်လာကြတာပေါ့။

(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး) ~~~~~~~~~~~~~~~~~~~~~ မင်းနန် (မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၁၆) မှ ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment