Saturday, August 31, 2013

သိင်္ဂါလသုတ္တန်လာ လောကကျင့်ဝတ်နီတိများ


မိဘ၀တ္တရား (၅)ပါး
၁။ မကောင်းမှုမှတားမြစ်ခြင်း
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း
၃။ အတတ်ပညာကို သင်စေခြင်း
၎။ လျှောက်ပတ်သော သူနှင့်ထိန်းများလက်ထပ်ပေးခြင်း
၅။ လျှောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းပေးခြင်း
ဆောင်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျင် ၀တ်ငါးအင် ဖခင်မယ်တို့တာ။

သားသမီးဝတ္တရား (၅)ပါး
၁။ မိဘတို့ကိုပြန်၍ ပြုစုလုပ်ကျွေး မွေးမြူခြင်း
၂။ မိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးခြင်း
၃။ မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့်အမျိုးအနွယ်ကို တည်စေခြင်း
၎။ အမွေခံထိုက်အောင် ကျင့်ကြံလိုက်နာခြင်း
၅။ ကွဲကွာသေလွန်သော မိဘတို့၏အလို့ငှါ အလှူဒါနပြုလုပ်ပေးခြင်း
ဆောင်။ ။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ။

ဆရာ့ဝတ္တရား (၅)ပါး
၁။ ကောင်းစွာဆုံးမသင့်သော အရာကို ဆုံးမခြင်း
၂။ ကောင်းစွာသင်သင့်သော အရာကို သင်စေခြင်း
၃။ အလုံးစုံသော အတတ်ကို ပြောကြားသင်ကြားခြင်း
၎။ ကောင်းသောအဆွေခင်ပွန်းတို့ အထံ၌ အပ်နှံခြင်း
၅။ ခတ်သိမ်းသောအရာတို့၌ အစောင့်အရှောက်ကို ပြုခြင်း
ဆောင်။ ။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးတား၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

တပည့်ဝတ္တရား (၅)ပါး
၁။ နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း
၂။ ဆည်းကပ်ခစားခြင်း
၃။ စကားကို နာယူခြင်း
၎။ အရိုအသေလုပ်ကျွေးခြင်း
၅။ အတတ်ပညာကို ရိုသေစွာသင်ကြားလေ့ကျက်ခြင်း
ဆောင်။ ။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီးလုပ်ကျွေး၊ သင်ထွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

လင့်ဝတ္တရား (၅)ပါး
၁။ အမြတ်တနိုး ခေါ်ဆိုခြင်း
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်း
၃။ မိမိမယားတပါး အခြားမိန်းမတို့နှင့် မပျော်ပါးခြင်း
၎။ စားဖိုဆောင် အုပ်စိုးမှုကို လွဲအပ်ခြင်း
၅။ အ၀တ်တန်ဆာ ဆင်ပေးခြင်း

မယားဝတ္တရား (၅)ပါး
၁။ အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း
၂။ နှစ်ဘက်သော ဆွေမျိုးများအား ချီးမြှောက်ခြင်း
၃။ မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မပျော်ပါးခြင်း
၎။ ရှာဖွေစုစောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းမှကင်းခြင်း

ဆောင်။ ။ အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာရှောင်ကျဉ်၊ လျှော်အောင်ဖြန့် ချီ၊ ပျင်းရိမမူ ဤငါးခု။

အဆွေခင်ပွန်းဝတ္တရား (၅)ပါး
၁။ ပေကမ်းစွန်ကြဲခြင်း
၂။ ချစ်ဖွယ်သောစကားကိုဆိုခြင်း
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း
၎။ မိမိနှင့်ထပ်တူညီမျှ ဆက်ဆံခြင်း
၅။ မချွတ်မယွင်း ပြောဆိုပေးကမ်းခြင်း

အရှင်သခင်ဝတ္တရား (၅)ပါး
၁။ ခွန်းအားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်း
၂။ ထမင်းရိက္ခာပေးခြင်း
၃။ မကျမ်းမာသောအခါ ပြုစုစောင့်ရှောက်ပေးခြင်း
၎။ ထူးဆန်းသော အရာသာများကို ခွဲဝေပေးခြင်း
၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း

အလုပ်သမားဝတ္တရား (၅)ပါး
၁။ အရှင်၏ရှေးဦးစွာ အိပ်ရာမှထခြင်း
၂။ အရှင်အိပ်သည့် နောက်မှ အိပ်လေ့ရှိခြင်း
၃။ ပေးသည်ကိုသာ ယူလေ့ရှိခြင်း
၎။ အမှုကိစ္စကို ကောင်းစွာပြုလုပ်ပေးခြင်း
၅။ အရှင်၏ဂုဏ်သတင်းကို ဆောင်ခြင်း

ရဟန်းဝတ္တရား (၆)ပါး
၁။ မကောင်းမှုမှတားမြစ်ခြင်း
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ခြင်း
၎။ မကြားဖူးသေးသော တရားစကားကို ဟောကြားခြင်း
၅။ ကြားဖူးပြီးသော တရားစကားကို ထပ်မံဟောကြားခြင်း
၆။ နတ်ပြည်ခရီးကို ပြောကြားခြင်း
ဆောင်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေချာ။

ဒါယကာဝတ္တရား (၅)ပါး
၁။ မေတ္တာနှင့် ယှဉ်သောကာယကံမှု ပြုခြင်း
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှု ပြုခြင်း
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှု ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်၍ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ဖိတ်ကြားခြင်း)
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်း
ဆောင်။ ။ မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ ကျင့်လေဒါယကာ။

ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည် ဖေ့ဘုတ်စာမျက်နှာမှကူးယူမျှဝေပါသည်




No comments:

Post a Comment