"စက်ဘီစီးခဲ့စက်ဘီးစီးဆဲ စက်ဘီးဆက်စီးဦးမဲ့မြို့" ===========================
လှည်းနောက်မြီးထက်၊
ခြေတွဲလောင်းလေးယှက်ပြီး
သံသာသီတော့ပေ...
တောင်ခြေမဝေးတဝေး...
ဖွေးဖွေးတည်နေ၊စေတီ
ကျောင်းကန်ပြာသာဒ်များနဲ့
ဘုရားဇရပ်တို့ပျော်စရာပေ
အပါးကပ်လို့မျှော်တာတွေ
အလားနတ်တို့ပြေ ..၊
အိုအောင်မင်းအောင်
ပေါင်းကြလို့လေ ...၊
တူစုံမောင်မယ်၊
တောင်းဆုကိုချွေ...၊
မန်းတောင်ရိပ်ကိုခိုသူ
ပျိုဖြူနှမတွေ ....
၁၉၃၀ ၀န်းကျင်ယခုလိုတစ်ဝါတွင်း၌မန္တလေးသူလေးတွေ လှည်းယာဉ်ကျော့စီးပြီးမန္တလေးတောင်သို့ ဘုရားဖူးလည်သည့် မြင်ကွင်းကို ဆရာမြို့မငြိမ်းက "တစ်ဝါတွင်း"သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မန္တလေးသူလေးများကအခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်းစုရုံးကာ အကြီးအကဲ၊မိဘများကို ခွင့်ပန်ပြီး တန်ခိုးကြီးဘုရားများသို့ တပျော်တပါး သွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊အိမ်တော်ရာ၊ ချမ်းသာကြီး၊ချမ်းသာရ၊ရှင်ပင်ပက်လက်၊ရွှေကျီးမြင်၊ ရတနာမဉ္ဇူ၊ဆုတောင်းပြည့်၊ဆုတောင်းရ ...စသည်ဖြင့် ရှိမှာပေါ့ ...။
ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေးယှက်ပြီးသီချင်းသံပြိုင်သီကြသတဲ့...။ သူတို့စီးလာကြသောလှည်းယဉ်တန်းက ကျုံးနံဘေးလမ်းတစ်လျှောက် ခြူသံလေးတွေ တလွင်လွင်နှင့်မို့နားဝင်အေးလှသတဲ့...။
ထိုခေတ်ထိုအချိန်ကမန္တလေးတွင် ဘိုင်စကယ်ဟုခေါ်သည့် စက်ဘီးတွေတွင်တွင်ကျယ်ကျယ်သုံးစွဲနေလောက်ပြီ။ သို့သော်ထိုစက်ဘီးများကိုယောက်ျားဘသား ကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။ တကယ်တော့အေဒီ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်၌ သစ်သားတန်းကို ဘီးနှစ်ဘီးတပ်ပြီးခြေနှင့်ကန်သွားသော စက်ဘီးလောင်းလေးပေါ်ပြီးနောက် နောင်နှစ်၅၀ နီးပါးအကြာ အေဒီ၁၈၃၉ ရောက်မှ ခြေထောက်နှင့် နင်းသွားရသော စက်ဘီးကို စကော့လူမျိုးတစ်ယောက်က တီထွင်ချိန်တွင် မြန်မာကလည်းကြေးသွန်းသံသွန်း အတတ်တွေကျွမ်းကျင်နိုင်နင်းနေပါပြီ။ ၁၈၆၆ခုနှစ်၌ ပြင်သစ်ပြည်တွင် ပဲနိဖာသင်(ရှေ့ဘီးက နောက်ဘီးထက် လေးဆကြီးသော) စက်ဘီးတွေလမ်းပေါ်တွင်ကျယ်စွာ စီးနေချိန်၌ရတနာပုံ မန္တလေးမြို့တော်ကြီးမှ အိမ်ရှေ့စံကနောင်မင်းသားက ပြင်သစ်၊အီတလီနိုင်ငံများသို့ မြန်မာလူငယ်တွေကိုပညာတော်သင်စေလွှတ်ကာ ကိုယ်ပိုင်လက်နက်စက်ရုံကအစ အခြားလူသုံးကုန် စက်ရုံများအထိ တည်ထောင်နိုင်ရန်ကြံရွယ်နေပေပြီ။
ကနောင်ကိုယ်တော်ကြီး စောစီးစွာနတ်ရွာစံခဲ့ပေလို့ ...။ သို့မဟုတ်က ၁၈၈၅ ခုနှစ်တွင်ယခုခေတ် စက်ဘီးပုံစံကို အင်္ဂလန်၌ စီးပွားဖြစ် စတင်ရောင်းချနေသောအခါ ရတနာပုံမန္တလေးမှာလည်းစက်ဘီးစက်ရုံရော က်မလာပေဘူးဟုမည်သူပြောအံ့နည်း...။ ထားပါတော့ ...။ စစ်ကြီးမတိုင်မီ မန္တလေးတွင် အင်္ဂလန်စက်ဘီးတွေ အသုံးပြုလာတာတော့သေချာသည်။ မန္တလေးမြို့ မျက်နှာဖုံးနာမည်ကျော်အနုပညာရှင် ရွာစားကြီး စိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ်ကြီးနှင့် မက်မက်မောမော ဓာတ်ပုံအရိုက်ခံခဲ့သည်။ အင်္ဂလိပ်ခေတ်မှာ ခေတ်ဆန်သည့် မြန်မာမိန်းမပျိုလေးကလည်းဆံထုံးထုံးကာ ရှန်ဟဲညွန့်ပိုးထည် လက်ရှည်အင်္ကျီဖားဖားနှင့် ဇင်းမယ်လုံချည်ဝတ်ပြီး မိန်းမစီးစက်ဘီးပေါ် တက်ထိုင်၍ စတိုင်ထုတ်နေပြီ။ မြန်မာမိန်းမပျိုလေးစီးနေသော စက်ဘီးက မိန်းမစီးစက်ဘီး ပုံချိုးထားသည်။သည်တော့ အမျိုးသမီးများအတွက်လည်း စက်ဘီးတွေဝင်နေပြီပေါ့။ သို့သော် ကျယ်ကျယ်ပြန့်ြ ပန့်တော့ စီးကြဟန် မတူသေး...။ ယောက်ျားစီးစက်ဘီးကိုတော့ တွင်တွင်ကျယ်ကျယ်စီးကြရောပေါ့။ အဘယ့်ကြောင့်ဆိုသော်မန္တလေး၁၃၀၀ ပြည့်(၁၉၃၉) အရေးတော်ပုံတွင်၂၆ဘီလမ်းပေါ်၌ စက်ဘီးတွေ အတုံးအရုန်းလဲနေသည့် ဓာတ်ပုံမှတ်တမ်း များလည်းရှိသည်။ထို့ပြင်အရေးတော်ပုံတွင် ကျဆုံးသည့် အာဇာနည်များဈာပနပို့ဆောင်ပွဲ၌မန္တလေးတွင် ထိုအချိန်က စတင်သုံးစွဲနေသောဆိုက်ကားများကလည်း အုပ်နှင့်သင်းနှင့် လိုက်ပါပို့ဆောင်ကြသည့် မှတ်တမ်းဓာတ်ပုံများလည်းရှိသည်။
တကယ်တော့ထိုစဉ်ကာလကတည်းကမန္တလေးတွင် စက်ဘီးများတွင်ကျယ်စွာ သုံးနေကြသည်။ မန္တလေးတွင် ဓာတ်ရထားများ၊ မြင်းရထားများစသည်ဖြင့် သယ်ယူပို့ဆောင်ရေးတွင်အရှိန်ရနေပြီး၊ ၀ံသာနုစိတ်ဓာတ်ြ ဖင့် ဆိုက်ကားများလည်းဝင်းကြိုဝင်းကြား၊ လမ်းကြိုလမ်းကြားမကျန်ဝင်ထွက်သယ်ပို့ေ နကြသော်လည်းစက်ဘီးကမန္တလေးအတိုင်းအတာနှင့် အလွန်တာသွားအရာရောက်လှ၏။ မန္တလေးတွင် စက်ဘီးနှင့်ပတ်သက်၍ ပြောစမှတ်တစ်ခုလည်းရှိသည်။ မန္တလေးတွင်စက်မှုလက်မှုအထက်တန်းကျောင်းနေရာမြေ၊ ယခု အမှတ် ၁၄အထက်တန်းကျောင်းဝင်းနေရာ မြေ၊ မန္တလေးဆေးရုံကြီးမြောက်ဘက်သုံးဆယ်ဝင်းမြေ၊ ၈၁ လမ်းနှင့်လမ်း၃၂ လမ်းထောင့် တရားဇရပ်ကြီး၊မန္တလေး ဘိုးဘွားရိပ်သာ၊မန္တလေး၏ ပထမဆုံးမီးသဂြုင်္ိဟ်စက် စသည်ဖြင့် အများပြည်သူအတွက်လှူဒါန်းထားသော ကုသိုလ်အစုစုအပြင် မန္တလေးမြို့ပေါ်တွင် ၀င်းမြေ၊ တိုက်တာအိမ်ခြံစသည်ဖြင့်များစွာပိုင်ဆိုင်ခဲ့သော ထိုမြေ၊ ထိုယာ၊ထိုဝင်း၊ထိုအိမ်များကို အများအတွက် ရွက်ပုန်းသီးလှူဒါန်းခဲ့သော ဦးကျော်လှသည် သူစတီးဘရားသား၌ရုံးအုပ်စာရေးကြီးဝင်လုပ်သောအခါ ရုံးရှိရာဂေါဝိန်ဆိပ်သို့ မြောက်ဘုံဘိုင်တန်းရှိ နေအိမ်မှ အသွားအပြန်ကို ရာလေးစက်ဘီးဖြင့်သွားသတဲ့။ သူပိုင်ရာလေးစက်ဘီးက ကာကီစထူထူဖြင့်စက်ဘီးကုန်းကိုဖုံးအုပ်သည်။ ဘောင်များကိုလည်းကာကီစနှင့် ပတ်ချုပ်ထား၏။ စက်ဘီးကိုရပ်လိုလျှင် ဘရိတ်အုပ်ပြီးမရပ် ...။ ဘရိတ်ပွန်းမှာစိုး၍ ဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးစီးကာ ရပ်လိုသောနေရာရောက်မှခုန်ဆင်းသည်။ အိမ်ရောက်သည်နှင့်စက်ဘီးကိုဖုန်သုတ်လေလျှော့ပြီး တန်းမှာဆွဲထားသည်။နောက်ရက် ရုံးသွားမှတန်းကချ၊ လေထိုးစီးသတဲ့ ...။ စက်ဘီးကို ဤမျှညှာတာ...၊ ဤမျှယုယပြီးရိုသေစွာကိုင်တွယ်ပုံကို မန္တလေးရှေးလူကြီးတွေ ပြောစမှတ်ပြုသည်။
စစ်ကြီးမတိုင်မီအထိတော့မန္တလေးမှာ မန္တလေးသူတွေ စက်ဘီးကို တွင်တွင်ကျယ်ကျယ်စီးကြပုံမပေါ်သေး...။ ထို့ကြောင့် ၀ါတွင်းဝါကျွတ်ဘုရားကျောင်းကန်ကို မန္တလေးသူတွေစုပြီးလှည်းယာဉ်စီးကာ ဘုရားဖူးထွက်ကြပုံကိုဆရာမြို့မငြိမ်းကရေးသားစပ်ဆိုခဲ့သည်။
"လက်ပံပွင့်တွေ ..
လေအတိုက်ကြွေလိုက်တဲ့အခါ
တ၀ဲဝဲ ၀ဲကာလေယာဉ်ပမာ ...
သြော်... ချစ်စရာ ချစ်စရာ
မြင်ရပါလေဦးတော့မည်၊
ရိုးတံတွေကျဲ
နေပူထဲ ...မှာ
ရွှေညာသူပျိုဖြူချောတွေ
စက်ဘီးလေးတွေစီးကာကိုယ်စီ
စက်ဘီးလေးတွေစီးကာကိုယ်စီ"
နောက်တော့မန္တလေးက စက်ဘီးမြို့တော်ကြီး ဖြစ်သွားသည်။ အထူးသဖြင့် မိန်းကလေးများအနေနှင့် စက်ဘီးနှင့်ကပိုမိုခရီးရောက် ဣနြေ္ဒရလာသည်။ ရှေးက မန္တလေးတွင်မိန်းကလေးများအနေနှင့် အရွယ်ရောက်သည်နှင့် ဆိုင်ရာဆိုင်ရာ နီးစပ်သူများထံ ဈေးသင်အပ်ကြသည်ကများသည်။ ဈေးသည်အများစုက ဈေးချိုတော်ကြီးမှာမို့ ကိုယ့်အိမ်မှဈေးချိုခရီးကို စက်ဘီးနှင့်သွားကြသည်။ အလားတူ ကျောင်းသွား၊ရုံးသွား၊ အလုပ်သွားကိစ္စအတွက်လည်းစက်ဘီးများကို တွင်တွင်စီးကြသည်။မန္တလေးမြို့ပြဖွဲ့စည်းမှုက ဆင်ခြေဖုံးမှသည် ဈေး၊ကျောင်း၊ရုံး၊အလုပ်ရုံ၊ ဆေးလိပ်ခုံ စသောနေရာများကအဝေးဆုံးသုံးမိုင်၊လေးမိုင်သာသာမို စက်ဘီးက အရာရောက်သည်။ အိမ်ထောင်စုတစ်စုတွင် စက်ဘီးတစ်စီးက မဖြစ်မနေလိုအပ်သောမြို့လည်းဖြစ်၏။ ပျမ်းမျှအားဖြင့်လူဦးရေဆယ်ဦးလျှင်စက်ဘီးတစ်စီး အနည်းဆုံးရှိရတော့သည်။ ထို့ကြောင့်မန္တလေးသူများ တွင်ကျယ်စွာ စက်ဘီးစီးနေကြပြီဖြစ်သည့် ၁၉၅၉ ခုနှစ် မန္တလေးနှစ် ၁၀၀ ပြည့်နှစ်ကလူဦးရေနှစ်သိန်းခွဲတွင် စက်ဘီးစီးရေ နှစ်သောင်းကျော်ရှိနိုင်သည်။ သည်အချိုးအစားက ပြောင်းလဲသွားနိုင်ပါပြီလား...။ ဒါကတော့ တပ်အပ်သေချာပြောနိုင်သည်။ ထိုအချိန်ကလူဦးရေနှစ်သိန်းခွဲတွင် အိမ်ခြေ ၃၅၀၀၀ ရှိသည်ဆိုတော့ နှစ်အိမ်လျှင် စက်ဘီးတစ်စီးပဲ အနည်းဆုံးထား...စက်ဘီးစီးရေ ၁၇၀၀၀ကျော် ၁၈၀၀၀ နီးပါးတော့ရှိသည်။မန္တလေးကားစစ်ကြီးပြီးနောက်ပိုင်း စက်ဘီးနှင့်အတော်ယဉ်ပါးကာသုံးစွဲမှုပမာဏ တစ်နှစ်ပြီးတစ်နှစ် ပိုမိုကြီးထွားလာခဲ့သည်။ စက်ဘီးတစ်စီးပေါ်ရှေ့ဘောင်တန်း၌တစ်ယောက်တင်၊ နောက်ကယ်ရီယာပေါ် ကလေးပွေ့ချီထားသော မိခင်တစ်ဦးကို တင်ဆောင်ကာ လေးယောက်စီးနင်း သွားတာလည်းမဆန်းတော့...။ ထို့အတူ စက်ဘီးကို ထီးဆောင်း၍လည်းကျွမ်းကျင်စွာစီးနင်းသည်။ ခေါက်ထီးပေါ်သော ခေတ်၌မန္တလေးသူက ကျော့ကျော့ရှင်း ရှင်းစက်ဘီးစီးမပျက်နှင့် ခေါက်ထီးဖွင့်၊ခေါက်ထီးပိတ်ခဲ့ သည်။ စက်ဘီးပေါ်တက်သည်နှင့် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကိုကိုင်ကာ လက်တစ်ဖက်က ထဘီနားစကို ထိန်းသိမ်းပြီးမှစက်ဘီးပေါ်ကျွမ်းကျင်စွာ တက်နိုင်သည်။ စက်ဘီးပေါ်ရောက်တော့လက်ကိုင်နှစ်ဖက် ကိုလက်ဖနောင့်နှင့်ဖိပြီးလက်မောင်းကို ဆန့်တန်းကာခါးကိုဆန့်ဆန့်ကလေးနှင့်ဒူးကိုစေ့ကာလှပေ သာကိုယ်ဟန်နေထားနှင့်နင်းနိုင်သည်။
"ဘီးကလေးကိုစီး ...
အချစ်ကလေးကိုတင်ပြီး
ကိုယ်သွားရတာလေ...
အင်မတန်ပျော် ...
စကြ၀ဠာအဆုံးထိနင်းရမလား..."
မန္တလေးမှာဆရာ စိုင်းခမ်းလိတ် လည်းစက်ဘီးစီးခဲ့သည်။ အဆိုတော်စိုင်းထီးဆိုင်လည်းစက်ဘီးစီးခဲ့သည်။ အဆိုတော်ဂျေမောင်မောင်လည်းစက်ဘီးစီးခဲ့သည်။ ထို့အတူ...ထို့အတူ...မန္တလေးသူတိုင်းလိုလိုက စက်ဘီးစီးရင်းလိုရာခရီးကိုကျော့ကျော့ မော့မော့သွားနို င်သည်။ မန္တလေးတက္ကသိုလ်ဝင်းကြီးထဲက ပင်မဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတောလေးရှင်းပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။ သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ရွှေမန်းဆောင်ရှေ့မှာလည်းစက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်းစက်ဘီး...၊ အုတ်ခုံကြီးသာ ကျန်တော့သော အတုမရှိကျောင်းကြီး၏ မကန်းရုပ်လှေကားခြေမှာ ယောက်ျားစီးစက်ဘီးတစ်စီးနှင မိန်းမစီးစက်ဘီးတစ်စီးခေါင်းချင်းဆိုင်နေသည်။ ၀င်းလိုက်ရုံမြောက်ဘက်ဒေါ်သောင်းသောင်း စက်ဘီးအပ်ဆိုင်မှာသောကြာနေ့ဆို စက်ဘီးလက်မှတ် ကုန်နေတတ်သည်။ ၀ါဆိုလဇွန်ပန်းပွင့်ရာသီတွင် မျက်ပါးရပ်မြသီတာဇာတ်ရုံ၌ရုံခါခေါင်းလောင်းမထိုးမီ မီးသတ်ရန်ပုံငွေ စက်ဘီးစတင်းမှာနေရာပြည့်သွားသည်။ တက္ကသိုလ်နှင့် နန်းတွင်းလူငယ်ဘောလုံးပွဲအပြီး ဗထူးကွင်းမှသည် မစိုးရိမ်မီးပွိုင့်အထိ စက်ဘီးအုပ်ကြီးက မပြတ်တော့။ သီတင်းကျွတ်လဆန်း၁၀ ရက်နေ့ည လမ်းလယ်ဘုရားပွဲမှာလည်း၈၂လမ်းပေါ် စက်ဘီးများက ပွဲဈေးတန်းလျှောက်နေကြ၏။ မကြာမီ စက်ဘီးအားလုံး အငြိမ့်စင်ဘေး၊အငြိမ့်စင်နောက် ရောက်သွားကြ၏။ ထိုစဉ်က ၂၅.၆၄ စတုရန်းမိုင်ဧရိယာအကျယ်အ၀န်း ရှိမန္တလေးမြို့ အတွင်းမှ စက်ဘီးများကားအခု ထိုအင်အားထက်မယုတ်မလျော့ဘဲ ပို၍ပင်တိုးကာ၄၅ စတုရန်းမိုင်ရှိ မဟာမန္တလေးဧရိယာအတွင်း ဆင်ခြေဖုံးအများစုစီ ဗဟိုခွာအားပုံစံဖြင့် ကျဲပြန့်သွားတော့ သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က စာရင်းဇယားများအရ မန္တလေး ငါးမြို့နယ်မှာ လူဦးရေ ၇၄၄၉၀၉ ဦးရှိသည်။ မန္တလေးအနီးဝန်းကျင် ပုသိမ်ကြီးနှင့် အမရပူရ နှစ်မြို့နယ်မှာ လူဦးရေ ၃၁၉၉၆၄ ဦးရှိသည်။ ထားပါတော့ ...။ မန္တလေးငါးမြို့နယ်လူဦးရေပဲ။ ထိုလူဦးရေမှာပျမ်းမျှ ငါးယောက်လျှင် စက်ဘီးတစ်စီးရှိတယ်ဆိုပါစို့ ...။ (တကယ်လည်းရှိသည်။) စက်ဘီးစီးရေပေါင်း၁၄၈၉၈၂ စီးရှိမည်။ ထိုအရေအတွက်ထဲမှမန္တလေးသူတွေ တစ်ဝက်ကျော်က စက်ဘီးစီးနေကြတာသေချာသည်။ ဒါဆိုရင်မန္တလေးသူတွေက အနည်းဆုံး၇၄၄၉၁စီးသော စက်ဘီးများစီးနေဆဲဖြစ်၏။ မန္တလေးအနီးအနား ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များက လာရောက်ကြသူတွေနှင့်ဆိုလျှင် အနည်းဆုံးအစီးရေ ရှစ်သောင်းကျော်သော စက်ဘီးတွေနှင့် မန္တလေးသူတွေကိုယနေ့တိုင် မြင်တွေ့နေရပေဦးမည်။
လွန်ခဲ့သော သုံးနှစ်၊ လေးနှစ်အတွင်းတရုတ်ဆိုင်ကယ်တေ အစီးရေ သိန်းဂဏန်းမျှ ၀င်လာတော့မန္တလေးသည် ဆိုင်ကယ်မြို့တော်ဟုဆိုသူက ဆိုကြ၏။ ၁၀ သိန်းနီးပါးမျှ လူဦးရေတွင်ဆိုင်ကယ်စီးရေ တစ်သိန်းဝင်လာသော်လည်း နဂိုရှိရင်းစွဲ သိန်းချီရှိနေသောစက်ဘီးတွေ ယုတ်လျော့မသွား၊ပို၍ပင်တိုးလာဦးမှာ ဧကန်မုချဖြစ်သည်။
စက်ဘီးတိုင်းပြည်ဟုသမုတ်အပ်သော တရုတ်ပြည်မှာတော့ဘီဂျင်းမြို့တော်ကြီးအပါအ၀င် လာမည့်နှစ်များအတွင်း လောင်စာချွေတာမှုအရ စက်ဘီးစီးရေ သန်းချီ၍ တိုးကာစီးကြဦးမှာတဲ့။ ဒါဖြင့် မန္တလေးမြို့ဆိုတာလေးကများ...။
- ဆူးငှက်
Photo; Internet
No comments:
Post a Comment