Sunday, October 20, 2013

ရှမ်းထမင်းချဉ်


ရှမ်းထမင်းချဉ်ကို တစ်ချို.လူတွေကိုယ်ပိုင်စိတ်ကူးနဲ.လုပ်လိုက်ရင်ပျက်တော့တာပါပဲ။
သူတို.အကြိုက်မို.ပေါင်းထည့်စားတာတွေကိုတော့မပြောလိုပါဘူး...ဒါပေမယ့် ရှမ်းထမင်းချဉ်က စေးထွေးထွေးလေးဖြစ်နေတဲ့မူရင်းအချက်ကိုမဖွေရှာပဲ
စေးထွေးအောင်ဆိုပြီး...ပဲမှုန်.အကျက်တွေကိုရောထည့်နယ်လိုက်တော့..
အညာထမင်းသုတ်နဲ.တူသွားပါလေရော...။ရိုးရှင်းတဲ့ရှမ်းရိုးရာနည်းလေးကိုပဲဝေမျှလိုက်ပါတယ်...။

ပါဝင်ပစ္စည်းများ
**********

ရှမ်းဆန်.............(၄) ဗူး (နို.ဆီဗူး )
ခရမ်းချဉ်သီး( ကိုင်းသီး) ....၃၀ ကျပ်သား
အာလူး................... ၂၀ ကျပ်သား
ရှမ်းပဲပုပ်ပြား............(၆) ချပ်
ဆား၊ ပာင်းခတ်မှုန်. ...သင့်ရုံ


တွဲဖက်စားရန်
*********
ကြက်သွန်ဖြူ ...........၁၀ တက် ( ထောင်းပြီးနနွင်းမှုန်.၊အရောင်တင်နှင့်ဆီသတ်ထားရန်)
ငရုတ်သီးခြောက်တောင့်ကြော်
ဂျူးမြစ် ၊ ဆလတ်ရွက်
မြေပဲကြော်
တို.ပာူးကြော်( သို.) တို.ပာူးခြောက်ကြော်
ပာင်းချိုရည်တစ်မျိုး

ပထမဆုံးထမင်းကို အနေတော်ဖြစ်အောင်ချက်ပြီးအအေးခံထားပါ...။

အားလူးကိုပြုတ်၊ အခွံခွာပြီး..ပါးပါး(သို.) ကြေအောင်လှီးထားပါ..။

ခရမ်းချဉ်သီးကို နနွင်းမှုန်. အရောင်တင်ထည့်ပြီး ရေပါသည်ဆိုရုံလောက်လေးနဲ့ပြုတ်ပြီး...ဆန်ခါတစ်ခု
နှင့်အနှစ်တိုက်ယူထားပါ..။

ရှမ်းပဲပုတ်ပြားကို မီးအေးအေး (သို.) ပေါင်မုန်.ကင်တဲ့စက်မှာအနိမ်.ဆုံးအပူချိန်နဲ.မီးဖုတ်ပြီးမှုန်.နေအောင်
ထောင်းထားပါ..။

ဒါတွေအားလုံးအဆင်သင့်လည်းဖြစ်၊ တွဲဖက်စားသုံးမယ့်အရာတွေလည်းအဆင်သင့်ဖြစ်ပြီဆိုရင်တော့..ထမင်းချဉ်နယ်လို.ရပါပြီ..။ဇလုံကြီးကြီးတစ်ခုမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီး ဆား၊ပာင်းခတ်မှုန်.အနည်းငယ်တို.နှင့်အရသာဖြည့်ပြီး...နှံ.နေအောင်နယ်
ပေးရပါမယ်...။

ကလေးလက်သီးဆုပ်အရွယ်လေးများလုံးပြီး.မသိမသာပြန်.ဖိပေးပြီးငှက်ပျောဖက်ခင်းထားတဲ့ပန်းကန်ထဲမှာထည့်ပြီး..ကြက်သွန်ဖြူဆီချက်လေး ဆမ်းကာ တွဲဖက်ပစ္စည်းများနှင့်အတူသုံးဆောင်လို.ရပါပြီ...။

တကယ်တော့ရှမ်းထမင်းချဉ်လို.တာဆိုကြပါတယ်...အချဉ်လွန်ကဲနေတဲ့အရသာမျိုးတော့မပာုတ်လှပါဘူး..။အခြားအချဉ်တွေနဲ.တွဲဖက်စားရင်တော့...
ပျက်သုန်းခြင်းတစ်မျိုးလို.ပဲဆိုပါရစေတော့...။

မှတ်ချက်....ငါးကြိုက်တတ်သူများ ငါးကြင်း(သို.) ငါးရံ.ကိုပြုတ်ပြီးအသားနွှင်ကာရောထည့်ပြီးစားသုံးနိုင်ပါတယ်...။

No comments:

Post a Comment