ကျွန်တော်တို့လိုသာမန်လူတော်တော်များများ အတွက်တော့ အလေ့အကျင့်နည်းရင်တောင် ကိုယ်ကိုင်းပြီး
ကိုယ့်ခြေမကိုပြန်ကိုင်နိုင်ဖို့တော်တော်ခဲယဉ်းပါတယ်။ ဒါတွေဟာဇယ်လ်တာအတွက်တော့ ငှက်ပျောသီးအ
ခွံခွာစားတာမှခက်ပါလိမ့်ဦးမယ်။
ရုရှားနွယ်ဖွား ဇယ်လ်တာဟာ ပုံတွေမှာမြင်ရတဲ့အတိုင်း ခက်ခဲတဲ့အနေအထားတွေထိအောင် ကွေးကျုံ့နိုင်
လောက်တဲ့အစွမ်းရှိတာမို့ သူမရဲ့ပျော့ပြောင်းနိုင်စွမ်းနှင့် ကမ္ဘာ့စံချိန်အများအပြားချိုးခဲ့ပါတယ်။
ကိုယ်ကာယအလှအားကစားသမားဟောင်းဖြစ်တဲ့ ဇယ်လ်တာဟာ အရပ် ၅ ပေ ၈ လက်မရှိပါတယ်။ ဒါပေ
မယ့်သူမကို ၅၀ စင်တီမီတာ ( ၁ ပေ ၈ လက်မ) ပဲကျယ်တဲ့ သေတ္တာထဲကိုထည့်နိုင်လောက်တဲ့အထိပျော့
ပြောင်းပါတယ်။
ဇယ်လ်တာက ဒီလိုကွေးညွတ်ပြရတာ ကျွန်မအတွက်တော့ထွေထွေးထူးထူးဖြစ်မနေပါဘူး သာမန်ထိုင်ထ
လိုပါပဲလို့ပြောပြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့ ဓါတ်ပုံရိုက်ဖို့အတွက်ဖြစ်ဖြစ် အဲဒီလိုအနေအ
ထားနဲ့အချိန်ကြာသွားလျှင်တော့ အနည်းငယ်ကသိကအောင့်တော့ဖြစ်တတ်တယ်လို့ဆိုပါတယ်။
အထက်ကတင်ပြခဲ့သလို ပုံစံတစ်မျိုးမှာအချိန်ကြာကြာနေပေးရလို့ ကသိကအောက် ဖြစ်တာမျိုးကတော့
သာမန်လူတစ်ယောက်အထိုင်ကြာရင် ကြွက်သားတွေတောင့်တင်းလာသလိုမျိုး ဖြစ်မယ်ထင်တယ်လို့ ဇယ်
လ်တာကပြောပါသေးတယ်။
အသက် ၂၇ ရှိပြီဖြစ်တဲ့ ဇယ်လ်တာဟာ သူမလက်ရှိနေထိုင်တဲ့ ဂျာမဏီနိုင်ငံမှာ ကျင်းပမည့် အပြည်ပြည်
ဆိုင်ရာ ကိုယ်ကာယပျော့ပြောင်းသူများ ညီလာခံ မှာ သူမရဲ့စွမ်းရည်တွေနှင့်တင်ဆက်ဖျော်ဖြေသွား မှာ
ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။
ဇယ်လ်တာ၏သရုပ်ပြပုံအချို့
All Photos & Data from Daily Mail
No comments:
Post a Comment