တစ်ကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ၊ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ ဆိုက်ကား ( သုံးဘီးတပ်လန်ချား
တစ်မျိုး) နင်းသူ Bai Feng Li တယောက်ဟာ ၁၉၇၈ ခုနှစ်မှာ ဇာတိမြို့လေးကို သူ့ရဲ့ကာယအား စိုက်
ထုတ်ရတဲ့ ဆိုက်ကား(ဒီမှာတော့ ဆိုက်ကားလို့ပဲသုံးသွားပါမယ်) နင်းတဲ့အလုပ်ကနေ အပြီးတိုင်အနားယူ
ပြီးအေးဆေးစွာနေထိုင်ဖို့ပြန်လာခဲ့ပါတယ်။
သူ့မြို့ကိုပြန်ရောက်တော့ ကျောင်းနေရမည့်အရွယ် ကလေးတွေဟာ လယ်ကွင်းတွေထဲမှာအလုပ်လုပ်နေ
ကြတာကိုတွေ့ရပါတယ်။ အမှန်တော့ ဒီကလေးတွေဟာ ကျောင်းတောင်မထားနိုင်လောက်အောင်သူတို့
မိဘများကဆင်းရဲကြလို့ပဲဖြစ်ပါတယ်။
ဒါနှင့်ပဲ Bai ဟာ ထျန်ကျင်း( Tianjin ) မြို့ကိုပြန်သွားခဲ့ပြီး ဆိုက်ကားပြန်နင်းတဲ့အလုပ်ကိုလုပ်နေခဲ့ပါတယ်။
ဘူတာရုံနားကအိမ်ခန်းငယ်လေးမှာ ခြိုးခြံချွေတာစွာနေခဲ့ပြီး ၂၄ နာရီပတ်လုံးသူ့ ဆိုက်ကား စီနင်းမည့်သူ
တွေအတွက်စောင့်နေခဲ့ပါတယ်။ သူဟာခြိုးခြံချွေတာစွာလည်းစားသုံးခဲ့ပြီး အ၀တ်အစားတောင်မှသူများပေး
တဲ့ တစ်ပတ်နွမ်းများသာဝတ်ဆင်ပါတယ်။
ဒီလိုနှင့်အဘိုးအို Bai ဟာသူဆိုက်ကားနင်းလို့ရသမျှကို သူ့ဇာတိမြို့ကလေးက ကျောင်းမထားနိုင်တဲ့က
လေးတွေကို သူ့ချွေးနဲစာလေးတွေစုဆောင်းပြီး ကျောင်းစတင်ထားပေးခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာတော့ အဘိုးအို Bai ဟာ သူ့ဆိုက်ကားကို သူကျောင်းထားတဲ့ကလေးတွေရှိတဲ့ အ
လယ်ကျောင်းကို နင်းသွားခဲ့ပါတယ်။ အဲဒီကျောင်းကတော့ Tianjin YaoHua အလယ်တန်းကျောင်းပါပဲသူ
ကျောင်းသားတွေအတွက် အရစ်ကျပေးသွင်းရမည့် နောက်ဆုံးအရစ်ကို ပေးသွင်းဖို့ပါ။
အဲဒီအချိန်မှာ အသက် ၉၀ နီးနီးရှိနေပြီဖြစ်တဲ့ အဘိုးအိုဟာ စိတ်မကောင်းစွာနှင့်ပဲသူအလုပ်မလုပ်နိုင်တော့
ကြောင်း ကျောင်းသားတွေကို ပြောပါတယ်။ အားလုံးသော ဆရာ/ဆရာမ တွေနှင့်ကျောင်းသားတွေဟာ အ
ဘိုးအို Bai ရဲ့စကားအဆုံးမှာ မျက်ရည်ကျခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အိုမင်းမစွမ်းဖြစ်လွန်းလာပြီ
ဖြစ်တဲ့ အဘိုးအိုဟာ အလုပ်ကအနားယူခဲ့ပါတယ်။
၁၉၇၈ ခုနှစ်ကနေ သူအနားယူခဲ့တဲ့ ၂၀၀၁ ခုနှစ်အထိကျောင်းထားပေးခဲ့တဲ့ စုစုပေါင်းငွေဟာ ၃၅၀၀၀၀ ယွမ်ရှိခဲ့ပြီး ကျောင်းသားပေါင်း ၃၀၀ ကျော်အထိကျောင်းထားပေးနိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ အဘိုးအို Bai တစ်ယောက်ဟာသူ့ရဲ့မြင့်မြတ်တဲ့ စိတ်ဓါတ်နှင့် အကျင့်ကောင်းတွေကို လူ့လောကအတွက် အမွေထားခဲ့ပြီး လူ့လောကကြီမှ အေးချမ်းစွာအနားယူသွားခဲ့ပါတယ်။ ဒီလိုဆိုက်ကား
နင်းရတဲ့လူတစ်ယောက်တောင်မှ အ၀တ်အစားအနေအထိုင်ခြိုးခြံပြီး ကျောင်းသား ၃၀၀ ကျော်လောက်ကို
ကျောင်းထားပေးနိုင်ခဲ့လျှင် ခင်ဗျားတို့ကျွန်တော်တို့ရော လူ့လောကကမ္ဘာကြီးကောင်းဖို့ အပြုသဘော
ဆောင်တဲ့ အင်အားတွေမပေးနိုင်ပေဘူးလားခင်ဗျာ လို့တင်ပြလိုက်ပါတယ်ခင်ဗျား။
Some Photos from Internet & Source is http://www.quora.com
No comments:
Post a Comment