ညီမလေးတစ်ယောက်ဆီက မုန်.လုပ်နည်းလေးတစ်ခုသင်ယူထားပါတယ်....
ကျွန်တော်လက်လှမ်းမမီသေးသောအရာများအားလုံးသည်ကျွန်တော့်အတွက်အသစ်ဖြစ်နေသလို သိချင်...တတ်ချင်စိတ်လည်းများနေတာကြောင့်...အစမှအဆုံးသင်ယူ
လေ့လာထားလိုက်ပါတယ်...။ထားဝယ်မုန်.လက်သုပ်လို(ဒေသခေါ်)
သိရပါတယ်..။
ကျွန်တော်အပါအ၀င်..အခြားသူတွေအတွက်တော့..ထားဝယ်မုန်.ပာင်းခါး
လို.ပြောရမယ်ထင်ပါတယ်....။
ထားဝယ်မုန်.လက်သုပ်
**************
ပါဝင်ပစ္စည်းများ
**********
မုန်.ဖတ်....
ငါး( အရိုးနည်းပြီးအရသာကောင်းသောနှစ်သက်ရာငါး)
ထန်းဦးရည် (ထန်းဦးရည်ဆိုတာကထန်းရည်ကိုအချဉ်ဖောက်လိုက်လို.ရလာတဲ့ချဉ်
မြမြအရသာလို.ဆိုပါတယ်..ထားဝယ်ဒေသမှာတော့နေရာတိုင်းရနိုင်ပါသတဲ့)
ကြက်သွန်နီ ( လေးစိတ် )
တွဲဖက်စားသုံးရန်များ
**************
ပဲပင်ပေါက်
ပဲသီးတောင့်ရှည်
နံနံပင်
ရှောက်ရွက်
ပူဒီနံ
သံပုရာသီး
ကြက်သွန်နီ
အားလုံးကိုသင့်တော်သလို (ပုံတွင်ပြထားသည့်အတိုင်းလှီးဖြတ်ထားရန်)
ပထမဆုံးငါးကို ထန်းဦးရည်၊ ငံပြာရည်၊ နနွင်းမှုန်.အနည်းငယ်နဲ.နှူးနေအောင်ပြုတ်ပေးရပါမယ်....။
နှူးအိသွားသောငါးကိုဆယ်ယူပြီး..အအေးခံအရိုးနွှင်ထားပေးရပါမယ်...အရိုးများကိုပြုတ်ရည်ထဲတစ်ဖန်ပြန်ပြုတ်ပြီး..အရည်ကိုသီးသန်.စစ်ယူထားပါ...။
ထို.နောက်အိုးတစ်လုံးအတွင်းမှာရေ၊ ငံပြာရည်၊ ထန်းဦးရည်၊ ဆား၊ ပာင်းခတ်မှုန်.တို.နှင့် ရောတည်ပြီး..ပထမငါးပြုတ်ရည်ကိုလည်းထပ်ပေါင်း
ထည့်ပေးရပါမယ်..။
ပာင်းရည်ကြည်လင်စေရန်အတွက်..အမြှုပ်များ၊အညစ်အကြေးများကိုစစ်
ထုတ်ပေးပါ..။
ကြက်သွန်နီလေးစိတ်ခြမ်းများကိုအကျက်ကြိုက်သူများ ပာင်းရည်စတည်ကတည်းကထည့်ပေးနိုင်သလိုမကျက်တကျက်ကြိုက်သူများ
ပာင်းရည်ကျက်ခါနီး မှ..ထည့်ပေးနိုင်ပါတယ်...။
ပာင်းရည်ဆူပြီဆိုတာနဲ့..မုန်.ဖတ်(၁) ပွဲစာမှာငါးပြုတ်ကိုသင့်တင့်ရုံထည့်ပြီး....ပာင်းရည်လောင်းချကာ တွဲဖက်စားသုံးရသောအသီးအရွက်များနှင့်သုံးဆောင်နိုင်ပါတယ်....။
ဒီပာင်းပွဲလေးကိုသေချာသင်ကြားပြသပေးသော..ထားဝယ်သူညီမလေး..
မာလာ ကိုကျေးဇူးအထူးတင်ရှိပါတယ်..။
Credit and Thanks to >> ပာင်းချက်နည်းများ <<
No comments:
Post a Comment