Saturday, August 31, 2013

ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံးသင်္ဘောကြီး


အထက်ပုံမှာမြင်ရတဲ့အတိုင်း The MS Tûranor PlanetSolar သင်္ဘောကြီးဟာ ၅၁၂ စတုရန်းမီတာကျယ်
ပြီး အလင်းရောင်လျှပ်စစ်ဓါတ်ပြုဆဲလ် များပါဝင်ဖွဲ့စည်းထားတဲ့ နေရောင်ခြည်စွမ်းအင်ချပ်ပြား  ၈၀၉ ပြား
သို့မဟုတ် အလင်းလျှပ်စစ်ဓါတ်ပြုဆဲလ်ပေါင်း ၂၉၁၂၄ ဆဲလ်နဲ့ပြုလုပ်ထားပါတယ်။

ဒါ့အပြင်    စီးပွားရေးအရတွက်ချေကိုက်တဲ့ ဒီနေရောင်ခြည်စွမ်းအင်သုံးသင်္ဘောကြီးဟာ အမေရိကန်ပြည်
ထောင်စု၊ ဖလော်ရီဒါပြည်နယ်ကမ်းခြေ ကနေ အတ္တလန်တိတ်သမုဒ္ဒရာ   ကို ဖြတ်လို့ နောက်ဆုံးပန်းတိုင်
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာနောက်ဆုံးဆိုက်ရောက်ခဲ့ပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာ ဖြတ်သန်းချိန်ဟာ
နောက်ဆုံး ၂၂ ရက်ထိပဲကြာမြင့်ခဲ့တာမို့ ရှေ့ကအလားတူ အတ္တလန်တိတ်သမုဒ္ဒရာ    ဖြတ်သန်းခဲ့တဲ့ နေ
ရောင်ခြည်စွမ်းအင်သုံးသင်္ဘောရဲ့ ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ၂၆ ရက်စံချိန်ကိုချိုးဖျက်   နိုင်ပြီးစံချိန်သစ်
လည်းတင်နိုင်ခဲ့ပါတယ်။



ဒါဟာဆိုရင် ပထမဆုံးအကြိမ် ကိုယ်ထည်နှစ်ခုတွဲပုံစံသင်္ဘောများရဲ့ သမုဒ္ဒရာဖြတ်ကျော်ခြင်းလည်းဖြစ်ပြီး
မနက်ဖြန်မှာ Canary ဆိပ်မှာလာမည့် စက်တင်ဘာ ၂ ရက်နေ့အထိလိုအပ်တဲ့ပြင်ဆင်မှု  များပြုလုပ်ရန်
အတွက်လွန်းတင်မှာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ဂျီနီဗာတက္ကသိုလ်အတွက်သုတေသနယာဉ် လည်းဖြစ်ပါ
တယ်။

သင်္ဘောမှာတပ်ဆင်ထားတဲ့ဆိုလာပြားတွေဟာဆိုရင်နေအသာဆုံးအချိန်မှာ ၄၈၀ ကီလိုဝပ်ထုတ်လုပ်ပေး
နိုင်ပါတယ်။ အမြန်ဆုံးအရှိန်နှုန်းကတော့ တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်းမောင်းနှင်နိုင်ပါတယ်။ သိပ္ပံပညာ
ရှင်များအပါအ၀င် အဖွဲ့သား ၉ ဦးအထက်လိုက်ပါနိုင်တယ်။ စက်တင်ဘာ ၂ ရက်လွန်းတင်ခြင်းကိစ္စပြီးဆုံး
ရင်တော့ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ပြင်သစ်နိုင်ငံ ပဲရစ် မြို့ကိုဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့
တင်ပြလိုက်ရပါတယ်ခင်ဗျား။

မှတ်ချက် ။         ။ သင်္ဘောဒီဇိုင်နာကတော့နယူးဇီလန်နိုင်ငံ မှ Craig Loomes ဖြစ်ပြီး သူဟာလပေါင်း
များစွာအချိန်ပေးရေးဆွဲခဲ့ရတယ်လို့သိရပါတယ်။ သင်္ဘောကိုယ်ထည်ကိုတော့ အလွန်မာကျောခိုင်ခန့်
ပြီးအလေးချိန်ပေါ့ပါးတဲ့ ကာဗွန်ဖိုင်ဘာ နဲ့ပြုလုပ်ထားတယ်လို့သိရှိရပါတယ်ခင်ဗျား။

Photos & News from The Daily Mail 

No comments:

Post a Comment