Thursday, August 22, 2013

နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံးပြုနိုင်ပြီ


မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုခွင့် ရရှိနေပြီဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။ ”နိုင်ငံတွေ တော်တော်များနေပါ ပြီ။ အာရှ၊ ဥရောပ၊ အရှေ့ဖျားနိုင်ငံတွေ များပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။ ယင်းသို့ ပြည်ပဖုန်းများ မြန်မာ၌ သုံးစွဲခွင့်ပေးရာတွင် မြန်မာ့ဆက်သွယ် ရေးနှင့် ချိတ်ဆက် လုပ်ကိုင်သည့် ကုမ္ပ ဏီများမှ ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

”ပြောချင်တာက နိုင်ငံငါးဆယ် သုံးစွဲခွင့်ရတယ် ဆိုတာက Roaming ချိတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံ လုံးက ဖုန်း တွေလာသုံး လို့ရတာ မဟုတ်ဘူး။ ဥပမာ စင်ကာပူနိုင်ငံနဲ့ ချိတ်ဆက်ထားရင် စင် ကာပူမှာ အော်ပရေတာ အဖြစ် လုပ်ကိုင် နေတဲ့ ကုမ္ပဏီသုံးခု ထဲက ကုမ္ပဏီ တစ် ခုနဲ့ပဲ ချိတ်ထားတဲ့ပုံစံမျိုးပေါ့။ ကုမ္ပ ဏီတစ်ခုပဲချိတ်ထားရင် ကျန်တဲ့ ကုမ္ပဏီ နှစ်ခုက ဖုန်းတွေ လာသုံးလို့ မရဘူး။ ဒီသဘောပါ”ဟု ၄င်းကရှင်းပြသည်။ အဆိုပါ ဆောင်ရွက်ချက်များကို ၂ဝ၁၂ ခုနှစ်ဆန်းမှ စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျင်းပပြီးစီး ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့ အာရှ)တွင် စတင်သုံးစွဲခွင့်ပေး ခဲ့ခြင်းဖြစ် ကြောင်း၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပ နိုင်ငံများမှ ဖုန်းများသုံးစွဲနိုင်ပြီဖြစ် သော်လည်း မြန်မာဖုန်းများအား ပြည်ပ နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင် မည်မဟုတ်သေးေ ကြာင်း ငွေကြေး ဖြတ် တောက်မှုနှုန်းထားများ ကျန်ရှိနေသည့် အတွက် အသုံးပြုခွင့် မပေးခြင်းဖြစ် ကြောင်း ၄င်းကဆက်ပြောသည်။ ”စမ်းသပ်မှုတွေတော့ ပြုလုပ်နေ ပါတယ်။ ဘယ်အချိန် အသုံးပြုခွင့်ပေး သွားမလဲ ဆိုတာတော့ ခန့်မှန်းလို့ မရ သေးပါဘူး။ ရတာနဲ့ ကြေညာပေးသွား မှာပါ”ဟု ၄င်းက ဆက်ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ယခင်က မြန်မာ့ဖုန်းများ နိုင်ငံ တကာနှင့် အပြန်အလှန်သယ်ဆောင်အ သုံးပြုခွင့်ကို ၂၇ ကြိမ်မြောက် ဆီးဂိမ်း တွင် ဆောင်ရွက် မည်ဟု ပြောဆိုထား မှုများရှိခဲ့သော်လည်း လက်ရှိတွင် Inbound Roaming အဆင့်သာ ရှိပြီး Outbound Roaming မရောက် ရှိသေးကြောင်း သိရသည်။

Popular News

Also Credit to Golden Land Myanmar facebook

No comments:

Post a Comment