Sunday, October 20, 2013

ချဉ်ပေါင်ကြော်


ချဉ်ပေါင်ကြော်ပာာ..မြန်မာပြည်သူတွေရဲ.အနှစ်သက်ဆုံးအစားအစာတစ်ခု
ဖြစ်မယ်လို.ထင်ပါတယ်...။ဒံပေါက်ထမင်း.၊ ထောပတ်ထမင်းတွေစားရင်
လည်းချဉ်ပေါင်ပာင်းရည်ကိုအများဆုံးတွဲဖက်အဖြစ်ချက်လေ့ရှိကြပါတယ်.။

အားလုံးကတော့ချဉ်ပေါင်ကြော်ဖူးကြပါလိမ့်မယ်...နည်းလမ်းများစွာထဲကမှာ..အစိုကြော်နည်း ၊ အခြောက်ကြော်နည်း (၂)မျိုးမျှဝေပေးပါတယ်..အခြောက်ကြော်နည်းက
တော့..နိုင်ငံရပ်ခြားကိုပေးတဲ့ အကောင်းမွန်ဆုံးလက်ဆောင်ပေါ့....။
နိုင်ငံရပ်ခြားနေသူတွေက..ချဉ်ပေါင်ကြော်(အခြောက်ကြော်ရရင်) ရွှေရတာ
ထက်ပိုပျော်တယ်လို.ကြားဖူးလို.ပါ...။

ချဉ်ပေါင်ကြော်( အခြောက်ကြော်)
*********************

ချဉ်ပေါင်....................၁၀ စည်း
ပုစွန်ခြောက်...............(၃၀) ကျပ်သား(အမှုန်.ကြိတ်(သို.)ညှက်အောင်ထောင်းပါ။
ကြက်သွန်နီ...............၅ လုံး (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ............ ၁၅ ကျပ်သား (ညှက်နေအောင်ထောင်း)
ငပိစိမ်းဆား..............၅ ကျပ်သား
ငရုတ်သီးစိမ်း............ ၁၀ ကျပ်သား.
ပာင်းခတ်မှုန်.............လိုအပ်သလောက်
ငါးငံပြာရည်..............
ဆီ......................... ဆီကတော့အကန်.အသတ်မရှိသလောက်ကိုသုံးရပါတယ်
( ပြီးမှ..ပြန်စစ်ယူပါ)

ချဉ်ပေါင်ကိုရိုးတံတွေမပါပဲ..အရွက်သီးသန်.သင်ယူပြီး...ရေဆေးပြီးစစ်ထားပါ။ရေစစ်သွားလျှင်...လက်ဖက်ခြောက်နေလှန်းသကဲ့သို. နေပူမှာ ညှိုးနွမ်းသွားသည်အထိလှန်းပေးပါ...။

ဒယ်အိုးတစ်လုံးမှာ..ဆီများများနဲ. ကြက်သွန်နီ၊ ဖြူ တို.ကို နနွင်းမှုန်. ၊ အရောင်တင်မှုန်.အနည်းငယ်တို.ဖြင့်ဆီသတ်ပါ..။ငပိကိုထည့်ပေါင်းပြီး..ငပိများမွှသွားသည်အထိဆီသတ်ပါ..။ငရုတ်သီးစိမ်းတောင့်များလည်းပေါင်းထည့်ပါ။

ငပိများအနည်းငယ်မွှသွားလျှင်...ပုစွန်ခြောက်မှုန်.ထည့်ပေါင်းပြီး..နေလှန်းထားသောချဉ်ပေါင်ရွက်များကိုလည်းပေါင်းထည့်ပြီး...လိုအပ်သောအရာသများဖြင့်ဖြည့်စွက်အရသာသွင်းပါ...။

မီးကိုလျှော့ချပြီး...ချဉ်ပေါင်များကိုလှိမ်.နေအောင်ကြော်ပေးပါ...ထို.နောက်မှ
ဇကာတစ်ခုနဲ.အပိုဆီတွေကိုပြန်စစ်ယူထားပါ...
လက်ဆောင်ပို.ပေးတဲ့သူငယ်ချင်းကတော့ ( ၄ )
လလောက်ထိပုလင်းထဲမှာသိမ်းထားလို.ရပေမယ့်..ချဉ်ပေါင်ကြော်စား
ချင်လို.ခဏ..ခဏလာလည်တဲ့သူတွေကြောင့်(၁)လအတွင်းကုန်သွားပါသတဲ့.

ချဉ်ပေါင်အစိုကြော်....
**************

ဒီနည်းကတော့ရိုးတံမပါတဲ့ချဉ်ပေါင်ရွက်တွေကိုရေဆေးသန်.စင်ပြီး...ဒယ်အိုးတစ်လုံးမှာရေခမ်းပြီးစေးထွေးသွားသည်အထိ...အငွေ.နဲ.လုံးပြီးမွှေပေးရပါ
မယ်။

ကြက်သွန်နီ၊ အဖြူ၊ ခရမ်းချဉ်သီး တို.ကိုနနွင်းမှုန်.အရောင်တင်မှုန်.တို.ဖြင့်ဆီသတ်ပြီး...ငပိ၊ ပုစွန်ခြောက်မှုန်.တို.ကိုဆီသတ်ပေးရပါမယ်...။

အမျှင်ခြစ်ထားတဲ့မျှစ်၊ ပါးပါးလှီးထားတဲ့ခရမ်းသီး ၊ ရုံးပတီသီး တို.ထည့်ပေါင်းပြီးမီးပြင်းပြင်းနဲ.ထွက်လာတဲ့အရည်တွေခမ်းသွားအောင်ဆီ
သတ်ပေးပါ...။
နှစ်သက်ပါကပုစွန်ဆိတ်အသေးစားလေးများလည်းထည့်ပြီးကြော်လို.ရပါ
တယ်.။

ထို.နောက်ငရုတ်သီးစိမ်းတောင့်များ၊ချဉ်ပေါင်ပေါင်းတို.ကိုပေါင်းထည့်ပြီး..
လိုအပ်တဲ့အရသာတွေကိုချက်ချင်းဖြည့်စွက်ပေးရပါမယ်...။

နောက်ဆုံးမီးပြင်းကိုလျှော့ချပြီးထည့်ထားတဲ့..ဆီအားလုံးနီးပါးပြန်ထွက်လာသည်အထိကြော်ပေးရပါမယ်...။

မှတ်ချက်..။
*******
ချဉ်ပေါင်ကြော်ရာမှာ..ဆီကိုလိုအပ်သလောက်အသုံးပြုရမှာဖြစ်ပြီး.....
မလိုအပ်( မကြိုက်နှစ်သက်ပါမှ ) ပြန်စစ်ထုတ်ယူရပါတယ်...။
ဆီအသုံးပြုမှုနည်းပါက..( ရေကျန်ပါက) ချဉ်ပေါင်ကြော်ပာာ..ကြာရှည်မထားခံပဲမှိုလိုက်တတ်ပါတယ်...။

No comments:

Post a Comment