အစိုးရက ၂၀၁၄ ဧပြီလမှစ၍ စက်မှုဇုန်များကို မီးမပေးတော့ဟုဆို
ရန်ကုန်-
စက်မှုဇုန်များကို ၂၀၁၄ ဧပြီလမှစတင်၍ အစိုးရက လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးမှုကို ရပ်ဆိုင်းမည်ဖြစ်သောကြောင့် ဇုန်အလိုက် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားထုတ်ယူရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
“ဘယ်ကုမ္ပဏီနဲ့ ပေါင်းပြီး လျှပ် စစ်ထုတ်မယ်ဆိုတာကို ဇူလိုင် ၃၁ ရက်
နောက်ဆုံးထားပြီး အစိုးရကို တင်ပြရမယ်လို့ စာပို့ထားတယ်” ဟု
လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဇူလိုင် ၂၇
ရက်တွင် ပြော ကြားသည်။ အဆိုပါ အကြောင်း ကြားစာကို ယခုရက်ပိုင်းအတွင်း
အစိုးရကပေးပို့ခဲ့သည်ဟု ဆိုသည်။
“လျှပ်စစ်ဓာတ်အားမရလို့ အက်ဖ်အိုဆီ၊ ဒီဇယ်ဆီတို့နဲ့ လည်ရ ရင်ထုတ်ကုန်တွေက
ဈေးနှုန်းတက်မယ်။ ကုန်ဈေးနှုန်းကြီးရင် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအတွက်
အတားအဆီးဖြစ်မှာ စိုးရိမ်ရတယ်” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က
အစိုးရစက်မှုဇုန်များသို့ လျှပ်စစ်ပေး ဝေမှုရပ်ဆိုင်းပြီး
ကိုယ်ပိုင်အစီအစဉ်ဖြင့် မီးရယူပါက ဖြစ်နိုင်ခြေကိုပြောသည်။
“ပုဂ္ဂလိကအဖွဲ့တွေက ထုတ်ရင်တော့ တစ်ယူနစ်ကို ၂၀၀ ကျပ်ကနေ ၂၅၀ ကျပ်ကြား
ကုန်မယ်လို့ အကြမ်းဖျင်းမှန်းထားကြတယ်”ဟု လှိုင်သာယာစက်မှုဇုန်မှ
ကြာဆံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စက်မှုဇုန်များတွင် ပုဂ္ဂလိက အဖွဲ့များက လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးမှုမှာ
နိုင်ငံတကာတွင်လည်း ရှိကြောင်း သိရသည်။ လွတ်လပ်သည့်
လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးအဖွဲ့များကို ဖွဲ့ပြီး စက်မှုဇုန်ကို ဈေးနှုန်းတစ်မျိုးဖြင့် ပြန်ဖြန့်ဝေပေးနေမှုများ အိမ်နီးချင်းနိုင်ငံများတွင်လည်း
ရှိကြောင်း မြန်မာနိုင်ငံစိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်
ရောင်းချသူများအသင်းမှ အထွေ ထွေ အတွင်းရေးမှူး ဦးဝေဖြိုးက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိကကဏ္ဍမှ ဖြန့်ဝေပေးပါက စက်ရုံ၊
အလုပ်ရုံများလိုအပ်သည့် ဓာတ်အား အပြည့်အ၀ရရှိသဖြင့် တစ် ယူနစ်အတွက်
ကုန်ကျစရိတ်တန်ဖိုးကြီးသော်လည်း လုပ်ငန်းတွင်ကျယ်သဖြင့် လုပ်ငန်းရှင်များက ပိုမိုနှစ်သက်ကြောင်း သတင်းရရှိသည်။
လျှပ်စစ်ဓာတ်အားကို တစ်ပြည်လုံး လုံလုံလောက်လောက်မပေးနိုင်မီ
စက်မှုဇုန်များ၌ ကိုယ် ပိုင်အစီအစဉ်ဖြင့် လျှပ်စစ်ရရှိအောင် ဆောင်ရွက်မှုမှာ
ပိုအဆင်ပြေနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး
ဦးဉာဏ်ထွန်းဦးက ဆိုသည်။
Credit to 7Day News Journal
No comments:
Post a Comment