မန္တလေးမြို့အထင်ကရဖြစ်သော ကျုံးပတ်လည်တွင် ညအချိန်ဆိုင်ကယ်စီး၍လူငယ်များအုပ်စုလိုက်
အကြောင်းမဲ့ ဓါးခုတ်၊ရိုက်နှက်မှုဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အတွက် မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးမှ အုပ်စုဖွဲ့ရမ်းကားသူများကိုအမြန်ဆုံးဖမ်းဆီးရမိရေးညွှန်ကြားခဲ့သဖြင့် ၎င်းဖြစ်စဉ်များ
နှင့်ပတ်သတ်၍မသင်္ကာ သော ဖတ်တီး(ခ)ချမ်းမြေ့သူ၊ဇော်ထွေးဦးတို့အား ၂၂-၈၂၀၁၃ရက်နေ့
(၁၈:၀၀)အချိန်တွင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူဌာနာတပ်ဖွဲ့ဝင်များမှ သက်သေများ ရှေ့ခေါ်ယူစစ်ဆေးခဲ့ပါသည် ။
ထိုသို့ စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁)လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉)နှစ်(ဘ)ဦးတင်ဦး၊
ထိုသို့ စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁)လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉)နှစ်(ဘ)ဦးတင်ဦး၊
၃၅x၃၆လမ်း၊၈၇x၈၈လမ်းကြား၊ဆီစက်ဝင်း၊မဟာအောင်မြေမြို့နယ်နေသူသည် ၎င်းအပါအ၀င် ဒီးဒီး(ခ)ကျော်ဇင်ဝင်း(၁၈)နှစ်၊(ဘ)ဦးထွန်းအောင် ၃၅x၉၂လမ်းထောင့်၊မဟာအောင်မြေမြို့နယ်၊သက်ဖုန်းခိုင်(၁၅)နှစ်၊(ဘ)ဦးဇော်ဝင်း၊ဘော်လုံးကွင်းသစ်အနီး၊မြို့သစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြို့၊ဇော်ထွေးဦး(၂၀)နှစ်၊(ဘ)ဦးသာဌေး၊၈၈x၈၉လမ်း၊၃၅x၃၆လမ်း၊စတီးဝင်း၊မဟာအောင်မြေမြို့နယ်၊ဇင်ရဲထက်(ခ)မျောက်ကြိး(၁၄)
နှစ်၊(ဘ)ဦးသိန်းဇော်၊ ၆၆လမ်း၊မြပန်းဝါလမ်းနှင့်နှင်းဆီလမ်းကြား၊မြို့သစ်(၁)ရပ်ကွက်၊ ချမ်းပြသာစည်မြို့နယ်၊
အကော(ခ)ထက်ခေါင်းထွန်း(၁၉)နှစ် (ဘ)ဦးထွန်းအောင်၊ ၃၅x၉၂လမ်း မဟာအောင်မြေမြို့နယ်၊ အဖီး(ခ)ကျော်သီဟထွန်း (၁၅)နှစ် (ဘ)ဦးမြင့်ခိုင်၊ ၃၄x၃၅လမ်း၊၈၆x၈၇လမ်းကြား၊အောင်နန်းအနောက်ရပ်
အကော(ခ)ထက်ခေါင်းထွန်း(၁၉)နှစ် (ဘ)ဦးထွန်းအောင်၊ ၃၅x၉၂လမ်း မဟာအောင်မြေမြို့နယ်၊ အဖီး(ခ)ကျော်သီဟထွန်း (၁၅)နှစ် (ဘ)ဦးမြင့်ခိုင်၊ ၃၄x၃၅လမ်း၊၈၆x၈၇လမ်းကြား၊အောင်နန်းအနောက်ရပ်
ကွက်၊ချမ်းအေးသာစံမြို့နယ်တို့သည် မန္တလးကျုံးမြောက်ဘက် တိရိစ္ဆာန်ရုံရှေ့တွင်စည်သူအောင်
ဆိုသူအား ဓါးဖြင့်ခုတ်ခဲ့ကြောင်း ၊ ၁၄-၇-၂၀၁၃နေ့ လမ်း ၈၀၊ ၉x၁၀လမ်းကြားတွင် စိုင်းသီဟနှင့်အောင်ကို
လွင်တို့အားလည်းကောင်း၊ ၂၇-၇-၂၀၁၃ ရက်နေ့ လမ်း၈၀၊၁၄x၁၅လမ်းကြား၊ မျိုးသူရဦးသူတို့အား အကြောင်းမဲ့ ဓါးဖြင့်ခုတ်ခဲ့ကြောင်း ၊ ယခုကဲ့သို့အုပ်စုဖွဲ့၍ဓါးခုတ်ရမ်းကားခြင်းကို ၎င်းတို့အဖွဲ့အနေဖြင့် (၆)ကြိမ်ခန့်ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည် ။
ယခုကဲ့သို့အုပ်စုဖွဲ့ရမ်းကားသူ ဖက်တီးပါ(၁၀)ဦးအား အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၁၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ အမှတ်(၈)မြို့မရဲစခန်း(ပ) ၁၂၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆အရ ထိရောက်ဟန့်တားသော
ပြစ်ဒဏ်များရရှိအောင် အမှုခိုင်မာစွာတရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ကွင်းဆက်တရားခံများ
ဆက်လက်ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မန္တလေးမြို့ပေါ်ရှိပြည်သူများ

အထိတ်အလန့်ဖြစ်စေသော အုပ်စုဖွဲ့ရမ်းကားမှုများပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားမှာ
ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိပါသည် ။
Credit to News Of Myanmar (facebook)
No comments:
Post a Comment