Monday, August 19, 2013

၅၅ ပေရှည်တဲ့ဆံပင်ပိုင်ရှင်





အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ်က Asha Mandela ဆိုတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဘတ်စ်ကားတစ်စီးထက်တောင်ရှည်တဲ့ဆံပင်တွေကိုပိုင်ဆိုင်ထားတာပါ။ သူမကပြောပါတယ် ဆံ
ပင်တွေက သူမဘ၀ပါပဲ၊ ဆံပင်တွေဟာသူမရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်၊ ကျွန်မဘယ်တော့မှဒီဆံ
ပင်တွေကိုဖြတ်ပစ်မှာ မဟုတ်ဘူးလို့ပြောပါတယ်။

ဆရာဝန်က သူမရဲ့ဆံပင်တွေဟာ ၃ စတုန်တောင်ရှိတာမို့လို့ အဆင်မသင့်ရင်အဲဒီအလေးချိန်ကြောင့်
အကြောသေတာ ၊ သွက်ချာပါဒလိုမျိုးဖြစ်တာတွေ ဖြစ်လာနိုင်တယ်လို့တော့သတိပေးထားပါတယ်။
ဒါပေမယ့် Asha ကတော့ ဘယ်လိုပဲပြောပြောမဖြတ်ပစ်နိုင်ဘူး ၊ ဒီဆံပင်တွေကိုဖြတ်လိုက်ရရင် ကျွန်မ
ဟာရှင်လျက်နဲ့သေတဲ့သူလို (ဇွန်ဘီနဲ့တူသည်) ဖြစ်သွားလိမ့်မယ် လို့ပြောပါတယ်။

ဘာပဲပြောပြောလက်ရှိအချိန်မှာတော့ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှာတော့ ကမ္ဘာ့အရှည်ဆုံး ကျစ်ဆံမြီးသေးသေးလေးတွေကျစ်ထားတဲ့ဆံပင်ပိုင်ရှင်အဖြစ် ဗိုလ်စွဲထားလျက်ရှိကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။

*Silver*

Ref : dailymail.co.uk


No comments:

Post a Comment