![]() |
စဥ့်ကိုင်မြို့နယ် ပလိပ်မြို့တွင် တရုတ်သို့ ပို့ဆောင်ရန် စုဆောင်းထားသော ခွေးများအား တွေ့ရစဉ် |
ခွေးဂိုဒေါင်မှ ခွေးများကို ဇူလိုင် ၂၄ ရက်က တစ်ကောင် ကျပ် ၇၀၀၀ နှုန်းဖြင့် အကောင် ၆၀ ၀ယ်ယူ၍ ပခုက္ကူရှိ မေတ္တာစိမ့်စမ်း ဘေးမဲ့ခြံသို့ ပို့ဆောင်ကာ ပြုစုစောင့်ရှောက်ထားရှိပြီ
ယခုကဲ့သို့ ဖမ်းဆီး သိုလှောင်ထားခြင်းနှင့် ပတ်သက်၍ မည်သည့်ခွင့်ပြုချက်များဖြင
''ကျွန်မအိမ်မှာမွေးထားတဲ့ ခွေးလေး ပျောက်သွားတော့ အရပ်ထဲကလူတွေ အပြောအရ ခွေးဂိုဒေါင်ကို ရောက်သွားတာပါ။ ဟိုကိုရောက်တော့ မှောင်မဲနေတဲ့ ခြံထဲမှာ လှောင်ထားတဲ့ခွေးတွေ အများကြီးထဲကမှ ကျွန်မခွေးကိုရှာပြီး ရွေးယူခဲ့ရတယ်။
ခွေးတွေအားလုံးရဲ့ ခေါင်းမှာလည်း အရိုက်ခံထားတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ကျွန်မခွေးပြန် ရပေမယ့်လည်း နောက် ထပ်ကျန်ခဲ့တဲ့ ခွေးတွေ ကယ်တင်ချင်လို့ သူတို့နဲ့ ဈေးညှိတဲ့အခါ တစ်ကောင် ကျပ် ၇၀၀၀ နဲ့တည့်ပါတယ်။
အခုတော့ အကောင် ၆၀ ကယ်ထုတ် ပြီးပါပြီ။ နောက်ထပ် ကယ်ထုတ်ဝယ်ယူဖို့ ငွေရှိပေမယ့် တစ်လျောက် လုံး ကျွေးမွေးစောင့်ရှောက်ဖို့ ငွေလိုအပ်တဲ့အတွက် အွန်လိုင်းကနေ တိရစ္ဆာန် ချစ်သူတွေချင်း ချိတ်ဆက် အလှူခံနေပါတယ်'' ဟု မန္တလေးမြို့မှ ဒေါ်စောယုအေးက ဆိုသည်။
ခွေးများအား မန္တလေး-မူဆယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ ရောင်းချရာတွင် တစ်ကောင်ကို ကျပ် ၁၅၀၀၀ နှင့် ကျပ် ၂၀၀၀၀ ဈေး ရရှိကြောင်း၊ မြို့နယ်များအား ဖြတ်သန်းမောင်းနှင်ရာ၌ သက်ဆိုင် ရာ ဒေသများ၏ ဖြတ်သန်းခွင့်ပြုချက်ဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဂိတ်မှ တရုတ်ပြည်သို့ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွင့်ပြုချက်ယူ ကာ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့တွင် စုဆောင်းထားရှိပြီး တင်ပို့လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများ အပေါ် သက်ဆိုင်ရာ ဌာနများအား အသိပေး အကြောင်းကြား၍ စိစစ်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး သိုလှောင်ထားခြင်းနှင့် ပတ်သက်၍ မည်သည့်ခွင့်ပြု ချက်များဖြင့် ပြုလုပ်ထားခြင်းများကို စုံစမ်းကာ ခွေးများအား ဖမ်းဆီးရာတွင် ရိုက်နှက်ဖမ်းဆီးခြင်း၊ အခန်းကျဉ်းထဲ သိုလှောင် ထားရှိခြင်းများအား တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment