Wednesday, January 22, 2014

"ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပါယ်အကျဉ်းလင်္ကာ

"ပဋ္ဌာန်း(၂၄)ပစ္စည်း

အဓိပ္ပါယ်အကျဉ်းလင်္ကာ"



ဟေတုဆိုတာ ရင်းမြစ်တရားပေါ့

အာရုံများမတော့ အာရမ္မဏာ ။

ကြီးမှူးဖြစ်တာအဓိပတိပေါ့

အခြားမဲ့မတော့ အနန္တရာ ။

သမနန်မှာ ကောင်းစွာအခြားမဲ့

တကွဖြစ်ရဲ့ သဟဇာ။

အညမညာ ပြန်လှန်ဖြစ်၍

နိဿယဓလေ့ မှီခိုရာ။

အားကြီးမှီရာဥပနိဿ်မို့

ရှေး၌ဖြစ်လို့ ပုရေဇာ ။

နောက်မှ ပစ္ဆာ /အာသေဝနတော့

အဖန်တလဲလဲမှီဝဲတာ ။

ကမ္မဆိုတာ မျိုးစေ့ပေါ့ဗျ

ဝိပါကက အကျိုးပါ။

ထောက်ပံ့ခိုင်တာ အာဟာရပေါ့

အစိုးရတော့ ဣန္ဒြိယာ ။

ဈာနဆိုတာ ကပ်ရှုရလို့

မဂ္ဂကတော့ လမ်းကြောင်းပါ။

ယှဉ်ဖက်ဖြစ်တာ သမ္ပယုတ္တပေါ့

ဝိပ္ပယုတ်မတော့ မယှဉ်ပါ။

အတ္ထိဆိုတာ ရှိသည်ဖြစ်လို့

နတ္ထိပေမို့ မရှိပါ ။

ဝိဂတမှာ ကင်းသည်ဖြစ်၍

အဝိဂတဓလေ့ မကင်းပါ။

နှစ်ဆယ့်လေးဖြာ ပစ္စည်းတရားကို

မြတ်စွာဘုရားဟောခဲ့တာ ။

ချဲ့လျှင်မကုန်ချုံ့မလုံမို့

အထုံဓလေ့ ဖြစ်ဖို့ရာ။

သင်ပါ မှတ်ပါ ကျင့်ကြပါကွဲ့

မပျင်းကြနဲ့ ထိုက်သင့်စွာ ။

လေ့လာ ကျင့်ပါ။

{မှတ်ချက်။ ။ ဤလင်္ကာကို ကလေးတွေအတွက် ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်ကတည်းကရေး ဖြစ်ခဲ့ပါတယ်။ ၂၀၁၀- ခုနှစ်၊ ဧပြီလမှာ "ရွာတိုင်းအတွက်ကဗျာလက်ဆောင်" ဘလော့ကလေးမှာ တင်ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းစာမျက်နှာအချို့မှာ မူရင်းရေးသားသူ ဤအရှင်၏ အမည်ကို မဖော်ပြဘဲတဆင့်ကူးယူဖော်ပြနေကြတာ မျိုးတွေကို တွေ့ရပါတယ်။ ဒီလင်္ကာနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုသော ဝေဖန် အကြံပြုချက်တွေ ရှိလာခဲ့ရင် မူရင်းရေးသားသူဤ အရှင်နှင့်သာ သက်ဆိုင်နေတဲ့အတွက် တဆင့် ကူးယူဖော်ပြကြသူတွေအနေနဲ့မူရင်းရေးသားသူရဲ့ အမည်ကိုပါ ထည့်သွင်းဖော်ပြပေးကြဖို့အကြောင်း အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်။ ဓာတ်ပုံကို Google မှ ရယူဖော်ပြပါတယ်။ မူရင်းပိုင်ရှင်များ ခွင့်ပြုတော်မူနိုင်ကြပါစေ။}

{ချဲ့၍လည်းမကုန်နိုင်၊ချုံ့၍လည်းမလုံနိုင်သော ပဋ္ဌာန်းတရားတော်မြတ်ကို စွမ်းနိုင်သမျှ သင်ကြားလေ့ကျင့်နိုင်ကြပါစေသတည်း။ }

မေတ္တာဖြင့် အရှင်ဝိသာရဒ (ရမ္မာဝတီ) 20/01/2014

ဦးနရပတိ ဆရာတော်ထံ မှ ပြန်လည် ကူးယူ မျှဝေ ပူဇော်ပါသည်။Posted via BlogPost

No comments:

Post a Comment