ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအမျိုးသမီး မမေ စီသည် ကျောက်ကပ်၌ ကျောက် တည်နေသည့်အတွက် ခွဲစိတ် ကုသရန် ငွေကြေးလိုအပ်နေ ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအဖွဲ့ချုပ် (BAT) မှတာဝန်ခံ ဒေါ်သက်ဦး Dawei Watch သို့ ပြောသည်။
မမေစီအား လာမည့်စက် တင်ဘာ ၄ရက်တွင် ဘန်ကောက် ရတ်ဝိထီဆေးရုံ၌ ခွဲစိတ်ကုသ မည်ဖြစ်ပြီး ဘတ်ငွေ ၄၀၀၀ဝခန့် (ကျပ်၁၃သိန်းခန့်) ကုန်ကျရန်ရှိ ကြောင်း မသက်ဦးကပြောသည်။
ယခုအကြိမ် ခွဲစိတ်ကုသမှု ပြီးမြောက်ပါက ဆရာဝန်များ ထပ်မံ စစ်ဆေးသွားရန်ရှိပြီး ကျောက်ကပ်တစ်ဖက် မကောင်း လျှင်လည်း မကောင်းသည့်ဘက် အား ထုတ်ပယ်ပစ်ရမည်ဟုဆို သည်။
ခွဲစိတ်ကုသရန် ကုန်ကျစ ရိတ်အတွက် မြန်မာသံရုံးမှ အလုပ် သမားသံအရာရှိ ဦးကျော်ကျော် လွင်က ဘတ်ငွေ ၅၀၀၀၊ မြဝတီ ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေး သည့် ကုမ္ပဏီများမှ ဘတ် ၉၀၀၀၊ ထိုင်းနိုင်ငံ မဟီဒေါလ်တက္ကသိုလ် မှ ဘွဲ့လွန်ကျောင်းသူ ဒေါက်တာ ဂျုးဂျုးချမ်းက ဘတ် ၁၅၀၀ဝနှင့် မြန်မာအလုပ်သမားတချို့လည်း ပါဝင်လှူဒါန်းခဲ့ရာ အားလုံး ဘတ် ၃၀၀၀ဝခန့်ရရှိပြီဖြစ်သည်။
မြန်မာသံရုံးမှ လှူဒါန်းမှု သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။
မမေစီသည် ဘန်ကောက် တွင် အိမ်အကူသန့်ရှင်းရေးလုပ် ငန်းလုပ်ကိုင်သည့် အလုပ်သမား တစ်ဦးဖြစ်ပြီး မည်သည့် သက်သေ ခံကတ်ပြားမှမရှိသည့်အတွက် ခွဲစိတ်ကုသခကို ကျသင့်သလောက် ပေးဆောင်ရမည်ဖြစ်သည်ဟု မသက်ဦးကပြောသည်။
မမေစီသည် ဘန်ကောက် တွင် အိမ်အကူသန့်ရှင်းရေးလုပ် ငန်းလုပ်ကိုင်သည့် အလုပ်သမား တစ်ဦးဖြစ်ပြီး မည်သည့် သက်သေ ခံကတ်ပြားမှမရှိသည့်အတွက် ခွဲစိတ်ကုသခကို ကျသင့်သလောက် ပေးဆောင်ရမည်ဖြစ်သည်ဟု မသက်ဦးကပြောသည်။
ကျောက်ကပ်၌ ကျောက် တည်နေခြင်းကြောင့် ကျင်ငယ် သွားရန် အခက်အခဲရှိနေပြီး နာ ကျင်သည့် ဝေဒနာအား နေ့စဉ် ခံစားနေရကြောင်း သိရသည်။
အလွယ်တကူ ဆီးသွားနိုင် ရန် ၂၀၁၂ တွင် ခွဲစိတ်ကုသခဲ့ပြီး အဆိုပါ ပိုက်ပြွန်မှ ဆီးယိုကျသ ဖြင့် ကျောက်တည်သွားခဲ့ခြင်းဖြစ် သည်။
အလွယ်တကူ ဆီးသွားနိုင် ရန် ၂၀၁၂ တွင် ခွဲစိတ်ကုသခဲ့ပြီး အဆိုပါ ပိုက်ပြွန်မှ ဆီးယိုကျသ ဖြင့် ကျောက်တည်သွားခဲ့ခြင်းဖြစ် သည်။
မမေစီသည် ယင်းဝေဒနာ ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင် ခံစားရပြီး တစ်ကြိမ်ခွဲစိတ်ကုသ ခဲ့ဖူးကာ ဘတ်ငွေ ၅၀၀၀ဝခန့် ကုန်ကျခဲ့ဖူးကြောင်း သိရသည်။
အကူအညီ ပေးနိုင်ရေးအ တွက် ထိုင်းနိုင်ငံအခြေစိုက် ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမား များအဖွဲ့ချုပ်(BAT)နှင့် မြန်မာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်း ( FTUM )ထိုင်းရှေ့နေများအ သင်းနှင့် တခြားမြန်မာအလုပ်သ မားအဖွဲ့အစည်းများ ပူးတွဲလုပ် ဆောင်နေကြောင်း သိရသည်။
Yangon Media Group မှ မူရင်းအတိုင်းကူးယူမျှဝေပါသည်။

No comments:
Post a Comment