မြိတ်၊ ဇူလိုင် ၁၇ ရက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကွမ်းတောင်ကျွန်း အနောက်တောင်ဘက် ပင်လယ်ပြင်ရေအောက်အနက် ခုနှစ်လံခန့်ရှိမှ ရှေးဟောင်းပစ္စည်းဟုယူဆရသည့်ကြေးဖိနပ်ကြီး
တစ်ဘက်ကို ရေလုပ်သားတစ်ဦးဖြစ်သူ အလယ်ကျွန်းနယ်မြေ အလယ်ကျွန်းရပ်ကွက် ပန်းယားဝပ်ရှော့လမ်းနေ ဦးငွေစိုး (၄၈ နှစ်) ပါသုံးဦးသည် ဇူလိုင် ၆ ရက်မွန်းလွဲ ၂ နာရီကငါးမျှားတန်း
လှေငယ်ဖြင့် ငါးဖမ်းယူနေစဉ် ဖိနပ်တစ်ဖက် ငါးမျှားချိတ်တွင် ချိန်လျက်ပါကြောင်း သိရသည်။
အဆိုပါကြေးဖိနပ်ကြီးသည် အလေးချိန်လေးပိဿာ ၂၀ ကျပ်သားရှိပြီး အရှည် ၁၃ လက်မနှင့် အကျယ် ငါးလက်မရှိကာ ဖိနပ်ပတ်လည်တွင် ဘဲဥပုံအပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဖက်တစ်
ချက်တွင် အပေါက်ကြီး နှစ်ပေါက်ပါရှိသည်။ ဖိနပ်၏ဘေးတစ်ဖက်တွင် C,F,HeINKE,S စာတန်းနှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့်စာတန်းများပါရှိသည်။
ရှေးဟောင်း ကြေးဖိနပ်ကြီးဟု ယူဆရသော ကြေးဖိနပ်ကြီးတစ်ဖက်ကို လက်ရှိပိုင်ရှင် ဦးငွေစိုးထံတွင် သိမ်းဆည်းထားကြောင်းနှင့် အဆိုပါ ကြေးဖိနပ်ကြီးကို စိတ်ပါဝင်စားသူများကနေ့စဉ်လာ
ရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
မိုးဟိန်း (မြိတ်)
မြန်မာ့အလင်းသတင်းစာ-၁၈/၇/၂၀၁၃ မှ

No comments:
Post a Comment