မန္တလေးဆေးရုံကြီးမှာ ဆေးလာစစ်တဲ့
ဒီသနားစဖွယ် ကလေးငယ်ကို တွေ့ခဲ့တာ
လပိုင်းလောက် ရှိပါပြီ။ ကလေးမှာ ခြေ လက်
မပါတာကလွဲလို့ ကျန်းမာရေးက ပုံမှန်အတိုင်းပါ။ ဒီ သမီးငယ်အကြောင်း
စဉ်းစားမိတိုင်း ရင်လေးမိရပါတယ်။ မိဘတွေက ခင်ဦးမြို့နယ် ထနှောင်းကိုင်းကျေးရွာမှာ နေပါတယ်။
မိခင်နှင့် အဖိုးဖြစ်သူမှာ ငွေကြေးအခက်အခဲ ရှိတာကြောင့် နီးစပ်ရာအလှူငွေ အနည်းအကျဉ်း ကောက်ခံပါသေးတယ်။
နောက်ပိုင်း ရွာပြန်သွားကြောင်း သိရပါတယ်။
ပြည်တွင်းမှာလည်း ဒီလို သနားစရာ ကလေးငယ်များ ရှိနေပါတယ်။ဖုန်း မရှိကြတဲ့အတွက် အဆက်အသွယ်မရှိကြပါ။
လှူဒါန်းထောက်ပံ့လိုသောအလှူရှင်များနှင့်
အကူအညီ လိုအပ်နေသော ကလေးမိဘများ
အဆက်အသွယ်ရစေနိုင်ခြင်းငှာ
share ခြင်းဖြင့် ကူညီကြရအောင်နော်
Credit to မြန်မာပြည်သား
No comments:
Post a Comment