မုံရွာမြို့ကအကြောင်းလေးတွေ
ဇူလိုင် ၁၈၊ ၂၀၁၃
မူးယစ်ဆေး လူငယ် ၊အုပ်စုဖွဲ့  ရိုက်နှက်မှုများ ၊လျော့ ရဲရဲ မုံရွာရဲများ နှင့် တရားသူကြီးများ ကို ဝေဖန်သူများလာ
မုံရွာမြို့ ပေါ်ရှိလမ်းများ ပေါ်တွင် ညပိုင်း အချိန်များအတွင်း အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဆက်တိုက်နီးပါးဖြစ်ပွား
ကာ အဆိုပါရိုက်ပွဲများသည် ဆေးစွဲလူငယ်များ အများအပြား ပါဝင်ကာ အပြစ်မဲ့  များစွာ အရိုက်ခံရပြီး
တရားဥပဒေကင်းမဲ့ သလို မင်းမဲ့ စရိုက်ဆန်ဆန် ရမ်းကားမှုများ အတွက် မုံရွာဒေသခံများ ပူပင်လျက်၇ှိကြောင်း
သိရသည်။
“အုပ်စုဖွဲ့ ရမ်းကား ပြီး မုံရွာမြို့ ပေါ်မှာ ဂိုဏ်းဖွဲ့ သလိုလို လျှောက်သွားနေသူတွေ လူငယ်တွေများတယ်။
ဆေးစွဲ လူငယ်တွေ လည်း ပါတယ်။မိန်းကလေး ကိစ္စ ကြောင့်  ရိုက်တာတွေ ပါတယ်။ရိုက်နှက်ပြီး
တရားခံ မပေါ်တော့ တာများတယ်။ရဲက လည်း မပေါ်မှာကို သေမှုသေခင်းဖွင့်တာများတယ်။
မင်္ဂလာကုန်း၇ွာ အဖွားကြီး မီးရှို့  အသတ်ခံရတာ မပေါ်ဘူး။ကျောက်ကာလမ်းမပေါ်မှာ စီးပွားရေးတက္ကသိုလ်
က ဝန်ထမ်းတစ်ယောက်ရဲ အမျိုး ဆိုင်ကယ်စီးရင်း အုပ်စုလိုက် ဝိုင်းရိုက်တာ
မပေါ်သေးဘူး။မုံ၇ွာမြို့ ထဲ လမ်းတွေမှာ ညတိုင်းနီးပါးရိုက်ပွဲတွေ
ဖြစ်နေတယ်။ရဲ က အကြောင်းကြားလည်း အချိန်မီရောက်မလာဘူး။
မဖမ်းဘူး။ ရိုက်တဲ့ သူပေါ်ရင် လည်း ငွေယူပြီး အာမခံနဲ့  ပြန်ထုတ်တယ်။ကျေအေး အောင်ညှိုခိုင်းတယ်။
ရိုက်တဲ့  သူတွေ က ငွေပေးရင် အာမခံ ရတယ်။ပြန်လွတ်တယ်။ဆိုတော့  ထပ်ရိုက်တယ်။ မပေါ်ရင် အေးဆေး
ပေါ့။မုံရွာမြို့  က အေးဆေးနေသူတွေ ထိတ်လန့် နေကြတယ်။မနှစ်က ဆည်မြောင်းလမ်းပေါ် မှာ အရိုက်ခံရတဲ့ 
ဘုန်းစိုး က ကလေးသေသွားတယ်။ရိုက်တဲ့ ကလေးတွေမှာ ပဲခူးတိုင်းက တရားသူကြီး တစ်ယောက်
သား ပါလို့  လူသတ်မှု က ၆ လထဲ ကျတယ်။တရားဥပဒေ က ရင်နာစရာပဲ။မုံရွာ
တာရိုးမှာ တောင်ကြည့်ပွဲလုပ်တဲ့  သူ ကို ထောင် ၁နှစ် ချတယ်။လူရိုက်သတ်တော့ 
၆ လ တဲ့ ။လမ်းလျှောက်မလား…
လူရိုက်မလား….။မုံရွာ က တရားသူကြီးတွေ လာဘ်စား ပြီး ချယ်လှယ်နေတယ်။မိဘတွေ က လည်း
ကိုယ့် သားသမီး ကို လွတ်အောင် လာဘ်ပေးတယ်။ရဲရော တရားသူကြီးရော အလုပ်မလုပ်ဘူး။
တိုင်းမှူး ဘဝနဲ့  မုံရွာကို ရောက်စ က နာမည်ကြီးတဲ့  ဦးသာအေး က ချဲ ကို မုန်းလွန်းလို့ 
အမြင့် ဆုံးပစ်ဒဏ် ထိုးသား တစ်နှစ် ဒိုင် ၃ နှစ် ချ ခဲ့ တယ်။အခု လူရိုက်သတ်နေတာ တွေ ကို
ဝန်ကြီးချုပ် သတိပြုမိစေချင်တယ်။ဟိုတလောက အီကို ကျောင်းသား ၉ ယောက် တုတ်တွေ နဲ့ 
လိုက်ရိုက်တယ်။ဘုန်းစိုး ထဲ မှာ ဘောပွဲ ပြန်လာတဲ့  ကလေး တစ်ယောက်
အုပ်စုလိုက် ဝိုင်းရိုက် ဓားနဲ့  လက်ကို ထိုး တယ်။လူရိုက်မှု တွေ
အများကြီးပဲ။ ရဲရော တရားသူကြီး ရော အလုပ်လုပ်ဖို့  လိုနေပြီ။
ဆန္ဒပြတဲ့  သူပဲ ထောင်များများချဖို့  လုပ်နေကြတယ်။လူမိုက်တွေ ကို လာဘ်ယူပြီး လွှတ်ပေးနေတယ်။”
မုံရွာမြို့  ဘုရားကြီး ရပ်ကွက်မှ ကို ပေါက်စ က ရှင်းပြသည်။
No comments:
Post a Comment